သူငယ်ချင်းအပေါင်းပျော်ရွှင်ကြပါစေ

Friday, August 17, 2012

ချိုင်းမည်းခြင်း

ချိုင်းနေရာဟာ ခန္ခာကိုယ်ပေါ်က အထိအတွေ့ နူးညံပြီး အထိမခံတဲ့နေရာနုလေးတစ်ခုဖြစ်ပါတယ်။ ချိုင်းမည်းရတဲ့ အကြောင်းရင်းတွေထဲမှာ စိတ်မကောင်းရတဲ့ အကြောင်းရင်း တစ်ခုကတော့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်တဲ့ အချက်ပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရသလည်း ဆိုတာလဲ သိပ္ပံ ပညာအရ မရှင်းပြနိုင်သေးပါဘူး။ နောက်ထပ် အကြောင်းရင်း တစ်ခုကတော့ ချိုင်းမွှေးရိတ်ခြင်းကြောင့် ချိုင်းမည်းရတာပါ။ ဒီ အကြောင်းရင်းဟာ ပျိုမေတိုင်း မှားလေ့မှားထ ရှိတဲ့ အကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။နောက်ဆုံး တစ်ချက်ကတော့ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ ချိုင်းမွှေးလိမ်းတောင့်၊ စပရေးတို့ကြောင့် ချိုင်းမည်းရခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာလည်း ချိုင်းမည်း ရတတ်ပါသေးတယ်။ဒီ အဖြစ်ဆန်းကိုလည်း သိပ္ပံပညာ၊ ဆေးပညာ အရ မရှင်းပြနိုင်သေးပါဘူး။ ဘဇာဖြစ်နေဆဲ ပုစ္ဆာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။လူတိုင်း မဖြစ်ပေမယ့် လူတော်တော်များများ ဖြစ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ မယ်လနင်ဓာတ်တွေ ခန္ခာကိုယ်က အထုတ်များတဲ့ အတွက် ချိုင်းမည်းရတာပါလို့ တချို့က ဆိုပါတယ်။နောက်ဆုံး တစ် ချက်ကတော့ ခန္ခာကိုယ်ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလို့ ချိုင်းမည်းရတာ ဖြစ်ပါတယ်။
ဖြေရှင်းနည်း
၁။ချိုင်းမည်းတာကို ဖြေရှင်းတဲ့ အခါမှာ တစ်ချို့ အိမ်ရှင်မတွေက ထုံးရေကြည်လေးနဲ့ သုတ်လေ့ရှိပါတယ်။ ရေချိုးပြီးစ အချိန်မှာ လိမ်းလေ့ ရှိပါတယ်။
၂။ဖြစ်နိုင်လျှင် ချိုင်းမွှေးလိမ်းတောင့်တွေ မသုံးပါနဲ့။အနံ့အသက်ကို ရေချိုးပြီး ဖြေရှင်းနိုင်ရင် ချိုင်းမွှေးလိမ်းတောင့်တွေ မသုံးစေချင်ပါ ဘူး။တချို့ ချိုင်းမွှေးလိမ်းတောင့်တွေမှာ အမွှေးအနံ့တို့ ပါရှိတတ်ပါတယ်။သုံးမယ်ဆို မိမိအသားအရေနဲ့ ဓာတ်တည့်တဲ့ ဟာကိုပဲ သုံးပေးပါ။
၃။သံပရာသီးစိတ် အခွံနဲ့ ပွတ်ပေးပါ။ဒါပေမဲ့ တစ်ပတ်ကို တစ်ကြိမ်ပဲ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ရေချိုးပြီးခါစ အချိန်မှာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
၎။အလှကုန်တွေဖြစ်တဲ့ Whitening Lotion,cream တွေကို သုံးပေးပါ။ဓာတ် မတည့်တဲ့ဟာကို ရှောင်ပြီး သုံးပေးပါ။တစ်ချို့ အလှကုန် တွေနဲ့ ဓာတ်မတည့်တဲ့သူတစ်ချို့ရှိတတ်ပါတယ်။ ဓာတ်မတည့်တဲ့ဟာ သုံးမိရင် ချိုင်းမည်းတာ မဖြူဘဲ ပိုပြီး ဆိုးရွား လာတတ်ပါတယ်။
၅။နောက်ပြီး အရမ်းကို ကျပ်ထုပ်တဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။ ချိုင်းနေရာကို လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားမျိုးတွေ ဝတ်ပေးသင့်ပါတယ်။ချိုင်းနေရာဟာလည်း ချွေးပေါက်တွေရှိတဲ့ အတွက် ဖြစ်ပါတယ်။အဝတ်အစားဟာ အရမ်း ကျပ်ထုပ်နေတဲ့အခါ အဝတ်အစားနဲ့ ချိုင်းအရေပြားတို့ဟာ ပွတ်တိုင်မှု များပြီး လေဝင်လေထွက် မရတဲ့အတွက် dead cells တွေဖြစ်ကာ မည်းလာတတ်ပါတယ်။
၆။ဗီတာမင်အီး အဆီဟာလည်း ချိုင်းကို ဖြူစေပါတယ်။
၇။အုန်းဆီနဲ့လည်း ချိုင်းကို လိမ်းနိုင်ပါတယ်။အုန်းဆီဟာလည်း ချိုင်းမည်းတာ ပျောက်ကင်းစေနိုင်တယ်။
၈။အာလူးကို ကြိတ်ပြီး ထွက်လာတဲ့အရည်နဲ့လည်း ချိုင်းကို လိမ်းပေးပါ။ဒါပေမဲ့ တစ်ပတ် တစ်ကြိမ်လောက်ပဲ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ကာကွယ်နည်း
၁။ချိုင်းမွှေးရိတ်တာကို ရှောင်ကြဉ်ပါ။အလွန်အကျွံ မနှုတ်ပါနဲ့။
၂။ရေမှန်မှန် ချိုးပေးပါ။ရေဓာတ်လည်း မခြောက်ခမ်းပါစေနဲ့။ခန္ခာကိုယ်က လိုအပ်တဲ့ ရေဓာတ်ပမာဏပြည့်ဝနေပါစေ။
၃၊ခန္ခာကိုယ်နဲ့ ဓာတ်မတည့်တဲ့ အလှကုန် မှန်သမျှ မသုံးပါနဲ့။
၎။ရေချိုးတိုင်း ချိုင်းကို သေချာပွတ်သပ် သန့်စင်ပေးပါ။
ရှောင်ကြဉ်သင့်သည့်အချက်များ
၁။အဝတ်အစား ကျပ်ကျပ်ဝတ်ပြီး အားကစား လုပ်တာကို ရှောင်ကြဉ်ပါ။
၂။အလွန်အကျွံ ချိုင်းမွှေး လိမ်းတောင့်သုံးတာ ရှောင်ကြဉ်ပါ။အထူးသဖြင့် ချွေးထွက်များတဲ့သူတွေ ပိုပြီး သတိထားရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment