သူငယ်ချင်းအပေါင်းပျော်ရွှင်ကြပါစေ

Showing posts with label ကဗျာကဏ္ဍ. Show all posts
Showing posts with label ကဗျာကဏ္ဍ. Show all posts

Sunday, November 11, 2012

**********အရှုံးပေါင်းများစွာနဲ့ငါ*******

ကျိန်စာသင့်ခဲ့တာလားး
ဆုတောင်းမပြည့်ခဲ့တာလားးး
ချစ်သူရ.ယ်....
ဘ၀ရဲ့တစ်ချိုးတစ်ကွေ့မှာ
ငါတို့ဆုံတွေ့ကြပေမယ့်
ဝေးခဲ့ရပြီ
ချစ်သူရယ်...................
ကံကြမ္မာအပြစ်ဖို့
ကိုယ့်နှလုံးသားကိုနှိပ်ကွပ်
ငိုချင်တဲ့စိတ်ကိုချုပ်တည်းခဲ့
အဖြစ်ဆိုးတဲ့ငါ့ဘဝ
နင်မသိနိုင်ပါ      ချစ်သူရယ်........
ငါဘာစည်းစိမ်မှမမက်မောပါ
ငါလိုချင်တာနင့်ရဲ့မေတ္တာ
ငါလိုချင်တာနင့်ရဲ့ယုယမှု
ငါလိုချင်တာနင့်ရဲ့နွေးထွေးမှု
ဒါတွေပဲမက်မောမိတဲ့ငါ.............
ဒါတွေပဲလိုချင်မိတဲ့ငါ.........
ဒါတွေဘာမှမရခဲ့တဲ့ငါ........
ရင်နာနာနဲ့လှည့်ပြန်ခဲ့၇တဲ့ငါ.........
အရှုံးပေါင်းများစွာနဲ့ငါ...........
ငါ့အဖြစ်င့စိတ်နာလှပါတယ်
နောက်ဆုံးငါ့ကိုယ်ငါသိလိုက်တာက
ငါဟာ..............အရှုံးပေါင်းများစွာနဲ့ငါပါလားးးလို့လေ....

အချစ်....ဆရာကြီးရယ်

အရောင်မစွန်း........ဆေးမစွန်းတဲ့
ငါ့နှလုံးသားအဖြူရောင်ကို
ဆေးစွန်းညစ်ပေ
အရောင်စွန်းအောင်
ဆေးဆိုးပေးတဲ့
ပင်မင်းဆရာကြီးရယ်..........
မချစ်တတ်တဲ့ငါ့ကို
ချစ်တတ်အောင်သင်ပေးခဲ့တာလည်းနင်ပဲ
ရင်မခုန်တတ်တဲ့ငါ့ကို
ရင်ခုန်တတ်အောင်သင်ပေးခဲ့တာလည်းနင်ပဲ
ငါ့ကိုချစ်တတ်အောင်သင်ပေးခဲ့တဲ့ အချစ်ဆရာကြီးရယ်...........
ခုကျတော့မြန်း..........
ဆရာသင်လို့တတ်မြောက်ခဲ့တဲ့
တပည့်ခမျာ
ပညာစုံတော့
ဆရာမရှိ...........
အချစ်သင်ခန်းစာ
တစ်ခုလုံးကိုမွတ်မွတ်ကြေအောင်
တပည့်တတ်မြောက်ခဲ့ပြီဆရာ............
ချစ်တတ်သွားလို့မချစ်ချင်တော့ပါ
ရင်ခုန်တတ်လို့ရင်မခုန်ချင်တော့ပါ
ဒီအချစ်  ဒီအလွမ်းးးးးး
အချစ်သင်ခန်းစာ
သင်ရိုးညွှန်းတမ်းးး
ဘယ်သောအခါမှ
လှန်မကြည့်တော့ပါဟု
ရင်တွင်းဆိုစကားးး
ဆရာတစ်ယောက်..............ကြားသိပါစေ။

