အလွယ်ဆုံးသိနိုင်တာကတော့ မျက်နှာသစ်ပြီးမိနစ် 20 ခန့် ကြာတဲ့အခါမှာ နဖူးပြင်/ နှာခေါင်း/နဲ့မေးစေ့တစ်ဝိုက်မှာအဆီပြန်လာပြီး ကျန်ရှိနေတဲ့ ပါးပြင်နေရာတွေကခြောက်သွေ့နေတာကိုတွေ့ရပါလိမ့်မယ်။
နောက်တစ်ချက်က ချွေးပေါက်ကျယ်တွေရှိနေနိုင်ပြီး ဆားဝက်ခြံတွေလည်းဖြစ်ပွားနိုင်ပါတယ်။ ညဘက်မှာနိုက်ခရင်မ် မသုံးပဲ မနက် မိုးလင်းရဂင် မျက်နှာမှာအဆီပြန်နေတာကိုတွေ့ရတတ်ပါတယ်။ ဒီအချက်တွေကို ကြည့်ပြီးမိမိဟာပေါင်းစပ် အသားအရေပိုင်ရှင်ဟုတ်မဟုတ်
သိရှိနိုင်ပါလိမ့်မယ်။
ပေါင်းစပ်အသားအရေပိုင်ရှင်များသတိထားသင့်သည့်အချက်များ
ပေါင်းစပ်အသားအရေပိုင်ရှင်များဟာမိတ်ကပ်ရွေးချယ်တဲ့နေရာမှာပုံမှန်အသားအရေပိုင်ရှင်များထက်ပိုပြီး
သတိထားရွေးချယ်သင့်ပါတယ်။ ပေါင်းစပ်အသားအရေပိုင်ရှင်များအတွက် သီးသန့်ထုတ်လုပ်ထားတဲ့
Product တွေကိုသုံးစွဲသင့်ပါတယ်။ ဘယ်လို Skin Care ကိုရွေးချယ်ပါစေ
သင့်အနေနဲ့သိထားသင့်တာတစ်ခုကအရေပြားအပေါ်ဆုံးလွှာကို ဆဲလ်အသစ်တွေရောက်ရှိဖို့က ရက်သတ္တပတ်သုံးပတ်ခန့်ကြာပါတယ်။ဒါကြောင့်စိတ်ရှည်ရှည် သုံးစွဲပေးဖို့လိုပါတယ်။အာဟာရကို
မျှ တ မှန်ကန်စွာစားဖို့လည်းလိုအပ်ပါတယ်။
အသားအရေဟာ ဟော်မုန်းအပြောင်းအလဲ / စိတ်ဖိစီးမှုနဲ့ ပတ်ဝန်းကျင်ရာသီဥတုအပြောင်းအလဲပေါ်မူတည်ပြီး
ပြောင်းလဲနိုင်တာမို့ ကျန်းမာလှပတဲ့အသားအရေ ဖြစ်အောင်သတိပြုနေထိုင်သင့်ပါတယ်။
အဆီပြန်တတ်တဲ့ ပေါင်းစပ် အသားအရေပိုင်ရှင်များအတွက်ကာကွယ်နည်း
ဝါဂွမ်းစလေးမှာရှောက်၇ည် အနည်းငယ်စွတ်ပြီး အဆီပြန်တဲ့နေရာကိုဖြည်းညင်းစွာ တို့သုတ်ပေးပါ။
ရှောက်ရည်က အဆီနဲ့အညစ်အကြေးတွေကို သန့်စင်စေပါတယ်။ ပိုပြီးသန့်စင်စေချင်ရင်တော့
ရှောက်ရည်ကို ဂျုံအနည်းငယ်နဲံ ရော နှောပြီးသုံးပေးနိုင်ပါတယ်။ သုံးတဲ့နေရာမှာ အဆီပြန်တဲ့နေရာကိုပဲ လိမ်းပေးပြီး 10 မိနစ် ကနေ 15 မိနစ်ခန့်ထားပေးပါ။ ဒါမှ အကျိုးထိရောက်ပါလိမ့်မယ်။
ပြီးရင်ရေအေးအေးနဲ့ဆေးကြောပေးရပါမယ်။
ပုံမှန်နေ့စဉ်တစ်လတိတိပြုလုပ်ပေးရင်အဆီပြန်ခြင်းမှကင်းဝေးနိုင်ကြောင်း
ဖော်ပြပေးလိုက်ကပါတယ်။
No comments:
Post a Comment