သူငယ်ချင်းအပေါင်းပျော်ရွှင်ကြပါစေ
Showing posts with label အလှအပကဏ္ဍ. Show all posts
Showing posts with label အလှအပကဏ္ဍ. Show all posts
Saturday, August 25, 2012
သဘာဝပစ္စည်းများနဲ့ home masks လေးတွေပါ
မီးဖိုချောင်းသုံးပစ္စည်းတွေနဲ့ အလွယ်တကူ ပြုလုပ်နိုင်သလို အချိန်ကုန်သက်သာ ငွေကုန်သက်သာစေတဲ့ မျက်နှာပေါင်းတင်နည်းလေးတွေဖော်ပြပေးလိုက်ရပါတယ်ရှင်။ ဒီနည်းအတိုင်း 10 ရက်ဆက်တိုက်ပြုလုပ်မယ်ဆိုရင် မျက်နှာအသားအရေဟာအရင်ကနဲ့မတူပဲထူးထူးခြားခြားဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်။ စမ်းကြည့်လိုက်ပါနော်။
 ကဲလုပ်နည်းလေးတွေကတော့
 1.  သံပုရာရည်နဲ့ ပျားရည်ကို မနည်းမများရောပြီးးမျက်နှာပေါ်ကို 15 မိနစ် ခန့်နေ့စဉ်ပုံမှန် လူးပေးပါ။
 2.  သခွားသီးဟာအသားအရေကိုအေးမြစေတဲ့အတွက် အသားအရေလှပမှုအတွက် အထောက်အပံ့တစ်ခုပါပဲ။ ပထမဆုံးသခွားသီးကို ပါပါးလေးတွေလှီး ပြီးရင်အရည်လေးတွေညှစ်ထုတ်ပစ်။ထွက်လာတဲ့သခွားသီးအရည်ကို မျက်နှာမှာလူးပြီးညအိပ်ပါ။ မနက်မိုးလင်းရင်မျက်နှာဟာနူးညံ့ပြီးချောမောတောက်ပြောင်နေတာကိုတွေ့ရပါလိမ့်မယ်။
 3.   ဂျုံမှုန့်/ နို့/ သံပုရာရည်ကို မပျစ်မကျဲရောပြီးးမျက်နှာနဲ့လည်ပင်းနားတစ်ဝိုက်ကို လူးပေးပါ။ လည်ပင်းလူးရတဲ့အကြောင်းကတော့ မျက်နှာကျဖြူပြီးလည်ပင်းကျကွက်မည်းနေမှာဆိုးလို့ပါ။ တစ်ပတ်ကိုနှစ်ကြိမ့်ခန့်ပြုလုပ်ပေးမယ်ဆိုရင် ထူးခြားကောင်းမွန်တဲ့အသားအရေကိုပိုင်ဆိုင်နိုင်ပါတယ်။
 4 . ဒိန်ချဉ်နဲ့မျက်နှာကိုလူးပါ။ လူးပြီးရင် 10 မိနစ် 15 မိနစ်ခန့်အခြောက်ခံပါ။ ခြောက်ပြီဆိုတာနဲ့ ရေအေးနဲ့ မျက်နှာသစ်ပါ။ အသားအရေထဲမှာရှိတဲ့ အညစ်အကြေးနဲ့ အဆီခဲတွေပါသွားတာကိုတွေ့ရပါလိမ့်မယ်။
 5.  အသားဖြူချင်တယ်ဆိုရင်တော့ ဗာဒံသီးကို ကျိတ်ပြီးအရည် ကိုပျားရည်နဲ့ရောပြီး လူးပေးပါ။
 6.  ဂျုံမှုန့် 2 ဇွန်းကိုလတ်လတ်ဆတ်ဆတ် နွားနို့နဲ့ရောပြီး လိမ်းပါ။ မျက်နှာကို ဆပ်ပြာနဲ့သန့်စင်မယ့်အစား ဒီလိုမျိုးသန့်စင်ပေးမယ်ဆိုရင် မျက်နှာနဲ့ အသားအရေဟာ အံ့သြစရာကောင်းအောင် ဖြူပြီးစိုပြေလာတာကို တွေ့ရှိရပါလိမ့်မယ်။
 7.  ညကတည်းကစိမ်ထားတဲ့ ဗာဒံသီးကိုအခွံချွတ် အရည်ညှစ်ထုတ်ပြီးး နွားနို့ / သံပုရာရည်တို့နဲ့ ရောပြီး မျက်နှာကို ပွတ်တိုက်နှိပ်နယ်ပေးပါ။ ထူးခြားပြီးဖြူဝင်းလာတဲ့အသားအရေကို သဘာဝကျကျတွေ့ရှိရပါလိမ့်မယ်။
ပေါင်းစပ်အသားအရည်ပိုင်ဆိုင် ထားကြောင့် သိနိုင်သောအချက်
  အလွယ်ဆုံးသိနိုင်တာကတော့ မျက်နှာသစ်ပြီးမိနစ်  20 ခန့် ကြာတဲ့အခါမှာ  နဖူးပြင်/  နှာခေါင်း/နဲ့မေးစေ့တစ်ဝိုက်မှာအဆီပြန်လာပြီး  ကျန်ရှိနေတဲ့  ပါးပြင်နေရာတွေကခြောက်သွေ့နေတာကိုတွေ့ရပါလိမ့်မယ်။
    နောက်တစ်ချက်က ချွေးပေါက်ကျယ်တွေရှိနေနိုင်ပြီး  ဆားဝက်ခြံတွေလည်းဖြစ်ပွားနိုင်ပါတယ်။   ညဘက်မှာနိုက်ခရင်မ် မသုံးပဲ မနက် မိုးလင်းရဂင် မျက်နှာမှာအဆီပြန်နေတာကိုတွေ့ရတတ်ပါတယ်။  ဒီအချက်တွေကို ကြည့်ပြီးမိမိဟာပေါင်းစပ်  အသားအရေပိုင်ရှင်ဟုတ်မဟုတ်
သိရှိနိုင်ပါလိမ့်မယ်။
ပေါင်းစပ်အသားအရေပိုင်ရှင်များသတိထားသင့်သည့်အချက်များ
       ပေါင်းစပ်အသားအရေပိုင်ရှင်များဟာမိတ်ကပ်ရွေးချယ်တဲ့နေရာမှာပုံမှန်အသားအရေပိုင်ရှင်များထက်ပိုပြီး
သတိထားရွေးချယ်သင့်ပါတယ်။  ပေါင်းစပ်အသားအရေပိုင်ရှင်များအတွက် သီးသန့်ထုတ်လုပ်ထားတဲ့
Product  တွေကိုသုံးစွဲသင့်ပါတယ်။ ဘယ်လို Skin  Care  ကိုရွေးချယ်ပါစေ 
       သင့်အနေနဲ့သိထားသင့်တာတစ်ခုကအရေပြားအပေါ်ဆုံးလွှာကို  ဆဲလ်အသစ်တွေရောက်ရှိဖို့က  ရက်သတ္တပတ်သုံးပတ်ခန့်ကြာပါတယ်။ဒါကြောင့်စိတ်ရှည်ရှည် သုံးစွဲပေးဖို့လိုပါတယ်။အာဟာရကို
မျှ တ မှန်ကန်စွာစားဖို့လည်းလိုအပ်ပါတယ်။
   အသားအရေဟာ  ဟော်မုန်းအပြောင်းအလဲ  / စိတ်ဖိစီးမှုနဲ့  ပတ်ဝန်းကျင်ရာသီဥတုအပြောင်းအလဲပေါ်မူတည်ပြီး
 ပြောင်းလဲနိုင်တာမို့  ကျန်းမာလှပတဲ့အသားအရေ ဖြစ်အောင်သတိပြုနေထိုင်သင့်ပါတယ်။
အဆီပြန်တတ်တဲ့  ပေါင်းစပ် အသားအရေပိုင်ရှင်များအတွက်ကာကွယ်နည်း
ရှောက်ရည်က အဆီနဲ့အညစ်အကြေးတွေကို  သန့်စင်စေပါတယ်။  ပိုပြီးသန့်စင်စေချင်ရင်တော့
ရှောက်ရည်ကို ဂျုံအနည်းငယ်နဲံ ရော နှောပြီးသုံးပေးနိုင်ပါတယ်။  သုံးတဲ့နေရာမှာ  အဆီပြန်တဲ့နေရာကိုပဲ လိမ်းပေးပြီး 10  မိနစ်  ကနေ  15  မိနစ်ခန့်ထားပေးပါ။ ဒါမှ အကျိုးထိရောက်ပါလိမ့်မယ်။
ပြီးရင်ရေအေးအေးနဲ့ဆေးကြောပေးရပါမယ်။
ပုံမှန်နေ့စဉ်တစ်လတိတိပြုလုပ်ပေးရင်အဆီပြန်ခြင်းမှကင်းဝေးနိုင်ကြောင်း
ဖော်ပြပေးလိုက်ကပါတယ်။
Friday, August 17, 2012
ကြက်ဥတစ်လုံးရဲံ့အရေးပါပုံ
အိမ်ရှင်မတွေမီးဖိုချောင်မှာအသုံးပြုတဲ့ကြက်ဥကလည်းအလှအပမှာ အသုံးဝင်တဲ့
အရာတစ်ခုပါပဲ။ကြက်ဥကစားလို့ရှိရင်လည်းအာဟာရဓါတ်နဲ့လည်းပြည့်ဝသလို  အလှအအတွက်လည်းအေ၇းပါတဲ့
အရာတစ်ခုပါပဲ။  ကြက်ဥကိုအလှအပအတွက်အသုံးပြုနည်းတွေကတော့ 
                                  ကြက်ဥတစ်လုံးကို  ဖောက်ပြီး  ပန်းကန်လုံးထဲမှာ  နှံ့အောင်ခလောက်ပြီးမွှေ  ပြီး ဘာမှမထည့်ပဲ
ဒီတိုင်း  မျက်နှာပြင်ပေါ်မှာ ဒိတိုင်းပွတ်လိမ်း ပေးနိုင်ပါတယ်။  လိမ်းတဲ့နေရာမှာ လည်း မျက်နှာပြင်မှာ  သနပ်ခါးလိမ်းသလို