Thursday, November 8, 2012

********မမုန်းရက်ဘူး...ချစ်သူ***********

ဝေးကမယ်ဆိုတာသိတယ်
မဝေးချင်ဘူးးးးးး
ခွဲရမယ်ဆိုတာသိတယ်
မခွဲချင်ဘူးးးးးး
ဝေးကာမှဝေးဆွေးကာမှဆွေးးး
ဒီလွမ်းဆွေးမှုတွေကိုငါခံစားမယ်ချစ်သူ
ဝေးရမယ်ဆိုတာသိပေမယ့်
နင့်ယုယမှုတွေကို
မျှော်လင့်ပြီး  ငါ့ရဲ့လွမ်းဆွေးမှုတွေကို
မျိုသိပ်ထားပါ့မယ်ချစ်သူ
နင်ငါ့ကိုအနိုင်ယူလည်း
ငါနင့်ကိုမမုန်းဘူး.........
နင်ငါ့ကိုအော်ငေါက်အရှက်ခွဲလည်းး
ငါနင့်ကိုမမုန်းဘူး..........
နင့်ရဲ့စကားလုံးတွေက
ငါ့အပေါ်ရက်စက်လည်းး
ငါနင့်ကိုမမုန်းပါဘူး..ချစ်သူ
သို့သော်.........သို့်သော်
ငါညတိုင်းဝမ်းနည်းစွာ
ငိုကြွေးခဲ့ရတယ်....
နင့်ရဲ့ကြင်နာယုယမှုတွေကို
မျှော်လင့်တဲ့ငါ့အတွက်တော့
မမုန်းရက်ပါဘူးချစ်သူ...........................

**********အဝေးကဘဲချစ်နေမယ်***********

သူများအတွဲမြင်ရမြဲမို့

ငါလည်းသူ့လို  ဖြစ်ချင်လိုလည်းး
 
မလိုတမာ  ကံကြမ္မာက

ဖန်လာမပေးးးငါလေဝေးပေါ့....

ငါလေမမေ့ဘူး  မမေ့ဘူးကွယ်....

သတိရမြဲတမ်းတဆဲပါ

ရင်မှာပူကျွမ်း  မချိနွမ်းတယ်

အေးချမ်းပါရစေ  အချစ်ရေ............

အရာရာဝေးဘ၀လေးမို့

အဝေးကဘဲ  ချစ်နေမယ်....

************နောက်ဆုံးနောင်တ***********

ငါမငိုဘူး...................

မျက်ရည်တော့ကျဖြစ်တယ်.....

ငါအသည်းမကွဲဘူးး.............

ရင်ထဲမှာတော့အောင့်သက်သက်

ငါမရှုံးဘူးးးးးးးးး........

ခေါင်းငိုက်စိုက်တော့ဖြစ်နေတယ်............

ငါမမှားဘူးးးးးးးးးးးးးးး

နောင်တတော့ရမိတယ်............

****ဟန်ဆောင်နေမယ်******

ငါသိတယ်....နင်ငါ့ကိုစိတ်ဝင်စားတာ

ငါသိတယ်....နင်ငါ့ကိုသံယောဇဉ်ရှိတာ

ငါသိတယ်....နင်ငါ့ကိုချစ်တာ

ဒါပေမယ့်.....

ငါ့ဘ၀   ငါ့ကြမ္မာငါမယုံရဲဘူးး

အချစ်ကို.......အရမ်းကြောက်နေမိတယ်

1500.....အချစ်နဲ့

528....အချစ်က

ကွာခြားလွန်းပါတယ်

528......တန်ဖိုးနည်းပေမယ့်

ရှုပ်ထွေးမှုကင်းပြီး

ပူပန်မှုမရှိတဲ့ဖြူစင်သော

သူငယ်ချင်းအချစ်နဲ့နေကြရအောင်

1500....တန်ဖိုးများသလောက်

ရှုပ်ထွေးမှုများတယ်

လွမ်းဆွေးမှုများတယ်

ပူလောင်မှုများတယ်

အချစ်ကိုကိုးကွယ်မိရင်

လူတစ်ယောက်ကိုကြိုးနဲ့တုတ်သလို

ကျဉ်းကြပ်စေတယ်

အချစ်ကို...ကိုးကွယ်မိရင်

ခေတ္တခဏသာပျော်ရွှင်ရတယ်

ဝမ်းနည်းမှုတွေများမယ်

ပူဆွေးမှုတွေများမယ်

နောက်ဆုံးတော့..အသည်းကွဲရတော့မှာပေါ့

ငါအသည်းမကွဲချင်ဘူးးး

အချစ်ကြောင့်ရလာမယ့်

ပျော်ရွှင်မှုကိုမခံစားချင်သလို

အချစ်ကြောင့်ရလာမယ့်

ဝယ်းနည်းမှုတွေကိုလည်း

မခံစားနိုင် ဘူးးး

ဒါကြောင့်နင့်ရဲ့အချစ်ကို

ငါမသိကျိုးကျွံပြုပြီးးးးး

ငါ........ဟန်ဆောင်နေပါရစေကွယ်။

*********ဘ၀သင်္ကေတများ*********

တော.....................
မြက်ရိုင်းထူတယ်
ုခြင်ကိုက်တယ်
သစ်ပင်အောက်မှာလဲလျောင်းနေမယ်
စမ်းချောင်း............
အသံသာတယ်
ရေစီးတယ်
ငါးတွေရှိတယ်
ရေထဲကကိုယ့်အရိပ်ကိုယ်ပြန်ကြည့်မယ်
ညနေ.............
တိတ်ဆိတ်တယ်
သာယာတယ်
လွမ်းစရာကောင်းတယ်
မှုန်ရီရီလမ်းကလေးအတိုင်းလျှောက်ပြန်ခဲ့မယ်
အချစ်..............
ရင်ပူတယ်
ဦးနှောက်ခြောက်တယ်
လူယုတ်မာတစ်ယောက်နောက်ကိုပါသွားတယ်
မမြဲခြင်းတရားကိုအမှောင်ထဲမှာရင်ပူနေတယ်။

