သူငယ်ချင်းအပေါင်းပျော်ရွှင်ကြပါစေ

Sunday, November 11, 2012

ငတတ်ပြား၏စွန်စားခန်းများ Game

 
 
 
 
ဒီဂိမ်းလေးကိုတော့သိပြီးသားလူတွေလည်းရှိမှာပါခုလူတော်တော်များများလည်းကြိုက်တဲ့ဂိမ်းလေးမို့မသိသေးသူများအတွက်ဖော်ပြပေးလိုက်ရပါတယ်။ Ipod , Phone တိုမှာကစားလိုရပါတယ် ။
 Download here

Comment Box လုပ်နည်း

ဒီနေရာမှာပြထားတဲ့အတိုင်းမိမိတို့ဘလော့မှာcomments form လေးထည့်ချင်ရင်တော့

၁။http://www.htmlcommentbox.com/ ကိုအရင်သွားပြီး အောက်ကပုံမှာပြထားတဲ့နေရာလေးကိုကလစ်လိုက်ပါ
၂။အောက်မှာအနီနဲ့ပြထားတဲ့ပုံမှာပါတဲ့အတိုင်းအဆင်ပြေသလိုပြင်ကြည့်ပါ။
 ၃။အောက်ကပုံမှာလည်းအနီနဲ့ပြထားတဲ့နေရာကုဒ်တွေကိုယူပြီး Add a widget မှာထည့်save လိုက်ပါ။

Gmail account လုပ်နည်း




၁။ ကိုယ့်မှာ Gmail account ရှိပြီးလျှင်သော်၎င်း၊ မရှိလျှင် သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကိုယ့် Email ကို ပြန်၍ Invite လုပ်ပါ။ [ Gmail ထဲက ဘယ်ဖက် Invite ဆိုတဲ့အကွက်မှာ လုပ်ပါ!
၂။ Invite လုပ်ပြီးရင်... Google မှ သင့်ထံ Account အသစ်ကို Create လုပ်ဖို့ Sign Up Link ပို့လိမ့်မယ်။

၃။ *Sign Up* ဆိုတဲ့ လင့်ကို (Right-Click, Copy Link Location)နှိပ်ပါ။


၎။ ***Internet Explorer ကိုဖွင့်၍ Address bar မှာ ခုနတုန်းက Copy လုပ်ထားတဲ့ Sign Up link ကို Paste လုပ်ပါ။
၅။ Account Create Page ပေါ်လာရင် လိုအပ်တာတွေဖြည့်စွက်ပါ။ (First Name, Last Name, Username, D.O.B, Security Question စသည် ဖြည့်လိုက်ပါ။
၆။ သတိ** Security Question မှာ ဖုန်းနံပါတ်ဆိုတဲ့ မေးခွန်းကို ရှောင်ပါ။ Secondary Email ကို ကိုယ့်သူငယ်ချင်းရဲ့ Email သို့မဟုတ်၊ ကိုယ့်ရဲ့ အရင် Gmail အဟောင်းကို ဖြည့်ပေးပါ။
၇။Location ဆိုတဲ့ နေရာ မြန်မာပြည်ကလွဲလို့ တခြား နိုင်ငံတွေကို ရွေးလိုက်ပါ။ စမ်းသပ်ချက်အရ- Thailand, Laos, Australia, Cambodia, Sri-Lanka, India စတဲ့နိုင်ငံတွေကို ရွေးပါ။ United States, UK, Japan, , Russia, Korea, China စသော နိုင်ငံတွေကိုရှောင်ပါ။
၈။ ကွက်လပ်များကို မှန်အောင်သေချာစစ်ပါ၊ နောက်တစ်ခါ ထပ်ဖြည့်ရတာမျိုးမဖြစ်အောင်သတိထားပါ။
၉။ ပြီးရင် Signup/ Register လုပ်လိုက်ပါ။

မိမိတို့လိုချင်တဲ့ အကောင့်အသစ်တစ်ခု ရရှိလာမှာပါ။

Gtalk ကနေ မြန်မာနိုင်ငံက ဖုန်း Message ပို့ဖို့

အရင်ဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ .....

gtalk@etmsms.com account online ရောက်လာပါလိမ့်မယ်။

gtalk message box ထဲမှာ ( sms 095024564 Hello, Nice to meet you ) အဲလိုမျိုး ရိုက်ရပါတယ် .....

sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ် .....