လိမ်းပေးရပါမယ်။ကြက်ဥကိုတစ်ကြိမ်တည်းနဲ့  အကုန်လိမ်းရမှာမဟုတ်ပဲနဲ့ တစ်ဝက်စီခွဲလုပ်ရမှာဖြစ်ပါတယ်။
အဲ့လိုလိမ်းပြီးခြောက်အောင်ထားရပါမယ်။  ခြောက်ပြီဆိုတာနဲ့ရေခပ်နွေးနွေးလေးနဲ့အ၀တ်နဲ့မျက်နှာကို ဆေးကြောပြစ်ပြီး
နောက်တစ်ကြိမ်ထပ်လုပ်ပါ။  မျက်နှာမှာရှိတဲ့ကြေးညှော်တွေကို သန့်ရှင်းစင်ကြယ်ရုံသာမက  မျက်နှာ အသားအရည်လျော့တိလျော့တွဲ
ဖြစ်တာမျိုးကိုလည်းကာကွယ်ပေးပြိးအသားအရည်ကိုတင်းတင်းလေးဖြစ်နေစေပြီးလှပစေပါတယ်။
ပြီးတော့အသားအရည်ကိုလှပပြီးဖြူချင်တဲ့လူတွေအတွက်ကျတော့  ကိုပေါင်းတင်မယ့်ကြက်ဥထဲမှာ  ဂျုံမှုန့်အနည်းငယ်ရယ်သစ်သီး
တစ်ခုခုကညှစ်ယူထားတဲ့အရည်ကိုပါရောခေါက်ပြီးမျက်နှာကိုတစ်ပတ်မှာ  သုံးကြိမ်  ပုံမှန်လုပ်ပေးခြင်းဖြင့်နူးညံ့ဖြူစင်တဲ့
လှတစ်မျက်နှာကိုပိုင်ဆိုင်ကြမှာပါ။
ချိုင်းမည်းခြင်း
ချိုင်းနေရာဟာ ခန္ခာကိုယ်ပေါ်က အထိအတွေ့ နူးညံပြီး အထိမခံတဲ့နေရာနုလေးတစ်ခုဖြစ်ပါတယ်။ ချိုင်းမည်းရတဲ့ အကြောင်းရင်းတွေထဲမှာ စိတ်မကောင်းရတဲ့ အကြောင်းရင်း တစ်ခုကတော့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်တဲ့ အချက်ပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရသလည်း ဆိုတာလဲ သိပ္ပံ ပညာအရ မရှင်းပြနိုင်သေးပါဘူး။ နောက်ထပ် အကြောင်းရင်း တစ်ခုကတော့ ချိုင်းမွှေးရိတ်ခြင်းကြောင့် ချိုင်းမည်းရတာပါ။ ဒီ အကြောင်းရင်းဟာ ပျိုမေတိုင်း မှားလေ့မှားထ ရှိတဲ့ အကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။နောက်ဆုံး တစ်ချက်ကတော့ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ ချိုင်းမွှေးလိမ်းတောင့်၊ စပရေးတို့ကြောင့် ချိုင်းမည်းရခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာလည်း ချိုင်းမည်း ရတတ်ပါသေးတယ်။ဒီ အဖြစ်ဆန်းကိုလည်း သိပ္ပံပညာ၊ ဆေးပညာ အရ မရှင်းပြနိုင်သေးပါဘူး။ ဘဇာဖြစ်နေဆဲ ပုစ္ဆာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။လူတိုင်း မဖြစ်ပေမယ့် လူတော်တော်များများ ဖြစ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ မယ်လနင်ဓာတ်တွေ ခန္ခာကိုယ်က အထုတ်များတဲ့ အတွက် ချိုင်းမည်းရတာပါလို့ တချို့က ဆိုပါတယ်။နောက်ဆုံး တစ် ချက်ကတော့ ခန္ခာကိုယ်ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလို့ ချိုင်းမည်းရတာ ဖြစ်ပါတယ်။
ဖြေရှင်းနည်း
၁။ချိုင်းမည်းတာကို ဖြေရှင်းတဲ့ အခါမှာ တစ်ချို့ အိမ်ရှင်မတွေက ထုံးရေကြည်လေးနဲ့ သုတ်လေ့ရှိပါတယ်။ ရေချိုးပြီးစ အချိန်မှာ လိမ်းလေ့ ရှိပါတယ်။
၂။ဖြစ်နိုင်လျှင် ချိုင်းမွှေးလိမ်းတောင့်တွေ မသုံးပါနဲ့။အနံ့အသက်ကို ရေချိုးပြီး ဖြေရှင်းနိုင်ရင် ချိုင်းမွှေးလိမ်းတောင့်တွေ မသုံးစေချင်ပါ ဘူး။တချို့ ချိုင်းမွှေးလိမ်းတောင့်တွေမှာ အမွှေးအနံ့တို့ ပါရှိတတ်ပါတယ်။သုံးမယ်ဆို မိမိအသားအရေနဲ့ ဓာတ်တည့်တဲ့ ဟာကိုပဲ သုံးပေးပါ။
၃။သံပရာသီးစိတ် အခွံနဲ့ ပွတ်ပေးပါ။ဒါပေမဲ့ တစ်ပတ်ကို တစ်ကြိမ်ပဲ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ရေချိုးပြီးခါစ အချိန်မှာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
၎။အလှကုန်တွေဖြစ်တဲ့ Whitening Lotion,cream တွေကို သုံးပေးပါ။ဓာတ် မတည့်တဲ့ဟာကို ရှောင်ပြီး သုံးပေးပါ။တစ်ချို့ အလှကုန် တွေနဲ့ ဓာတ်မတည့်တဲ့သူတစ်ချို့ရှိတတ်ပါတယ်။ ဓာတ်မတည့်တဲ့ဟာ သုံးမိရင် ချိုင်းမည်းတာ မဖြူဘဲ ပိုပြီး ဆိုးရွား လာတတ်ပါတယ်။
၅။နောက်ပြီး အရမ်းကို ကျပ်ထုပ်တဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။ ချိုင်းနေရာကို လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားမျိုးတွေ ဝတ်ပေးသင့်ပါတယ်။ချိုင်းနေရာဟာလည်း ချွေးပေါက်တွေရှိတဲ့ အတွက် ဖြစ်ပါတယ်။အဝတ်အစားဟာ အရမ်း ကျပ်ထုပ်နေတဲ့အခါ အဝတ်အစားနဲ့ ချိုင်းအရေပြားတို့ဟာ ပွတ်တိုင်မှု များပြီး လေဝင်လေထွက် မရတဲ့အတွက် dead cells တွေဖြစ်ကာ မည်းလာတတ်ပါတယ်။
၆။ဗီတာမင်အီး အဆီဟာလည်း ချိုင်းကို ဖြူစေပါတယ်။
၇။အုန်းဆီနဲ့လည်း ချိုင်းကို လိမ်းနိုင်ပါတယ်။အုန်းဆီဟာလည်း ချိုင်းမည်းတာ ပျောက်ကင်းစေနိုင်တယ်။
၈။အာလူးကို ကြိတ်ပြီး ထွက်လာတဲ့အရည်နဲ့လည်း ချိုင်းကို လိမ်းပေးပါ။ဒါပေမဲ့ တစ်ပတ် တစ်ကြိမ်လောက်ပဲ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ကာကွယ်နည်း
၁။ချိုင်းမွှေးရိတ်တာကို ရှောင်ကြဉ်ပါ။အလွန်အကျွံ မနှုတ်ပါနဲ့။
၂။ရေမှန်မှန် ချိုးပေးပါ။ရေဓာတ်လည်း မခြောက်ခမ်းပါစေနဲ့။ခန္ခာကိုယ်က လိုအပ်တဲ့ ရေဓာတ်ပမာဏပြည့်ဝနေပါစေ။
၃၊ခန္ခာကိုယ်နဲ့ ဓာတ်မတည့်တဲ့ အလှကုန် မှန်သမျှ မသုံးပါနဲ့။
၎။ရေချိုးတိုင်း ချိုင်းကို သေချာပွတ်သပ် သန့်စင်ပေးပါ။
ရှောင်ကြဉ်သင့်သည့်အချက်များ
၁။အဝတ်အစား ကျပ်ကျပ်ဝတ်ပြီး အားကစား လုပ်တာကို ရှောင်ကြဉ်ပါ။
၂။အလွန်အကျွံ ချိုင်းမွှေး လိမ်းတောင့်သုံးတာ ရှောင်ကြဉ်ပါ။အထူးသဖြင့် ချွေးထွက်များတဲ့သူတွေ ပိုပြီး သတိထားရမှာ ဖြစ်ပါတယ်။
မျက်နှာပေါင်းတင် ကြမလား
လိုအပ်တာတွေက -
-ပျားရည် ၂ ဇွန်း
-သံပရာရည် ၄ ဇွန်း ( ချက်ချင်းညှစ်ထားသော)