Thursday, September 13, 2012

ဝန်တိုစိတ်

                      သူ့အတွက်ဆိုစေတနာပိုလို့
 
                         နားခိုချွေးသိပ်
                               
                          ပျူငှာဖိတ်ပြီး

                         အရိပ်အေးမြ
                            
                          ပေးဝေမျှခဲ့
                       
                           ကိုယ့်အလှည့်မှာ

                           ဥပေက္ခာနဲ့ စာနာစိတ်မဲ့

                           အပြစ်ဖွဲ့ ဆို  နားခိုချွေးသိပ်

                           အရိပ်မလေး ၀န်တိုသေးဧ။် ။

                          အဝေးသို့သာနှင်သတည်း..................။

Wednesday, August 22, 2012

ပန်းချီရေးးတဲ့လက်

အသိမ်မွေ့ဆုံးးးအာရုံတိမ်းညွတ်မှုများ

 မှော်သား လျှပ်စီးထ သွေးခုန်နှုန်း အရောင်နဲ့....

..အရုပ်နဲ့ထပ်တူပြုလိုက်ပါတယ်။

 ဘုရားသခင်စေစားရာ ငါ့ဝိဥာဉ် ပျော်ပါးးဆော့ကစားရာ

 ဂန္တ၀င် ဂီတ သဘာဝဖတ်ညွှန်း အရောင် မှိန်မှိန်

 နေ့ရက်တွေရဲ့ ခမ်းနားတောက်ပမှု

 ငါဟာအညှီလား?....

ငါ့အနုပညာဟာအညှီလား?...

 ဆေးသားးပျစ်ပျစ် ပေါ်ယင်တွေ တ၀ီဝီအုံခဲ

 စိတ်က...ပန်းချီရေးတဲ့လက်

 ငွေအတွက် မတုန်ခါစတမ်းပေါ့ လက်တွေ့မှာ

မိသားစုတစ်ခုလုံးစုတ်တံပေါ်ပြုတ်ကျနေခဲ့...။ ။

Friday, August 17, 2012

ချစ်နေဆဲပါ


နေ့ တိုင်းအသက်ရှင်ရဦးမယ်ဆိုတာ သတိရစရာမလိုပါဘူး
ဒါပေမယ့် ငါနင့်ကို သတိရတိုင်းမှာ အသက်ရှုဖို့ ကိုသတိမရဘူး
အဲဒါနေ့ တိုင်းပဲ
"" ပိုးဟပ်ဖြူ အတွက် အကောင်းဆုံး ဟာသ ""

ပိုးဟပ်ဖြူ ရေ ...
ငါဟာ ရယ်စရာ သိပ်ပြောတတ်တာပေါ့ဒါပေမယ့် ငါဟာ ရယ်စရာ ကောင်းတဲ့လူတစ်ယောက်တော့ မဟုတ်ဘူးနော်
ငါ့ အချစ်ကို မင်းဟားတိုက်ပစ်လိုက်မှာ
ပျက်ရယ် ပြုလိုက်မှာ
ပျက်လုံးတစ်ခုလိုသဘောထား....ပေါ့ပေါ့တန်တန် ရယ်မောပစ်လိုက်မှာလား

စိုးရိမ်တတ်တာရယ် နောက်တစ်ခုငါလုပ်တတ်တာ
မင်းကို သိပ်ချစ်တတ်တာရယ်
အဲဒါတွေကလွဲရင်
ဘာမှ ငါ့မှာမရှိတော့တာ
ဘာကိုမှ ငါ ရှာမတွေ့တော့တာ

