နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ရင်
အိပ်ယာမ၀င်ခင်နှစ်နာရီအလိုမှာ ရေနွေး နွေးနဲ့ရောစပ်ပြီးရေချိုးပါ ။ ခန္ဓာကိုယ်ရဲ့ အပူချိန်လျော့သွားတာဟာ
ဥိးနှောက်ကိုအိပ်ဖို့အချက်ပေးတာနဲ့တူတာမို့အိပ်ယာမ၀င်ခင်ရေခပ်နွေးနွေးနဲ့ ရေချိုးတဲ့အချိန်မှာ အပူချိန်မြင့်မားလာပြီး
ရေချိုးခန်း ကထွက်လာတဲ့နောက်မှာအပူချိန်သိသိသာသာလျော့ကျဆင်းသွားပါတယ်။
အသားအရေနုပျိုစေတဲ့ အာဟာရ ကတော့
လက်ဖက်စိမ်း/ လက်ဖက်ရည်ကြမ်းနဲ့ အိမ်လုပ်သစ်သီးဖျော်ရည် တွေမှာအင်တီအောက်ဆီးဒင့်တွေပါဝင်တဲ့
အတွက် အရေပြားရောင်ရမ်း ထိခိုက်မှု လျော့ ကျတာ / အရေးကြောင်းထင်တာ /
အရေပြားထိခိုက်တာနဲ့ အမာရွတ် ထင်တာတွေကိုလျော့ကျစေတဲ့အစွမ်းသတ္တိရှိပါတယ်။
မိန်းကလေးတွေမျက်နှာ အရေးကြောင်းကင်းစင်စေတဲ့ နည်းလေးကတော့
ချောကလက်စားပေးပါ။ ချောကလက်မှာ ပါဝင်တဲ့ ကိုကိုးးမှာ ဖလေနော နှစ်မျိုးဖြစ်တဲ အက်ပီကက်တီချင်နဲ့
ကတ်တီ ချင်တွေဟာ အရေပြားနေလောင်တာကို ကာကွယ်ပေး ပြီးအရေပြားဆဲလ် တွေရဲ့သွေးလှည့်ပတ်မှုကို အားပေးပါတယ်။
ကန်စွန်းရွက်ရဲ့အာနိသင်
ကန်စွန်းရွက်သုပ်စားရင် ပန်းနာရင်ကျပ်ရောဂါ /အအေးမိ/ချောင်းဆိုး/ လေပြွန်ရောင်ရမ်းတာတွေကိုသက်သာစေပါတယ်။
ကန်စွန်းရွက် ဟာ အဆိပ်တားအာနိသင်ရှိသလို ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်လည်းရှိပါတယ်။
ုူ အသားဝါဖြစ်နေသူများ
ခ၀ဲသီးအရည်ကို အသားဝါဖြစ်နေသူများက အိမ်သုံးအစာတစ်မျိုး အဖြစ်သုံးစွဲ ပါတယ်။
ခ၀ဲသီးဖျော်ရည်တစ်ခွက်ကိုတစ်ခြားဟင်းသီး ဟင်းရွက်တွေနဲ့ ရောပြီး နံနက်စောစောသောက်ပေးရင် ကိုယ်ခံအားလည်းကောင်း
လာသလို အသားဝါဖြစ်ခြင်းမှလည်းလျော့ကျစေပါတယ်။
No comments:
Post a Comment