-ဒိန်ချဉ် ၃ ဇွန်း
-ကြက်ဥ အကာ ( ၁လုံး)
သေချာဆေးကြောပြီး အခြောက်ခံထားတဲ့ ခွက်ထဲမှာ ခုနက ပစ္စည်းအားလုံးကို ထည့် ၊ ပြီးရင် ပျစ်တဲ့ အထိ မွှေပါ ။
မျက်နှာကို အရင် facial form နှင့် သန့်စင်အောင် သစ်ပြီး ခြောက်တော့မှ လိမ်းလိုက်ပါ ။ ၁၅ မိနစ် ထားပြီး ရေနွေးနွေး ဖြင့် ညင်သာစွာ သန့်စင်လိုက်ပါ ။ ဆပ်ပြာနဲ့ ထပ်မသစ်ရတော့ပါဘူး ။
ပျားရည် မှာ ဘက်တီးရီးယား ပိုးမွှားတွေကို သေစေတဲ့ action ရှိပြီး
သံပရာ တော့ မှို တွေကို သေစေနိုင်တယ် ။ အသားဖြူစေတယ် ။ ၀က်ခြံ တွေကိုလဲ သက်သာစေတယ် ။
ဒိန်ချဉ်ကတော့ သိတဲ့အတိုင်း အသားအရေ လှပစေတယ် ။ ဖြူစေတယ် ။
ကြက်ဥထဲက protein ဟာ skin ကို အဟာရဓာတ်ပေးတယ် ။
ကိုယ်နဲ့ တည့်မတည့်တော့ အရင် စမ်းကြည့် ပြီးမှ လုပ်ကြည့်ကြပါနော် ။
လွယ်လွယ်ကူကူ လုပ်နိုင်တဲ့ နည်းလေးမို့လို့ ပြောပြလိုက်တာပါ ။
. မျက်နှာပေါင်းတင်ပြီးရင် နေပူထဲ မထွက်ပါနဲ့ ။ ဥပမာ စနေ ၊ တနင်္ဂနွေ နားမယ် ဆို သောကြာနေ့ ည ဘက်ကို လုပ်နိုင်ပါတယ် ။
အနည်းဆုံး cream တခုခုတော့ လိမ်းထားပေးပါ ။ ဘာမှမလိမ်းပဲ မနေပါနဲ့ ။
ဘာလို့လဲ ဆိုတော့ ပေါင်းတင် ပြီးရင် မျက်နှာက အရမ်းနူးညံ့သွားပါတယ် ။ အဲ့ဒီ အချိန်မှာ နေရောင်နဲ့ တွေ့ရင် တင်းတိပ် တို့နေလောင်ကွက် တို့ဖြစ်တတ်ပါတယ်
Wednesday, August 15, 2012
နူးညံ့ပျော့ပျောင်းသောဆံကေသာများပိုင်ဆိုင်စေဖို့ရာနည်းလမ်းကောင်း
  •    ယောကျားင်္တို့ဘုန်းလက်ရုံးမိန်းမတို့ဘုန်းဆံထုံးဆိုတဲ့အတိုင်းပေါ့ဒီနေ့တော့ဆံပင်အကြောင်းလေးပြောကြပါမယ်။
မိန်းကလေးတွေရဲ့ဒုတိယနေရာအလှအပကဆံပင်ဖြစ်သလိုအဲံဆံပင်ကိုလည်းတို့မြန်မာမိန်းကလေးတွေဘယ်လိုသန်စွမ်းအောင်
ထိန်းသိမ်းမလဲဆိုတာကအရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။
  • ။ပထမဆုံးအချက်အနေနဲံပေါ့တစ်ချိုကဆံပင်ပါးပြီးပျော့တဲံအမျိုးအစားတချို့ကဆံပင်တော့သန်ပါရဲံ့ဆံပင်သားကကြမ်းတယ်လေအမျိုးမျိုးရှိကြတာပေါ့။
  1. လုပ်ကမယ့်နည်းလေးတွေကတော့
  2. တစ်ပတ်မှာခေါင်းကို သုံးကြိမ်လျော်ပေးနိုင်ရင်ကောင်းပါတယ်။
  3. ခေါင်းမလျော်ခင်တစ်ရက်အလိုပေါ့ညဘက်ကတည်းကအုန်းဆီလိမ်းပေးထားရပါတယ်။
  4. အုန်းဆီလိမ်းတဲ့နေရာမှာ အရမ်းကြီးရွှဲနေအောင်မလိမ်းပဲလက်ဖ၀ါးပေါ်အသာလေးနည်းနည်းစီထည့်ပြီးလိမ်းပေးပြီးဦးရေပြားကိုအသားလေးနှီပ်ပေးကပါတတယ်။
  5. ဒီလိုလုပ်ပေးခြင်းအားဖြင့်ခေါင်းမှာသွေးလည်ပတ်မှုကောင်းစေပြီးခေါင်းကိုကြည်လင်စေပြီးဆံပင်ကိုလည်းသန်စွမ်း
          စေပါတယ်။
     6.နောက်နည်းလေးတစ်ခုကတော့တချို့ကဆံပင်သန်အောင်ဆိုပြီးအုန်းဆီပုလင်းထဲမှာပေါ့နော်လက်ဖက်သားတွေကို
  •         စိမ်ထားပါတယ်။အဲံ့လက်ဖက်သားစိမ်ထားတဲံ့ဆီကိုလိမ်းပေးခြင်းအားဖြင့်ဆံပင်သားကိုနူးညံ့စေပြီးဆံပင်ကိုမည်းမှောင်တောက်ပြေင်စေပါတယ်။
ပြီးရင်ဆံပင်ကိုမိမိတို့သုံးနေကြခေါင်းလျော်ရည်တမျိုးမျိုးနဲ့သုံးပြီးပြန်လျော်လိုက်လို့ရှိရင်ဆံပင်ကနူးညံ့ပျော့ပျောင်းတဲံဆံ့င်ဖြစ်မှာ
ဧကန်ပါပဲရှင်။
ခြေထောက်လေးတွေချောမွေ့ဖြူစင်စေဖို့
ခုခေတ်မိန်းကလေးအတော်များများက ခေတ်ပေါ်အ၀တ်အစားတွေကိုဝတ်ကြပါတယ်။အဲံလိုဝတ်တဲ့
နေရာမှာတချို့ကစကတ်တိုတို့/ဘောင်းဘီတိုတို့ဝတ်ကြပါတယ်။အချို့ကတော့ဝတ်ချင်ပေမယ့်သူတို့ဒူးခေါင်းမည်းတာတို့ခြေသလုံး
မည်းတာတွေကိုလူမြင်မှာဆိုးလို့မ၀တ်ရဲကြတာမျိုးလည်းရှိပါတယ်။ဒီလိုအခက်အခဲဖြစ်နေတဲ့လူမျိုးတွေအတွက်မိုးကဒီဘလော့လေး
ကိုရေးခဲံပါတယ်။
  1.    ဥိးဆုံးခြေထောက်ကို ရေမချိုးခင်ပေါ့   ခြေထောက်ကိုစင်ကြယ်အောင်ဆေးကြောပါ။
  2.    ပြီးရင်ခြေထောက်ကိုဗီတာမင်အီးအမျိုးအစားပါတဲ့ခရင်တစ်ခုခုလိမ်းပေးပါ။
  3.     အသားထဲစိမ့်အောင်လိမ်းခြ င်းအားဖြင့်ပိတ်နေတဲံချွေးပေါက်လေးတွေကပွင့်လားအကြောလေးတွေပွင့်အောင် 10မိနစ်လောက် နှိပ်ပေးကပါမယ်။ခရင်လိမ်းတဲ့နေရာမှာ ဒူးခေါင်းကနေစပြီးခြေသလုံးထိလိမ်းပေးကပါတယ်။ 
  4.   ပြီးရင်ရေနွေးစိမ်ထားတဲ့အ၀တ်နဲ့ဒါးခေါင်းကနေစ ပါတ်တိုက်ပေးကပါမယ်။အဲံလိုလုပ်ခြင်းအားဖြင့်ချွေးပေါက်တွေကိုပွင့်စေပြီးဖြူစင်သန့်ရှင်းစေပါတယ်။
  5. အဲ့ဒီအဆင့်တွေလုပ်ပြီးတာနဲ့ချေးချွတ်ခရင်လိမ်းပေးကပါတယ်။ပြီးတာနဲံ့ေ၇နွေးဝတ်နဲ့ဆေးကြောပေးကပါမယ်။
  6. အဲ့ဒီအဆင့်တွေလုပ်နေတဲ့အချိန်ကြားမှာဖယောင်းခဲကိုအနည်းငယ်အရည်ကျိုပေးထားပါ။
  7. ပြီးရင်တော့အရည်အေးသွားရင် ခြေထောက်ကိုဒူးခေါင်းကစပြီးဖယောင်းရည်ပွတ်လိမ်းပေးပါ။
  8. ပြီးတာနဲ့  ခြေထောက်ကိုလေလုံအောင်ပလပ်စတစ်နဲ့ပတ်ပေးထားပါ။
  9. မိနစ်နှစ်ဆယ်လောက်ကြာရင်တော့ကပ်ထားတဲ့ပလပ်စတစ်ကိုအသာလေးခွာချပြီးခြေထောက်ကိုရေနွေးဝတ်လေးနဲ့သေချာလေးပွတ် တိုက်ပြီးဆေးကြောနိုင်ပါပြီ။
  10. နောက်ဆုံးအဆင့်အနေနဲံကတော့ခြေထောက်လေးကို     lotion    တစ်ခုခုလိမ်းပေးပါ  နူးညံ့ချောမွေ့တဲ့ခြေထောက်တစ်စုံကိုရစေမှာအမှန်   ပါပဲရှင်။
စားချင်စိတ်မပြင်းပြအောင်စားသောက်နည်း
  • ၀တဲ့လူအများစုဟာအစားအသောက်စားချင်စိတ်ပြင်းပြသလိုတစ်ချို့ကျတော့
လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းတွေမလုပ်ပေးဘဲတစ်နေ့လုံးတီဗီကြည့်တာတို့အိပ်တာတို့ဟာ
