သူငယ်ချင်းအပေါင်းပျော်ရွှင်ကြပါစေ

Tuesday, August 14, 2012

ခုခေတ်လူငယ်များသိစေဖို့ရာ

ခုခေတ်ကအိုင်တီခေတ်ကြီးဖြစ်သလိုဘယ်အရာမဆိုပညာရေးနဲ့ထိုးဖောက်ဖို့ခေတ်ကာလဖြစ်လာကြပါပြီ။ ဒါကြောင့် ပညာရေးကို မိဘတွေကဘက်ကလည်းအားပေးဖို့လိုလာသလိုသားသမီးတွေဘက်ကလည်းလိုလိုလားလားနဲ့သင်ယူဖို့ ခေတ်ဖြစ်လာပါပြီ။ပိုက်ဆံရှိ၇င်ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့စကားက 100% မမှန်ဘူးလို့ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံရှိပေမယ့် ပညာမတတ်တော့အခက်အခဲဖြစ်တဲ့လူတွေအများကြီးမြင်ဘူးပါတယ်။ ဥပမာတစ်ခုပြောပြရရင် လူတစ်ယောက်ပါသူကပိုက်ဆံအရမ်းရှိတယ်လေ။တစ်နေ့သူကဖုန်းဝယ်တယ် ဒါပေမယ့်သူကအင်္ဂလိပ်စာမဖတ်တတ်ဘူးလေအဲ့တော့သူ့မှာအခက်အခဲရှိတာပေါ့။ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာတောင် ကိုယ်ကမလုပ်တ်မဖတ်တတ်တော့သူများအမြဲအားကိုးနေကတော့တစ်ချို့လူတွေကကဲ့ရဲ့တဲ့အခါတွေလည်းရျိတာပေါ့ ဒီလိုပြောပြတာကသူ့ကိုကဲ့ရဲ့ချင်လို့မဟုတ်ပါဘူးး။ပညာမတတ်ရင်ဘယ်လိုအခက်အခဲဖြစ်တယ်ဆိုတာလေးကိုသိစေချင်လို့ပြောပြ ရခြင်းဖြစ်ပါတယ်။ ဒါကြောင့်ခုခေတ်မှာ မိမိတို့က တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးပြီးဆိုတာနဲ့မိမိတို့ဘ၀က လောကကြီးကိုရင်ဆိုင် ဖို့အရွယ်စတင်ရောက်လာပါပြီ။ ဒါကြောင့်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးပြီဆိုတာနဲ့ ကွန်ပြူတာ / excel/photoshop/ DTP/...etc ဒါကကွန်ပြူတာပိုင်းနဲ့ပတ်သတ်လို့ပါအများကြီးထဲကမှမိမိတို့အမှန်တကယ်စိတ်ဝင်စားရာအားသန်ရာတစ်ခုခုကိုပရော်ဖက်ရှင်နယ်ဖြစ်အောင် လေ့လာသင့်ပါတယ်။ပိုက်ဆံတတ်နိုင်လို့အကုန်လုံးကိုတတ်ထားရင်တော့အကောင်းဆုံးပေါ့။မိမိတို့ကပိုက်ဆံမတတ်နိုင်လို့တစ်ခု လောက်ကိုတတ်ရင်လည်းအမှန်တကယ်ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ဘယ်အရာကိုမဆိုမိမိလုပ်တဲ့အရာကို ထိပ်ဆုံးကိုရောက်အောင်ကြိုးစားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားရင်ဘာမဆိုဘယ်အရာမဆိုအောင်ြမင်မှာအမှန်ပါ။ နောက်လေ့လာစရာတွေကတော့ LCCI စာရင်းကိုင်ပညာပါ'ဒါကလည်းတကယ်လုပ်ငန်းခွက်ဝင်မယ်ဆိုရင်မရှိမဖြစ် တတ်ထားကမယ့် သင်တန်းတစ်ခုပါပဲ။နောက် ပြီးအင်္ဂလိပ်စာ 4skills / နောက် မိမိတို့ကထပ်လေ့လာချင်တယ် ပညာတကယ်လိုချင်တယ်ဆိုရင်တော့တရုတ်ဘာသာစကား/ဂျပန်/ကိုရီးယားစသဖြင့်လေ့လာစရာတွေများပါတယ်။ အဲ့ထဲကမှအဓိကကျတဲ့ဘာသာစကားလေ့လာမယ်ဆိုရင်တော့အင်္ဂလိပ်နဲ့တရုတ်ကို လေ့လာစေချင်ပါတယ်။ အင်္ဂလိပ်စာကတော့နိုင်ငံတကာသုံးဘာသာစကားမို့မဖြစ်မနေတတ်ထားသင့်ပါတယ်။တရုတ်ဘာသာစကားကတော့ခုတရုတ်တွေရဲ့ စီးပွားရေးကအလွန်ကျယ့်ပြန့်လာတာနဲ့အမျှနောက်မြန်မာပြည်နဲ့တရုတ်ဆက်စပ်တဲ့ရုံးတွေဖွင့်ရင်စကားပြန်အမြော်ကအမြားလိုအပ် လာနိုင်ပါတယ်။ဒါဆိုရင် မိမိတို့တတ်ထားတဲ့ဘာသာစကားကအသုံးဝင်လာနိုင်ပါတယ်။ဒါကြောင့် ခုခေတ်လူငယ်တွေကအချိန်ကို တန်ဖိုးဖိုးရှိရှိအသုံးချဖို့အရေးကြီးပါတယ်။ ခုခေတ်ဆိုမိမိတို့သိချင်တဲ့အကြောင်းပညာတွေက်ုလည်းအင်တာနက်ကနေတစ်ဆင့်လေ့လာနိုင်တဲ့ခေတ်ကြီးမို့ ခုခေတ်လူငယ်တွေအတွက်များစွာအဆင်ပြေပါတယ်။ လူငယ်တွေ ပညာရေးတိုးတက်ကြပါစေ