Tuesday, August 7, 2012
မျက်နှာမှာ အစက်အပျောက်တွေဖြစ်နေသလား?
သူငယ်ချင်းတို့ရဲ့မျက်နှာမှာ အစက်အပျောက်ဖြစ်ရင် အရမ်းစိတ်ညစ် ရပါတယ်။
တစ်ချို့ဆို ရုပ်ကချောပေမယ့်မျက်နှာက အစက်အပျောက်တွေကြောင့်အလှပျက်လို့စိတ်ညစ်ကြရတာပေါ့။
ဒီလိုဖြစ်နေတဲ့သူငယ်ချင်းများအတွက် အစက်အပျောက်တွေအဝေးကို ထွက်သွားရစေမယ့်နည်းလမ်းလေးပေးလိုက်ပါတယ်။
ဦးဆုံးအနေနဲ့ မျက်နှာကိုအရင်သန့်စင်ပြစ်ကပါမယ်။မျက်နှာမှာရှိတဲ့ သနပ်ခါး/ မိတ်ကပ် တွေကိုအရင်ဆုံး ဖယ်ရှားပြစ်ကပါ့မယ်။
ပြီးရင်သံပုရာသီးကိုအစိတ်လေးတွေစိတ်ပြီး မျက်နှာမှာ အစက်အပျောက်ရှိတဲ့နေရာကိုကပ်ပေးထားကပါမယ်။
15 မိနစ်ပဲကပ်ကပါမယ်နော်။ ကြာရင်မကောင်းပါဘူး။သံပုရာသီးနဲ့လည်းမျက်နှာကိုကပ်ထားရုံသာကပ်ပြီး
သံပုရာသီးနဲ့မျက်နှာကိုတော့မပွတ်တိုက်မိပါစေနဲံ့။သံပုရာသီးက အသားအရည်ကိုချွေးပေါက်ကျယ်စေပါတယ်။
သံပုရာသီးကိုမျက်နှာမှာ 15 မိနစ်လောက်ကပ်ပြီး နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် မျက်နှာမှာရှိတဲ့ အစက်အပျောက်တွေကို
ပျောက်ကင်းစေပါလိ့်မယ်။
နောက်တစ်နည်းက ထိခိုက် လွယ်တဲ့ အသားအရည်ကျတော့ သံပုရာသီးရဲ့ ဒင်္ဏကိုမခံစားနိုင်ပါဘူး။
အဲ့လိုမျိုးဆိုရင်ရှားစောင်းလက်ပတ်ကအကောင်းဆုံးပါပဲ။ရှားစောင်းလက်ပတ်ကထွက်တဲ့ဂျယ်လီ လေးကိုမျက်နှာမှာ
ပုံမှန်လိမ်းပေးခြင်းအားဖြင့်အသားအရည်ခြောက်ခြင်းအတွက်ကောင်းသလို အစက်အပျောက်တွေအတွက်လည်းအထူးကောင်းမွန်ပါတယ်။
အချိုရည်သောက်ခြင်းကိုရှောင်ရှားသင့်ပြီးရေကိုများများသောက်ပေးပါ ။ယခုပြောတဲ့အချက်တွေကို အသုံးပြုခြင်းအားဖြင့်
မျက်နှာပေါ်မှာအစက်အပျောက်ဖြစ်ခြင်းတွေကိုပျောက်ကင်းစေပါတယ်။
အဆီပြန်တတ်တဲံ့အသားအရည်ပိုင်ရှင်များအတွက်
လူအမျိုးမျိုးအစားအစားရှီသလိုပဲအသားအရည်အမျိုးအစားကလည်းတစ်ယောက်နဲံတစ်ယောက်မတူတတ်ကြပါ
တစ်ချို့ကအသားခြောက်တယ်/တချို့ကျ
တော့လည်း အသား အရည်က အဆီပြန်
တတ်တယ်။နောက်တစ်ခုကပေါင်းစပ်အသားအရည်တစ်ချို့ကျတော့လည်းထိခိုင်လွယ်တဲံအသားအရည်ဆိုပြီး
အသားအရည်အမျိုးမျိုးရှိကြပါတယ်။
အဲ့လိုအဆီပြန်ခြင်းမှ ကာကွယ်
နိုင်ရန်နည်းလမ်းလေးပေးလိုက်ပါတယ်။အဆီပြန်တဲ့ အသားအရေ
ပိုင်ရှင်တွေရဲ့မျက်နှာဟာ ပြောင်ဝင်းနေတတ်ပါတယ်။ ချွေးပေါက်ကျယ်တွေ
ရှိတတ်ပြီး ၀က်ခြံ၊ အမဲစက်နဲ့ အမာရွတ်တွေလဲ ပိုပြီးဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် မျက်နှာကို အမြဲဂရုတစိုက်နဲ့ သန့်စင်ပေးရပါမယ်။
အဆီပြန်တဲ့သူများအနေနဲ့
ပြုလုပ်သင့်သည့်ကာလ--- တစ်ပတ်မှာနှစ်ကြိမ်အမြဲပြုလုပ်သင့်ပါတယ်။
ပြုလုပ်ပုံ ကြက်ဥတစ်လုံးရဲံအကာကိုယူပြီး ရှာလကာရည်ကိုလက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံနဲံ့
ရောပြီး မျက်နှာမှာ ဆယ်မိနစ်ကြာအောင် လိမ်းပေးကပါမယ်။
Subscribe to:
Posts (Atom)