ပိုပြီးဝစေပါတယ်၊ဒီတော့အစားအသောက်အလွန်အကျွန်စားချင်စိတ်မဖြစ်အောင်နည်းလေးတွေ
ပေးလိုက်ပါတယ်၊
  •                      စွပ်ပြုတ်ဟာအစားစားချိန်မှာအလွန်အကျွံမစားသောက်မိအောင်ကူညီပေးနိုင်ပါတယ်။
ကယ်လိုရီပါဝင်မှုနည်းပြီးဗိုက်လည်းပြည့်စတဲ့အတွက်စွပ်ပြုတ်ကိုသောက်ပေးခြင်းအားဖြင့်
သင့်ရဲ့စားချင်စိတ်ကို   20   ရာခိုင်နှုန်းလျော့ကျပေးပါတယ်။အာဟာရလည်းပြည့်ပြီးဝိတ်မတက်အောင်ဘယ်လိုစွတ်ပြုတ်
မျိုးကိုစားရမလဲဆိုတာလည်းဆောင်ရန်နဲ့ရှောင်ရန်လေးတွေရှိပါတယ်။
  •              ဆောင်ရန်
အသီးအနှံပါဝင်တဲ့စွန်ပြုတ်ကိုစားပါ။
  -ခရမ်းချဉ်သီးစွတ်ပြုတ်နဲ့ကြက်စွတ်ပြုတ်ချင်းယှဉ်ရင်ကြက်သားကကယ်လိုရီဓါတ်ပိုများ
တာကြောင့်ဝတဲ့လူတွေအတွက်သိပ်မသင့်တော်ပါဘူး။အသီးအနှံ့ကအကောင်းဆုံးပါပဲ
-စွတ်ပြုတ်ကိုခွက်နဲ့စားတာကကောင်းပါတယ်၊ပန်းကန်လုံးကြီးတွေနဲ့စားတာကလည်း
မကောင်းပါဘူး။
-သင်စားချင်တဲ့စွတ်ပြုတ်ထဲမှာငရုတ်ကောင်း/ချင်း/ပိတ်ချင်းစတဲံဟင်းခတ်အမွေးအကြို်င်
တွထည့်စားပါ။
  •             ရှောင်ရန်  
  •        -စားသောက်ဆိုင်တွေမှာခရင်မ်ပါတဲံ့စွတ်ပြုတ်ကိုမမှာမိပါစေနဲ့။ ခရင်မ်ကအရမ်းကို
က ယ်လိုရီများတဲ့အတွက်ဝိတ်တက်စေပါတယ်။
  •     -အမဲသား(သို့မဟုတ်)ပဲတွေနဲ့ပြုလုပ်ထားတဲ့စွတ်ပြုတ်ဟာတစ်ခွက်တည်းမှာတင်
   150   ကယ်လိုရီ   ကျော်တဲ့အတွက်အဲ့လိုအစားအစာပါတဲ့စွတ်ပြုတ်ကိုမစားမိပါစေနဲ့။
  •     -သင်စားတဲ့စွတ်ပြုတ်ထဲမှာခရက်ကာတွေ/ပေါင်မုန့်တွေထည့်မစားပါနဲံ့။သင့်ကို
ဝိတ်ပိုတက်တက်စေမယ့်အစားအစာတွေဖြစ်တဲ့အတွက်ကြောင့်ပါ။
  •     အဓိကကတော့အသီးအရွက်စားခြင်း/ရေသောက်ခြင်း/လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း
အားဖြင့်သင်ဧ၊။်ကိုယ်မှာဖြစ်နေတဲံ့ဝခြင်း/အဆီရှိခြင်းတို့ကနေသက်သာစေပါတယ်။
  • လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာမိမိကထိုင်ထလုပ်တဲံ့လေ့ကျင့်ခန်းလုပ်တယ်ဆိုလည်း
မိမိကတစ်လဆိုတစ်လပုံမှန်ထိုင်ထခြင်းလေ့ကျင့်ခန်းကိုပုံမှန်လေးလုပ်ပေးဖို့လိုပါတယ်၊
မိမိကတခါလောက်လုပ်ပြီးလေ့ကျင့်ခန်းဆက်မလုပ်ရင်ပိုပြီးတော့ဝလာစေပါလိမ့်မယ်။
  • လမ်းလျောက်ခြင်းကလည်းကျန်းမာရေးအတွက်အထူးသင့်လျော်ပါတယ်။ပ်ိဳေမမ်ားသြယ္လ်
လှပကြပါစေ။
ပေါင်နဲ့ခြေသလုံးမှာရှိတဲ့အဆီတွေကျစေဖို့
  • မိန်းကလေးတစ်ချို့ ကစကတ်အတိုတွေဘောင်းဘီအတိုတွေတစ်ချိုံက၀တ်ဖို့
သူတို့မှာအခက်အခဲရှိပါတယ်။ အတိုလို့ပြောတဲ့နေရာမှာ အရမ်းတိုတက်နေတဲ့ အ၀တ်အစားမျိုးပြောတာမဟုတ်ပါဘူး။
မိမိတို့ခြေသလုံးပေါ်အောင်မ၀တ်ရဲကြတာမျိုးကိုပြောချင်တာပါ။
တချို့က ခြေသလုံးမှာအဆီပိုတွေဖြစ်ပြီး ခြေသလုံးတွေကတုတ်နေတတ်ပါတယ်။
  • ဒီလိုဖြစ်တဲ့လူတွေအတွက် စိတ်မညစ်ရနေအောင်နေထိုင်နည်းလေးပေးလိုက်ပါတယ်။
တစ်နေ့ကိုထမင်း သုံးနပ် စားတာမှန်ပေမယ့် တစ်ပြိုင်တည်းစားလို့ကောင်းတယ်ဆိုပြီးထမင်းတစ်နပ်ကို
အ၀အပြဲ မစားပဲ ခွဲခွဲ့ပြီးစားသင့်ပါတယ်။တစ်ပြိုင်တည်းစားလို့ရှိရင် အဆီဖြစ်စေတဲ့ အစားအစာစားမိရင်
အစာချက်တဲံအချိန်မှာ အဆီတွေကအများဆုံး လက်မောင်း/ ဗိုက်/ ပေါင် /နဲ့ခြေသလုံးအသားတွေမှာစုနေတတ်ပါတယ်။
  • ပြီးတော့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာ ကိုရှောင်ကြဉ်စားသောက်ပါ။မနက်စာစားတဲ့အခါမှာလည်း
အိပ်ယာနိုးနိုးချင်းစောနိုင်သမျှစောစားပြီး ညစာစားတဲ့အချိန်မှာတော့ အိပ်ယာမ၀င်ခင်စောနိုင်သမျှစောစားပေး
ရ့ပါမယ်။
  • တင်နဲ့ပေါင် အဆီကျစေဖို့ လေ့ကျင်းခန်းလုပ်တဲ့နေရာမှာ ဘယ်လေ့ကျင့်ခန်းမဆို မိနစ် လေးဆယ်
လုပ်ပေးကပါမယ်။ စက်ဘီးစီးခြင်း၊ လမ်းကိုသွက်သွက်လျောက်ပေးခြင်း၊ ရေကူးခြင်း ၊ ရောဂ ကျင့်ခြင်း
အစ ရှိတဲ့လေ့ကျင့် ခန်းတွေကလည်း အဆီကို ကျစေပါတယ်။
  • ရှောင်ကြဉ်ကမယ့်အရာတွေကတော့ ဆေးလိပ် ၊ အရက် သောက်ခြင်းကိုရှောင်ကြဉ်ပါ အဲ့တာတွေက
လူတွေရဲ့ ခန္ဓာကိုယ်ကို အဆိပ်အတောက်ြဖစ်အောင် လုပ်သလို အဆီကိုလည်းတိုးပွာစေပါတယ်။
ညဘက်ညဥ့်နက်ချိန်ထိ အိပ်မပျော်ခြင်းတို့ကိုလည်းအထူးဂရုစိုက်ကပါမယ်။ အဲ့လို အိပ်မပျော်ခြင်းက
အိပ်ချင်စိတ်ကိုပိုမိုတိုးမြှင့်စေပြီး ဘယ်လောက်အိပ်အိပ် အိပ်လို့မ၀သလိုဖြစ်ပြီးအဆီကို
ပိုမိုတိုပွားစေပါတယ်။
  • ဒီလောက်ဆိုရင် လှပသွယ်လျတဲ့အဆီကင်းတဲ့ ခြေသလုံးတွေပိုင်ဆိုင်နိုင်ပါပြီ။
သံပုရာသီးရဲ့ကောင်းကျိုး
  • သံပုရာသီးရဲ့ကောင်းကျိုးတွေဟာအများကြီးရှီပါတယ်။
စာဖတ်ပရိသတ်များသိအောင် ဖော်ပြပေးလိုက်ရပါတယ်။သံပုရာသီးကိုဦးစွာကျန်းမာရေးနဲ့ပတ်သတ်တဲ့ကောင်းကျိုးလေး
တွေပြောပြပါ့မယ်။ 
  • သွေးတိုးရောဂါရှိသူများအတွက် 
 သွေးတိုးရောဂါရှိသူများအနေနဲ့   သံပုရာရည်က အရေးပါတဲံ့အရာတစ်ခုပါ။
သွေးတိုးရောဂါပုံမှန်ရှိသူများက မနက်မိုးလင်းတာနဲ့  သံပုရာရည် တစ်ခွက်ကိုပုံမှန်သောက်ပေးသင့်ပါတယ်။
အကယ်လို့မြန်း မိမိတို့က မတည့်တဲံ့အစားအစားမျိုး ဥပပမာ- သွေးတိုးစေတဲံ့အစားအစာမျိုးစားမိပါကသံပုရာရည်
ကိုသောက်ခြင်းအားဖြင့် သွေးတိုးနေခြင်းမှ ကာကွယ်နိုင်ပါတယ်။
  • အသားအရည်အလှအပအတွက်
အသားအရည်အလှအပအတွက် သံပုရာသီးကလည်းအရေးပါပါတယ်။