နေဦး......
ဒါက မင်းအတွက် သိပ်ရယ်စရာ ကောင်းဦးမှာမဟုတ်သေးဘူး ။

တစ်ခါတလေပေါ့ မာရီယာ
မင်း လှည့်ကြည့်သင့်တယ်ကွယ်
ငါဟာ ဒီမှာ ဒူးထောက်တောင်းပန်နေတယ် ဆိုတာပေါ့
ပြီးတော့
မင်း လိုချင်တဲ့ အရာတွေကို အရယူပေးဖို့ ကြိုးစားနေဆဲဆိုတာ
မင်း လမ်းဆက်လျှောက်နိုင်ဖို့ ငါ့ရဲ့ကျောကို ခင်းပေးထားတယ်ဆိုတာ
မင်း ပျော်ရွှင်နိုင်ဖို့ ငါအရမ်းကြီး စိတ်ညစ်ခဲ့ရတယ်ဆိုတာ
ဘာကို ဘာကိုမှ မင်းတကယ်မသိဘူးဆိုတာ
ဆိုတာ ဆိုတာ ဆိုတာတွေ....
ဘယ်အရာမှာမှ မအောင်မြင်ခဲ့တဲ့လူတစ်ယောက်ကို
တိုက်စရာ ရေတစ်ခွက်တောင် မင်းမှာမရှိတော့တာ

............................................................

..........................................................

ဒီ ဟာသ ကို ငါ ဘယ်တော့မှ မမေ့ဘူး
ငါ ဘယ်တော့မှ မရယ်ဘူး ။

ငါဟာ ရယ်မောရန်အတွက် အမြဲတမ်း နာကျင်နေတတ်တဲ့သူ။
နာကျင်ရင်းနဲ့ အမြဲရယ်မောနေတဲ့သူပေါ့။
ငါပြောမယ် ကမ္ဘာကြီး ရေ
မာရီယာ ကလွဲရင် ဘယ်အရာနဲ့မှ ငါ့ကိုလာဘ်ထိုးဖို့ မကြိုးစားပါနဲ့
ငါပြောမယ် မာရီယာ…ကမ္ဘာကြီးဆီမှာ ငါအလိုချင်ဆုံးက မင်းတစ်ယောက်ကိုပဲ။

ငါဒီလောက်တုံးအတာ
ငါ့ကိုဂရုမစိုက်ဘဲ နင်နေရက်ခဲ့သလား?

ငါဒီလောက်တုံးအတာ
ငါ့ကို လူအ,မလေး၊ လူတုံးမလေးလို့ နင်ခေါ်ပြီး
ငါ့ကိုဂရုမစိုက်ဘဲ နင်ထားရက်ခဲ့သလား?

ငါဒီလောက်တုံးအတာ
နားထောင်ကောင်းတဲ့ စကားတွေမပြောတတ်လို့
နင့်ကိုစိတ်ဆိုးစေခဲ့ပြီ
နင်စိတ်ဆိုးတိုင်း ငါမှားတယ်.. ငါမှားပါတယ်လို့ပဲ ငါပြောတတ်ခဲ့တာ။

ငါဒီလောက်တုံးအတာ
နင့်ကိုသိပ်ချစ်ကြောင်း ငါမဖွဲ့နွဲ့ပြတတ်လို့
နင့်ကိုချစ်တယ်.. နင့်ကိုလွမ်းတယ်လို့ပဲ ငါအမြဲပြောနေခဲ့တာ။

ငါဒီလောက်တုံးအတာ
အေးရင် အနွေးထည် မထပ်တတ်
ဆာရင် အဆာခံတတ်တဲ့ငါ့ကို
နင်ဂရုမစိုက်ဘဲ ထားရက်ခဲ့သလား?

ငါဒီလောက်တုံးအတာ
ချွဲချွဲနွဲ့နွဲ့စကားတွေလည်း မဆိုတတ်ဘူး
ရိုမန်တစ်ဆန်ဆန်လည်း မနေတတ်ဘူး
နင့်ကိုဖက်ပြီး တစ်မိနစ်တောင်မခွာ ရှိနေချင်ခဲ့တာ။

ငါဒီလောက်တုံးအတာ
ကံကောင်းလို့ နင်နဲ့တွေ့ဆုံခဲ့ပေမယ့်
အဝေးကို နင်ထွက်မသွားဖို့ မတားနိုင်လောက်အောင်ကို ငါတုံးအခဲ့တာ

ငါဒီလောက်တုံးအတာ
ဒါပေမယ့် နင့်ကိုအရမ်းချစ်ခဲ့တယ်
ငါ့ကို ဘာဖြစ်လို့ နင်စွန့်လွှတ်ခဲ့ရက်သလဲ?

ငါဒီလောက်တုံးအတာ
တုံးတုံးအအနဲ့ နင့်ကိုချစ်နေဆဲပါ
တုံးတုံးအအနဲ့ နင့်ကိုလွမ်းနေဆဲပါ
တုံးတုံးအအနဲ့ ဒီစာကိုရေးနေဆဲပါ
တုံးတုံးအအနဲ့ ဒီလိုစာကိုဖတ်နေဆဲပါ
ငတုံး, ငအဆိုပြီး နင်လှောင်ရယ်နေမလား?
ငါ တုံးအတာ မှားသွားသလား?
.