ဖုန်းနံပတ်နဲ့ hello အကြားမှာ Spacebar ခံရပါတယ် .....

အဲ့ဒီမှာသူက You are not a member on eTm SMS service.

Please register at http://www.etmsms.com/mem_reg.aspx ပေါ်လာရင် ပေးထားတဲ့ link ထဲဝင်ပြီ register လုပ်လိုက်ရင်ရပါပြီ

**********အရှုံးပေါင်းများစွာနဲ့ငါ*******

ကျိန်စာသင့်ခဲ့တာလားး
ဆုတောင်းမပြည့်ခဲ့တာလားးး
ချစ်သူရ.ယ်....
ဘ၀ရဲ့တစ်ချိုးတစ်ကွေ့မှာ
ငါတို့ဆုံတွေ့ကြပေမယ့်
ဝေးခဲ့ရပြီ
ချစ်သူရယ်...................
ကံကြမ္မာအပြစ်ဖို့
ကိုယ့်နှလုံးသားကိုနှိပ်ကွပ်
ငိုချင်တဲ့စိတ်ကိုချုပ်တည်းခဲ့
အဖြစ်ဆိုးတဲ့ငါ့ဘဝ
နင်မသိနိုင်ပါ      ချစ်သူရယ်........
ငါဘာစည်းစိမ်မှမမက်မောပါ
ငါလိုချင်တာနင့်ရဲ့မေတ္တာ
ငါလိုချင်တာနင့်ရဲ့ယုယမှု
ငါလိုချင်တာနင့်ရဲ့နွေးထွေးမှု
ဒါတွေပဲမက်မောမိတဲ့ငါ.............
ဒါတွေပဲလိုချင်မိတဲ့ငါ.........
ဒါတွေဘာမှမရခဲ့တဲ့ငါ........
ရင်နာနာနဲ့လှည့်ပြန်ခဲ့၇တဲ့ငါ.........
အရှုံးပေါင်းများစွာနဲ့ငါ...........
ငါ့အဖြစ်င့စိတ်နာလှပါတယ်
နောက်ဆုံးငါ့ကိုယ်ငါသိလိုက်တာက
ငါဟာ..............အရှုံးပေါင်းများစွာနဲ့ငါပါလားးးလို့လေ....

အချစ်....ဆရာကြီးရယ်

အရောင်မစွန်း........ဆေးမစွန်းတဲ့
ငါ့နှလုံးသားအဖြူရောင်ကို
ဆေးစွန်းညစ်ပေ
အရောင်စွန်းအောင်
ဆေးဆိုးပေးတဲ့
ပင်မင်းဆရာကြီးရယ်..........
မချစ်တတ်တဲ့ငါ့ကို
ချစ်တတ်အောင်သင်ပေးခဲ့တာလည်းနင်ပဲ
ရင်မခုန်တတ်တဲ့ငါ့ကို
ရင်ခုန်တတ်အောင်သင်ပေးခဲ့တာလည်းနင်ပဲ
ငါ့ကိုချစ်တတ်အောင်သင်ပေးခဲ့တဲ့ အချစ်ဆရာကြီးရယ်...........
ခုကျတော့မြန်း..........
ဆရာသင်လို့တတ်မြောက်ခဲ့တဲ့
တပည့်ခမျာ
ပညာစုံတော့
ဆရာမရှိ...........
အချစ်သင်ခန်းစာ
တစ်ခုလုံးကိုမွတ်မွတ်ကြေအောင်
တပည့်တတ်မြောက်ခဲ့ပြီဆရာ............
ချစ်တတ်သွားလို့မချစ်ချင်တော့ပါ
ရင်ခုန်တတ်လို့ရင်မခုန်ချင်တော့ပါ
ဒီအချစ်  ဒီအလွမ်းးးးးး
အချစ်သင်ခန်းစာ
သင်ရိုးညွှန်းတမ်းးး
ဘယ်သောအခါမှ
လှန်မကြည့်တော့ပါဟု
ရင်တွင်းဆိုစကားးး
ဆရာတစ်ယောက်..............ကြားသိပါစေ။