မျက်နှာမှာ  အစက်အပျောက်ဖြစ်ရင်  သံပုရာသီးကို  ပါးပါးလေး စိတ်လှီးပြီးမျက်နှာပေါ်ကအမာရွတ်ပေါ်မှာ
15    မိနစ်ခန့်တင်ပေးထားခြင်းဖြင့်  မျက်နှာပေါ်ကအစက်အပျောက်တွေကို လျော့နည်းလာစေပြီး
ပုံမှန်လုပ်ပေးမယ်ဆိုရင်  ပျောက်ကင်းစေနိုင်ပါတယ်။
တစ်တောင်ဆစ်  နဲ့  ဒူးဆစ်မှာရှိတဲ့ အညိုအမည်းစွဲခြင်းကိုလည်း နေ့စဉ် သံပုရာသီးနဲ့ပွတ်တိုက်ပေးမယ်ဆို
နူးညံ့ချောမွေ့ပြီး  တဖြည်းဖြည်းအညိုအမဲစွဲခြင်းမှပျောက်ကင်းစေနိုင်ပါတယ်။
ခြေထောက်မှာ  အမာရွတ်ဖြစ်တာတို့  အသားမာတို့ ဖြစ်နေခြင်းကိုလည်းပုံမှန်သံပုရာသီးနဲံပွတ်တိုက်ခြင်းအားဖြင့်
လည်းပျောက်ကင်းစေနိုင်ပါတယ်။  သံပုရာသီးကလည်း  အလှအပနေရာကနေတစ်ကဏ္ဍ ပါဝင်နေပါတယ်။
မျက်နှာအသားအရည်ဖြူချင်သူများအတွက်
  •   မျက်နှာအသားအရည်ဖြူချင်သူများအနေဖြင့်  ပထမဆုံးမိမိတို့မျက်နှာမှာမှာရှိတဲံ
အညစ်အကြေးတွေ  ကိုအရင်သန့်၇ှင်းအောင်သန့်စင်ကပါမယ်.။မျက်နှာကိုသန့်စင်တဲ့နေရာမှာမျက်နှာကို
မျက်နှာသစ်စေးဒါမှမဟုတ် မိမိတို့သုံးနေကြဆပ်ပြာနဲ့မျက်နှာကို  သေသေချာချာသန့်စင်သင့်ပါတယ်။
မနက်ပိုင်းကတော့လူတိုင်းမျက်နှာသစ်တာနဲ့သေသေချာချာသန့်စင်ကြမှာပါ။ဒါပမေယ့်တော်တော်များများက
နေ့လည်ဘက်တွေမှာအလုပ်လုပ်တဲ့လူတွေများတော့ညဘက်မှပြန်လာတော့တော်တော်များများကမိမိမျက်နှာအသားအရည်ကိုဂရုမစိုက်တတ်ကြဘူးပေါ့။အမှန်တော့  ညဘက်ပြန်လာလည်းမျက်နှာကိုနေ့လည်ဘက်ကမိတ်ကပ်
တွေကိုအဓိကသေသေချာချာ ဖျက်ပြစ်ပြီးပြောင်အောင်ဆေးကြောရပါမယ်။
  •                      မျက်နှာကိုသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်တဲ့အခါမှာမျက်နှာကို အ၀တ်နဲံဖွဖွလေး
ဖိနှိပ်ပေးကပါမယ်။ဒီလိုနှိပ်ပေးခြင်းအားဖြင့်မျက်နှာ မှာရှိတဲအကြောလေးတွေကိုပွင့်စေပြီးမျက်နှာက
ပန်းရောင်သွေးသမ်းစေပါတယ်။ပြီးရင်မျက်နှာကို  နိုက်ခရင်ဖြစ်ဖြစ် မျက်နှာကိုလိမ်းတဲ့ခရင်  တစ်ခုခုလိမ်းပေးပြီး
ညဘက်အိပ်ယာဝင်ပါ။လိမ်းတဲ့နေရာမှာလည်းအသားထဲကိုစိမ့်ဝင်အောင်လိမ်းပေးရပါမယ်။အဲ့လိုလိမ်းပေးခြင်းအား
ဖြင့်အသားအရည်ကိုတင်းတင်းရင်းရင်းဖြစ်စေပြီးခုလိုဆောင်းတွင်းအခါမှာလည်းအသားပတ်ခြင်းမှကာကွယ်ပေးနိုင်
ပါတယ်။အလုပ်လုပ်သူများအတွက်ကတော့  စနေ/တနင်္ဂနွေရက်တွေအလုပ်ပိတ်ရက်မျိုးတွေမှာ  မိမိတို့အိမ်မှာ
မျက်နှာပေါ်င်းတင်နည်းကိုအသုံးပြုနိုင်ပါတယ်။  မျက်နှာကိုပေါင်းတင်တဲ့ဆေး  O*lay အမှတ်တံဆပ်  mask  တွေကို
  • အသုံးပြုပြီးလည်းပေါင်းတင်နိုင်ပါတယ်။  ကုန်တိုက်တွေမှာလည်းဝယ်လို့ရသလို Orange  Supermarket   မှာလည်းဝယ်လို့ရပါတယ်။  ဈေးလည်းမကြီးပဲ သာမန်လူတွေပါဝယ်သုံးနိုင်ပါတယ်။
  • အဲ့တာနဲ့မျက်နှာကိုနာရီဝက်လောက်ပေါင်းတင်ပြီးတာနဲ့ မျက်နှာကို မျက်နှာလိမ်းခရင်တစ်ခုခုလိမ်းပေးပါ။
  • အဲ့လို တစ်ပတ်မှာ  သုံးရက်ပုံမှန်လုပ်ပေးပါကမိမိတို့ရဲ့မျက်နှာကဖြူစင်ဝင်းမွတ်လာစေပါတယ်။
  • မျက်နှာပေါင်းတင်တဲ့နေရာမှာသုံးလို့ရတဲ့အရာတွေကတော့
 -  --    ပန်းသီး /  ထောပတ်သီး/  သခွားသီး/  ပျားရည်/  ဂျုံမှုန့်/  ကြက်ဥ / စတာတွေကတော့  ပေါင်းတင်တဲ့  နေရာမှာ  မိမိတို့ကြိုက်နှစ်သက်တဲ့
သစ်သီးကိုအသုံးပြုပြီးပေါင်းတင်နိုင်ပါတယ်။ကောင်းကျိုးများအနေဲ့ကတော့  --
  •    ပန်းသီးက နဲ့သခွားသီးကတော့        အသားအရည်  အစိုဓါတ်ကိုပြန်လည်ဖြည့်တင်းပေးပါတယ်။
  •    ထောပတ်သီးကတော့              အသားအရည်ခြောက်သွေ့   တဲ့လူတွေအတွက်အသင့်လျော်ဆုံးပါ။
  •    ဂျုံမှုန့်နဲ့   ကြက်ဥကတော့               အသားအရည်တင်းတင်းရင်းရင်းဖြစ်ချင်သူများအတွက် 
အကောင်းဆုံးပါပဲ။
တင်းတိပ်ကြောင့်စိတ်ညစ်နေလား
  1. တင်းတိပ်ဖြစ်ကခြင်း  အကြောင်းရင်းတွေကတော့ ပြင်းပြတဲံ့နေရောင်ခြည်အရှိန်ကိုထိတွေ့မှုကြောင့်လည်းတင်းတိပ်ထွက်ခြင်း၊
    ဆေးဝါးတစ်ချိုံကြောင့်လည်းတင်းတိပ်ထွက်ပါတယ်။
     2.....မျိုးရိုးဗီဇ  ကြောင့်လည်းတင်းတိပ်ထွက်တတ်ပါတယ်။အများစုကတော့မျိုးရိုးဗီဇကြောင့်တင်းတိပ်ထွက်တာ
    ပိုများပါတယ်။တင်းတိပ်ထွက်  တာအများစုကလည်းမိန်းကလေးတွေပါ  ယောက်ကျားလေးတင်းတိပ်ထွက်
    တာမျိုးကအလွန့်အလွန်ရှားပါတယ်။  ပြီးတော့တင်းတိပ်ထွက်တတ်တဲ့အသက်အရွယ်ကလည်း
    အပျိုဖော်ဝင်စအရွယ်မှာမဖြစ်ပဲနဲံ့  အသက်  20-40  နားမှာဖြစ်ပါတယ်။
    3...တင်းတိပ်   အဖြစ်  များတဲ့နေရာတွေကတော့  နေရောင်ခြည်နဲ့  အမြဲထိတွေ့တ်တဲ့နေရာ
    ပါး၊ မေးစေ့၊  နဖူး  အစရှိတဲ့နေရာတွေမှာဖြစ်တတ်ကြပါတယ်။
    4....တင်းတိတ်ကို ကုသတဲ့ နည်းလမ်းတွေအများကြီးရှိတယ်နော်။
    - အရောင်ချွတ်ခြင်း ( Bleaching )
    - ဓာတု ပစ္စည်းများနဲ့ အရေပြားအပေါ်ယံလွှာကို စားခြင်း ( Microdermabrarion )
    - လေဆာဖြင့် ကုသဖြင်း
    - အခြားဆေးဝါးများ
    - အစွမ်းထက် antioxidant ဆေးဝါးများ သောက်သုံးခြင်းတို့နဲ့ ကုသနိုင်ပါတယ်။   
    1. ပြီးတော့ အသားအရေကို သေချာဂရုစိုက်ပေး ရင်လည်း တင်းတိပ်တွေ
    တဖြည်းဖြည်းမှိန်ပြီး ပျောက်သွားနိုင်ပါတယ်။ အခြေခံအသားအရေ ထိန်းသိမ်းနည်း အဆင့် (၄) ဆင့်ကတော့
    မဖြစ်မနေလုပ်ရမှာပါ။တစ်ခုပိုလာတာက Whitening Essence ပါ။ ဈေးကွက်ထဲမှာ တင်းတိပ်၊ မှဲ့ခြောက်၊ နေလောင်တာတွေအတွက် Whitening Essence တွေ အများကြီးရှိတယ်နော်။ ကိုယ်နဲ့
    အဆင်ပြေတာလေးကို ရွေးသုံးပေါ့။ အဲဒီတော့ မျက်နှာသစ်ဆေးလေးနဲ့ မျက်နှာသစ်၊ တိုနာလေးလိမ်းပြီးရင်
    Whitening Essence လေး လိမ်းပေးပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးရမှာနော်။ Whitening Essence
    လိမ်းပြီးရင်လည်း Whitening Day Cream၊ Night Cream တွေ လိမ်းပေးရင် အကောင်းဆုံးပဲပေါ့။
    ဒီလိုလေးသာ နေ့တိုင်း ဂရုတစိုက်လုပ်ပေးသွားမယ်ဆိုရင် တင်းတိပ်တွေလည်းပျောက်ပြီး
    အသားအရေလေးကလည်း ပိုမိုနုပျိုလှပမှာပါအမှန်ပါ။
Tuesday, August 7, 2012
မျက်နှာမှာ အစက်အပျောက်တွေဖြစ်နေသလား?
သူငယ်ချင်းတို့ရဲ့မျက်နှာမှာ အစက်အပျောက်ဖြစ်ရင် အရမ်းစိတ်ညစ် ရပါတယ်။ တစ်ချို့ဆို ရုပ်ကချောပေမယ့်မျက်နှာက အစက်အပျောက်တွေကြောင့်အလှပျက်လို့စိတ်ညစ်ကြရတာပေါ့။ ဒီလိုဖြစ်နေတဲ့သူငယ်ချင်းများအတွက် အစက်အပျောက်တွေအဝေးကို ထွက်သွားရစေမယ့်နည်းလမ်းလေးပေးလိုက်ပါတယ်။ ဦးဆုံးအနေနဲ့ မျက်နှာကိုအရင်သန့်စင်ပြစ်ကပါမယ်။မျက်နှာမှာရှိတဲ့ သနပ်ခါး/ မိတ်ကပ် တွေကိုအရင်ဆုံး ဖယ်ရှားပြစ်ကပါ့မယ်။ ပြီးရင်သံပုရာသီးကိုအစိတ်လေးတွေစိတ်ပြီး မျက်နှာမှာ အစက်အပျောက်ရှိတဲ့နေရာကိုကပ်ပေးထားကပါမယ်။ 15 မိနစ်ပဲကပ်ကပါမယ်နော်။ ကြာရင်မကောင်းပါဘူး။သံပုရာသီးနဲ့လည်းမျက်နှာကိုကပ်ထားရုံသာကပ်ပြီး သံပုရာသီးနဲ့မျက်နှာကိုတော့မပွတ်တိုက်မိပါစေနဲံ့။သံပုရာသီးက အသားအရည်ကိုချွေးပေါက်ကျယ်စေပါတယ်။ သံပုရာသီးကိုမျက်နှာမှာ 15 မိနစ်လောက်ကပ်ပြီး နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် မျက်နှာမှာရှိတဲ့ အစက်အပျောက်တွေကို ပျောက်ကင်းစေပါလိ့်မယ်။ နောက်တစ်နည်းက ထိခိုက် လွယ်တဲ့ အသားအရည်ကျတော့ သံပုရာသီးရဲ့ ဒင်္ဏကိုမခံစားနိုင်ပါဘူး။ အဲ့လိုမျိုးဆိုရင်ရှားစောင်းလက်ပတ်ကအကောင်းဆုံးပါပဲ။ရှားစောင်းလက်ပတ်ကထွက်တဲ့ဂျယ်လီ လေးကိုမျက်နှာမှာ ပုံမှန်လိမ်းပေးခြင်းအားဖြင့်အသားအရည်ခြောက်ခြင်းအတွက်ကောင်းသလို အစက်အပျောက်တွေအတွက်လည်းအထူးကောင်းမွန်ပါတယ်။ အချိုရည်သောက်ခြင်းကိုရှောင်ရှားသင့်ပြီးရေကိုများများသောက်ပေးပါ ။ယခုပြောတဲ့အချက်တွေကို အသုံးပြုခြင်းအားဖြင့် မျက်နှာပေါ်မှာအစက်အပျောက်ဖြစ်ခြင်းတွေကိုပျောက်ကင်းစေပါတယ်။
မိန်းကလေးများအတွက်ဖက်ရှင်စတိုင်
winter jackets coats for women01
winter jackets coats for women02
winter jackets coats for women03
winter jackets coats for women04
winter jackets coats for women05
winter jackets coats for women06
winter jackets coats for women07
winter jackets coats for women08
winter jackets coats for women09
winter jackets coats for women10
winter jackets coats for women11
winter jackets coats for women12
winter jackets coats for women13
winter jackets coats for women14
winter jackets coats for women15
winter jackets coats for women16
winter jackets coats for women17
winter jackets coats for women18
winter jackets coats for women19
winter jackets coats for women20
winter jackets coats for women21
winter jackets coats for women22
winter jackets coats for women23
winter jackets coats for women24
winter jackets coats for women25
winter jackets coats for women26
အဆီပြန်တတ်တဲံ့အသားအရည်ပိုင်ရှင်များအတွက်
လူအမျိုးမျိုးအစားအစားရှီသလိုပဲအသားအရည်အမျိုးအစားကလည်းတစ်ယောက်နဲံတစ်ယောက်မတူတတ်ကြပါ
တစ်ချို့ကအသားခြောက်တယ်/တချို့ကျ  တော့လည်း  အသား အရည်က အဆီပြန် တတ်တယ်။နောက်တစ်ခုကပေါင်းစပ်အသားအရည်တစ်ချို့ကျတော့လည်းထိခိုင်လွယ်တဲံအသားအရည်ဆိုပြီး အသားအရည်အမျိုးမျိုးရှိကြပါတယ်။
အဲ့လိုအဆီပြန်ခြင်းမှ  ကာကွယ် နိုင်ရန်နည်းလမ်းလေးပေးလိုက်ပါတယ်။အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေရဲ့မျက်နှာဟာ ပြောင်ဝင်းနေတတ်ပါတယ်။ ချွေးပေါက်ကျယ်တွေ ရှိတတ်ပြီး ၀က်ခြံ၊ အမဲစက်နဲ့ အမာရွတ်တွေလဲ ပိုပြီးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို အမြဲဂရုတစိုက်နဲ့ သန့်စင်ပေးရပါမယ်။
                 အဆီပြန်တဲ့သူများအနေနဲ့ 
ပြုလုပ်သင့်သည့်ကာလ---      တစ်ပတ်မှာနှစ်ကြိမ်အမြဲပြုလုပ်သင့်ပါတယ်။
ပြုလုပ်ပုံ                            ကြက်ဥတစ်လုံးရဲံအကာကိုယူပြီး ရှာလကာရည်ကိုလက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံနဲံ့
                                        ရောပြီး  မျက်နှာမှာ  ဆယ်မိနစ်ကြာအောင်  လိမ်းပေးကပါမယ်။
ဒီလိုပုံမှန်လုပ်ပေးခြင်းအားဖြင့်မျက်နှာအဆီပြန်ခြင်းမှ  ကင်းဝေးနိုငိပါတယ်။
Monday, August 6, 2012
အသားအရည်အမျိုးမျိုးအတွက်မျက်နှာပေါင်းတင်နည်းးး
ဆောင်းတွင်း (သို့) အေးတဲ့နေရာတွေမှာနေရလို့ ကိုယ့်မျက်နှာလေးက ခြောက်သွေ့လာလို့ပဲဖြစ်ဖြစ် ….
