အိမ်ရှင်မတွေမီးဖိုချောင်မှာအသုံးပြုတဲ့ကြက်ဥကလည်းအလှအပမှာ အသုံးဝင်တဲ့
အရာတစ်ခုပါပဲ။ကြက်ဥကစားလို့ရှိရင်လည်းအာဟာရဓါတ်နဲ့လည်းပြည့်ဝသလို အလှအအတွက်လည်းအေ၇းပါတဲ့
အရာတစ်ခုပါပဲ။ ကြက်ဥကိုအလှအပအတွက်အသုံးပြုနည်းတွေကတော့
ကြက်ဥတစ်လုံးကို ဖောက်ပြီး ပန်းကန်လုံးထဲမှာ နှံ့အောင်ခလောက်ပြီးမွှေ ပြီး ဘာမှမထည့်ပဲ
ဒီတိုင်း မျက်နှာပြင်ပေါ်မှာ ဒိတိုင်းပွတ်လိမ်း ပေးနိုင်ပါတယ်။ လိမ်းတဲ့နေရာမှာ လည်း မျက်နှာပြင်မှာ သနပ်ခါးလိမ်းသလို
လိမ်းပေးရပါမယ်။ကြက်ဥကိုတစ်ကြိမ်တည်းနဲ့ အကုန်လိမ်းရမှာမဟုတ်ပဲနဲ့ တစ်ဝက်စီခွဲလုပ်ရမှာဖြစ်ပါတယ်။
အဲ့လိုလိမ်းပြီးခြောက်အောင်ထားရပါမယ်။ ခြောက်ပြီဆိုတာနဲ့ရေခပ်နွေးနွေးလေးနဲ့အ၀တ်နဲ့မျက်နှာကို ဆေးကြောပြစ်ပြီး
နောက်တစ်ကြိမ်ထပ်လုပ်ပါ။ မျက်နှာမှာရှိတဲ့ကြေးညှော်တွေကို သန့်ရှင်းစင်ကြယ်ရုံသာမက မျက်နှာ အသားအရည်လျော့တိလျော့တွဲ
ဖြစ်တာမျိုးကိုလည်းကာကွယ်ပေးပြိးအသားအရည်ကိုတင်းတင်းလေးဖြစ်နေစေပြီးလှပစေပါတယ်။
ပြီးတော့အသားအရည်ကိုလှပပြီးဖြူချင်တဲ့လူတွေအတွက်ကျတော့ ကိုပေါင်းတင်မယ့်ကြက်ဥထဲမှာ ဂျုံမှုန့်အနည်းငယ်ရယ်သစ်သီး
တစ်ခုခုကညှစ်ယူထားတဲ့အရည်ကိုပါရောခေါက်ပြီးမျက်နှာကိုတစ်ပတ်မှာ သုံးကြိမ် ပုံမှန်လုပ်ပေးခြင်းဖြင့်နူးညံ့ဖြူစင်တဲ့
လှတစ်မျက်နှာကိုပိုင်ဆိုင်ကြမှာပါ။
hi
ReplyDelete