နွေပူပူမှာ မျက်နှာအဆီပြန်လာလို့ပဲဖြစ်ဖြစ်….
ဝက်ခြံ မဲ့ခြောက် မပေါက်အောင် ကာကွယ်ချင်လို့ပဲဖြစ်ဖြစ်…
ကိုယ့်မျက်နှာလေးကို တစ်ပတ်တစ်ခါ သို့ တစ်လတစ်ခါ ဂရုစိုက်ပေါင်းတင်ချင်ကြမယ့် ပျိုပျိုမေတွေအတွက် ရော ကိုကို တို့ အတွက်ပါ အသုံးဝင်တဲ့ ပိုက်ဆံလည်းမကုန် ကိုယ့်မီးဖိုချောင်က ရှိပြီးသား ပစ္စည်းလေးတွေနဲ့ အလွယ်တကူ ပေါင်းတင်လို့ရတဲ့ နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။
၁)  အဆီပြန်ခြင်းကို ကာကွယ်သည့် ကြက်ဥ အကာ ဖြင့် မျက်နှာပေါင်းတင်နည်း
  • ကြက်ဥ အကာကို အနှစ်နဲ့ မရော အောင် သပ်သပ်ခွဲထုတ်ပြီး မျက်နှာပေါ် ကိုသုတ်လိမ်းပေးပါ။ မျက်စိထဲမ၀င်မိပါစေနဲ့။နာရီဝက်ကြာ ထားပြီး တင်းနေတဲ့ မျက်နှာကို ရေနှင့်စင်အောင် ပြန်ဆေးပါ။
  • ကြက်ဥ အနံ့ပျောက်အောင် ကြိုက်နှစ်သက်ရာ မျက်နှာသစ်ဆေးရည် နဲ့ တစ်ထပ်ပြန်ဆေးနိုင်ပါတယ်။
ဒီ မျက်နှာပေါင်းတင်နည်း ဟာ အဆီပြန်တဲ့ အသားအရေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ကိုယ့်အသားအရေက နွေမှာ အဆီပြန်တတ်တယ်ဆိုရင်လည်း နွေမှာ ဒီ နည်းလေးနဲ့ အများဆုံး တစ်ပတ်တစ်ခါ ပေါင်းတင်လို့ရပါတယ်။
ခြောက်သွေ့တဲ့ အသားအရေတွေအတွက် တော့ ဒီနည်းဟာ မသင့်တော်ပါဘူး ။ ပိုပြီး ခြောက်သွေ့လာနိုင်ပါတယ်။
ခြောက်သွေ့တဲ့အသားအရေအတွက် ပေါင်းတင်နည်းကို ဆက်လက်ဖော်ပြသွားပါမယ်။
၂)   အသားအရေ ခြောက်ခြင်းကို ကာကွယ်သည့် ခရမ်းချဉ်သီး နှင့်သကြား ဖြင့် မျက်နှာ ပေါင်းတင်နည်း
  • ခရမ်းချဉ်သီးအမည့်ကို ကန့်လန့်ဖြတ် ပုံစံ အကွင်းပြားလေး မထူမပါး လှီးဖြတ်ပါ။
  • သကြားကို ပန်းကန်အပြန့်ပေါ် လက်ဖက်ရည်စွန်းတစ်စွန်း ခပ်ထည့်ပါ။
  • ခရမ်းချဉ်သီးအပြား ကို သကြားနှင့်လူးပြီး မျက်နှာပေါ် အနှံ့ ခရမ်းချဉ်သီးအရည် အကုန်ကြေသည်အထိ သုတ်လိမ်းပါ။
  • သုတ်လိမ်းပြီးပါက ၁၀ မိနစ်ခန့် ထားပြီး ဆေးကြောသန့်စင်နိုင်ပါပြီ။
ဒီမျက်နှာပေါင်းတင်နည်း ဟာ ခြောက်သွေ့တဲ့ အသားအရေအတွက် အထူးသင့်လျော်တဲ့ ရေဓာတ်ဖြည့်ပေးတဲ့နည်းဖြစ်ပါတယ်။ ဆောင်းတွင်းဘက် ကိုယ့်အသားအရေ ခြောက်လာတယ်လို့ ခံစားရရင်လည်း ဒီနည်းလေးနဲ့ အများဆုံး သုံးရက်တစ်ခါ ပေါင်းတင်နိုင်ပါတယ်။
ဆက်လက်ပြီး မည်သည့်အသားအရေမဆို သုံးလို့ရတဲ့ တိုနာ အစားထိုး မျက်နှာဆေးနည်း တစ်ခုဝေမျှချင်ပါသေးတယ်။
၃)    ချွေးပေါက်ကျဉ်းစေတဲ့ ရေနွေးကြမ်း (သို့ )လက်ဖက်ရည်ကြမ်းရေခဲ နှင့် မျက်နှာပေါင်းတင်နည်း
  • လက်ဖက်ခြောက် အထုပ် ဖြစ်ဖြစ် အမှုန့်ဖြင့်ဖြင့် တစ်ခွက်ကို ရေနွေးဖြင့်ဖျော်ပြီး လက်ဖက် အရောင်ကျပြီး နောက်တဲ့ အထိထားပါ
  • လက်ဖက်ခြောက်ရည်ထဲကို ဗီတာမင် E အဆီလေးပါ ထည့်မွှေပေးပါ (ဒီအဆင့်က မထည့်လည်းရပါတယ်။ ထည့်ရင်တော့ ပိုကောင်းပါတယ်။)
  • အရောင်ကျနေတဲ့ လက်ဖက်ရည်ကြမ်းကို မွှေပြီး ရေခဲတုံးပြုလုပ်တဲ့ ခွက်အကန့်လေးထဲသို့ လောင်းထည့်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ပြီး နောက်တစ်နေ့ ရေခဲတုံးဖြစ်တဲ့ အထိစောင့်ပါ။
  • နောက်တစ်နေ့ ရေခဲသေတ္တာထဲကနေ လက်ဖက်ခြောက် ရေခဲတုံးလေးတွေကို တစ်နေ့တစ်တုံး ထုတ်ပြီး မျက်နှာသစ်ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပြီး တဲ့ မျက်နှာပေါ်မှာ နေရာအနှံ့ကို ပွတ်တိုက်နိုင်ပါပြီ။
ဒီနည်းဟာ မျက်နှာပေါ်က ချွေးပေါက်တွေကိုကျဉ်းစေနိုင်တဲ့ Toner အစားထိုး သဘာဝနည်းလေးဖြစ်တဲ့ အပြင် နေ့စဉ် သုံးခြင်းဖြင့် မျက်နှာကို ပိုမို လင်းလက် တောက်ပ လာစေတာကို သတိထားမိမှာပါ။ မည့်သည့် အသားအရေအမျိုးအစားနှင့်မဆိုလည်း သင့်တော်တဲ့ နည်းလေးဖြစ်ပါတယ်။
ကိုယ့်အသားအရေ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ နည်းနဲ့ ၀က်ခြံ မဲ့ခြောက်ရန်က ကင်းအောင် ကိုယ့်မျက်နှာလေးကို အိမ်မှာ ဂရုစိုက်ပေါင်းတင်နိုင်ကြပါစေ။
အလှအပ အတွက်
လူတစ်ယောက်ရဲ့ မျက်နှာလေးတစ်ခုဟာလည်း သိပ်ကို အရေးကြီးပါတယ်။ လှလှ မလှလှ ပုံစံ
ကျကျ မကျကျ တစ်ခုချင်း အစိတ်အပိုင်း တွေက ကြည်လင်နေမယ်။ ရှင်းသန့် သပ်ရပ်နေရမယ်။ သွားလေးဆိုလည်း ဖွေးနေမယ်။ မျက်နှာ အသားအရေဟာလည်း ကြည်လင်နေမယ် စသဖြင့် အစိတ်အပိုင်းတိုင်းဟာ ရှင်းသန့် နေမယ်ဆိုရင် အများ အလယ်မှာ တင့်တယ် ပါလိမ့်မယ်။
သွားလေးတွေ ပုလဲစီသလို လှပအောင်
ပုလဲလေးတွေ စီသလို သွားလေးတွေ ဖွေးသန့် ဖို့  ဈေးကြီးတဲ့
သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့ ။ သံပုရာ ရည်တစ်ဇွန်း၊
ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့
သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်
မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့်
ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။
အသားမာတက်ပြီး အမဲစွဲနေရင်
ဒူး တံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို
့ကောင်းပါတယ် လို့  ညည်းနေမယ့်အစား ဒါလေး နဲ့  လုပ်ကြည့် လွယ်လွယ်လေးပါ။
သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီ
သံပုရာခြမ်းနဲ့ နေ့ စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲ
အသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။
မျက်ကွင်းညိုရင်
မျက်ဝန်းတ၀ိုက် ညိုပြီး အကြည့်ရဆိုးနေလို့  မိတ်ကပ်လိမ်းရင်လည်း
မျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့  စိတ်ညစ်နေ တဲ့သူတွေ အတွက်
မျက်ကွင်းညို မျက်အိတ်တွဲ တာတွေ ပျောက်ဖို့  ဈေးကြီးတာတွေ ၀ယ်မသုံးပါနဲ
့။ မီးဖိုထဲက အာလူး တစ်လုံးနဲ့ တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာ
အသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ့  ဆုပ်ပြီး အရည် ညှစ်ပြီးရင်
အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ ကြာ အောင်
ထားပါ။ အဲဒါကို နေ့ စဉ် (သို့ ) ရက်ခြား ဆိုသလို အုံပေးရင်
မျက်ကွင်းညိုခြင်း ကနေ ကင်းဝေး ပါလိမ့်မယ်။
ရင်းနေတဲ့ ၀က်ခြံများ ညှိုးသွားအောင်
ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။
လွယ်ပါတယ်။ ၀က်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့  တို့ ပေးပါ။
ဝက်ခြံ ညှိုးခြောက်ပြီး သူ့ အလို လို အဆံ ထွက်သွားပါလိမ့်မယ်။
အသားပတ်တဲ့ အခါ ခရမ်းချဉ်သီးကို သတိရပါ
ဒီကိစ္စကို ခရမ်းချဉ်သီးက လုံးဝ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကို
ထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ် ချည်း သီးသန့် နဲ့  မျက်နှာကို
ပွတ်တိုက် လိမ်းကျံ ပေးပါ။ ၁၀ မိနစ်လောက် နေရင် ရေနွေးနွေးနဲ့  ဆေးချပါ။
အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင် မျက်နှာ အသားအရေပါ ကြည်လင် ချောမွေ့ 
သွားလိမ့်မယ်။
နေလောင်ရင် နွားနို့ သုံး
နွားနို့ နဲ့  ရေချိုးပြီး အသားအရေကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာ
ရှိခဲ့ပါတယ်။ နွားနို့ နဲ့ ရေချိုးပါလို့ တော့ မတိုက်တွန်း ချင်ပါဘူး။
အကုန်အကျ များလို့  ချောက်တွန်းတယ် ထင် မှာ စိုးလို့ ပါ။ ဒါပေမဲ့
ပင်လယ်ကမ်းစပ် သွားလို့ ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ ပဲ အသားမဲမဲ
နွားနို့ ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကို စားပစ်ပါ။
မလိမ်း ပါနဲ့  နှမျောစရာကြီး) ပြီးမှ ဂွမ်းစလေးနဲ့  နေလောင်တဲ့ နေရာကို
ပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊
အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။ 
ဝက်ခြံပျောက်ချင်ရင်
လူပျိုရွယ်အပျိုရွယ်ဖြစ်တတ်တဲံ့အရာတစ်ခု ကတော့ ၀က်ခြံထွက်ခြင်းပါပဲ။ 
ဝက်ခြံ ထွက်လို့ စိတ်ညစ်နေရတဲ့ လူများအတွက် နည်းလမ်းလေး ပေးလိုက်ပါတယ်။ ၀က်ြခံထွက်သူများအနေနဲ့အဓိကကတော့
မိမိတို့ရဲ့မျက်နှာကို လက် နဲ့အမြဲတစ်စေ မကိုင်မိဖို့ပါပဲ။မျက်နှာ ဆိုတဲ့နေရာကအသန့်ကြိုက်တဲ့နေရာမို့  မိမိတို့လက်က  အမြဲတမ်း
အဆီတွေထွက်လေ့ရှိတာမို့  ၀က်ခြံကို ပိုမိုပေါက်ဖွားစေပါလိမ့်မယ်လက်နဲ့တို့ထိပါများရင်ပေါ့နော်။
ဝက်ခြံထွက်သူများအနေနဲ့ဦးစွာ   ဖရုံသီးစေ့အစိမ်းကို  ၀က်ခြံထွက်တဲ့နေရာမှာပွတ်တိုက်ပေးကပါမယ်။
အဲ့လိုပုံမှန်လုပ်ပေးခြင်းအားဖြင့်  မျက်နှာမှာလည်း  အမာရွတ်မစွဲစေပဲ  ၀က်ခြံကို  ပျောက်ကင်းစေပါတယ်။
ပုံမှန်တော့လုပ်ပေးသင့်ပါတယ်။ နောက်တစ်နည်းကတော့  ဖရုံ စေ့ခြောက်ကို အမြဲစားပေးကပါမယ်။အမြဲတမ်းဖရုံစေ့ခြောက်ထုတ်လေးကို
စောင်ထားရင်အကောင်းဆုံးပါပဲ
ဝက်ခြံထွက်ခြင်းမှကင်းဝေးစေပါတယ်။ဝက်ခြံပေါက်ရတဲ့အကြောင်းတွေက ဟော်မုန်း မညီမျှမှု၊ စိတ်ဖိစီးမှု၊ ကြောက်စိတ်များမှု၊ အဆီများတဲ့
အစားအစာတွေစားမှု၊ စသဖြင့် မျိုးစုံပါပဲ။ ဆေးကုသခံမှ ပျောက်တတ်တဲ့ အရာမဟုတ် ပေမယ့်လည်း ဂရုတစိုက် မကုသရင် အမာရွတ်တွေ
ကျန်ခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အစားအသောက် စားတဲ့ ပုံစံမှားယွင်းလို့ ခန္ဓာကိုယ်က
အညစ်အကြေးအားလုံး မစွန့်ထုတ် နိုင်ချိန်မှာ သွေးကို အဆိပ်တက်စေပြီး ၀က်ခြံဖြစ်စေပါတယ်။ စားသောက်မှု ပုံစံမှန်ခြင်းဟာ လှပတဲ့
အသားအရေကို ရစေပါတယ်။ လတ်ဆတ်တဲ့ ဟင်းရွက်နဲ့ သစ်သီးတွေ စားသုံးမှု၊ သန့်ရှင်းတဲ့ရေကို အလုံအလောက် သောက်သုံးမှုတွေ
လုပ်ပေးရမှာ ဖြစ်သလို ၀က်ခြံလျော့နည်းစေဖို့ အားပေးတဲ့ ဆာလဖာဓာတ်ကြွယ်ဝတဲ့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတွေ စားပေးပါ။
နောက်ထပ်နည်းလမ်းလေးတွေကတော့ 
သခွားသီး  /ခရမ်းချဉ်သီး/ အဲံ့တာတွေကို  ပါးပါးလေးလှီးပြီးမျက်နှာပေါ်က ၀က်ခြံရှိတဲ့နေရာတွေမှာကပ်ပေးကပါမယ်။
သွားတိုက်ဆေး ဂျယ်ကို ၀က်ခြံပေါ်မှာ  ပွတ်ပြီးလိမ်းပေးပါ။  အမာရွတ်မကျန်စေပဲ ပျောက်ကင်းစေပါတယ်။
ဒီလောက်ဆိုရင်  ၀က်ခြံ ထွက်တဲ့လူတွေအတွက်  နည်းလမ်းလေးတွေပေးပြီးပြီမို့  ပျောက်ကင်းအောင်  လုပ်နိုင်ပါပြီနော်။