Tuesday, August 14, 2012
ခုခေတ်လူငယ်များသိစေဖို့ရာ
ခုခေတ်ကအိုင်တီခေတ်ကြီးဖြစ်သလိုဘယ်အရာမဆိုပညာရေးနဲ့ထိုးဖောက်ဖို့ခေတ်ကာလဖြစ်လာကြပါပြီ။
ဒါကြောင့် ပညာရေးကို မိဘတွေကဘက်ကလည်းအားပေးဖို့လိုလာသလိုသားသမီးတွေဘက်ကလည်းလိုလိုလားလားနဲ့သင်ယူဖို့
ခေတ်ဖြစ်လာပါပြီ။ပိုက်ဆံရှိ၇င်ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့စကားက 100% မမှန်ဘူးလို့ထင်မိပါတယ်။
ဘာလို့လဲဆိုတော့ ပိုက်ဆံရှိပေမယ့် ပညာမတတ်တော့အခက်အခဲဖြစ်တဲ့လူတွေအများကြီးမြင်ဘူးပါတယ်။
ဥပမာတစ်ခုပြောပြရရင် လူတစ်ယောက်ပါသူကပိုက်ဆံအရမ်းရှိတယ်လေ။တစ်နေ့သူကဖုန်းဝယ်တယ်
ဒါပေမယ့်သူကအင်္ဂလိပ်စာမဖတ်တတ်ဘူးလေအဲ့တော့သူ့မှာအခက်အခဲရှိတာပေါ့။ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာတောင်
ကိုယ်ကမလုပ်တ်မဖတ်တတ်တော့သူများအမြဲအားကိုးနေကတော့တစ်ချို့လူတွေကကဲ့ရဲ့တဲ့အခါတွေလည်းရျိတာပေါ့
ဒီလိုပြောပြတာကသူ့ကိုကဲ့ရဲ့ချင်လို့မဟုတ်ပါဘူးး။ပညာမတတ်ရင်ဘယ်လိုအခက်အခဲဖြစ်တယ်ဆိုတာလေးကိုသိစေချင်လို့ပြောပြ
ရခြင်းဖြစ်ပါတယ်။ ဒါကြောင့်ခုခေတ်မှာ မိမိတို့က တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးပြီးဆိုတာနဲ့မိမိတို့ဘ၀က လောကကြီးကိုရင်ဆိုင်
ဖို့အရွယ်စတင်ရောက်လာပါပြီ။ ဒါကြောင့်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးပြီဆိုတာနဲ့ ကွန်ပြူတာ / excel/photoshop/ DTP/...etc
ဒါကကွန်ပြူတာပိုင်းနဲ့ပတ်သတ်လို့ပါအများကြီးထဲကမှမိမိတို့အမှန်တကယ်စိတ်ဝင်စားရာအားသန်ရာတစ်ခုခုကိုပရော်ဖက်ရှင်နယ်ဖြစ်အောင်
လေ့လာသင့်ပါတယ်။ပိုက်ဆံတတ်နိုင်လို့အကုန်လုံးကိုတတ်ထားရင်တော့အကောင်းဆုံးပေါ့။မိမိတို့ကပိုက်ဆံမတတ်နိုင်လို့တစ်ခု
လောက်ကိုတတ်ရင်လည်းအမှန်တကယ်ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ဘယ်အရာကိုမဆိုမိမိလုပ်တဲ့အရာကို
ထိပ်ဆုံးကိုရောက်အောင်ကြိုးစားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားရင်ဘာမဆိုဘယ်အရာမဆိုအောင်ြမင်မှာအမှန်ပါ။
နောက်လေ့လာစရာတွေကတော့ LCCI စာရင်းကိုင်ပညာပါ'ဒါကလည်းတကယ်လုပ်ငန်းခွက်ဝင်မယ်ဆိုရင်မရှိမဖြစ်
တတ်ထားကမယ့် သင်တန်းတစ်ခုပါပဲ။နောက် ပြီးအင်္ဂလိပ်စာ 4skills / နောက် မိမိတို့ကထပ်လေ့လာချင်တယ်
ပညာတကယ်လိုချင်တယ်ဆိုရင်တော့တရုတ်ဘာသာစကား/ဂျပန်/ကိုရီးယားစသဖြင့်လေ့လာစရာတွေများပါတယ်။
အဲ့ထဲကမှအဓိကကျတဲ့ဘာသာစကားလေ့လာမယ်ဆိုရင်တော့အင်္ဂလိပ်နဲ့တရုတ်ကို လေ့လာစေချင်ပါတယ်။
အင်္ဂလိပ်စာကတော့နိုင်ငံတကာသုံးဘာသာစကားမို့မဖြစ်မနေတတ်ထားသင့်ပါတယ်။တရုတ်ဘာသာစကားကတော့ခုတရုတ်တွေရဲ့
စီးပွားရေးကအလွန်ကျယ့်ပြန့်လာတာနဲ့အမျှနောက်မြန်မာပြည်နဲ့တရုတ်ဆက်စပ်တဲ့ရုံးတွေဖွင့်ရင်စကားပြန်အမြော်ကအမြားလိုအပ်
လာနိုင်ပါတယ်။ဒါဆိုရင် မိမိတို့တတ်ထားတဲ့ဘာသာစကားကအသုံးဝင်လာနိုင်ပါတယ်။ဒါကြောင့် ခုခေတ်လူငယ်တွေကအချိန်ကို
တန်ဖိုးဖိုးရှိရှိအသုံးချဖို့အရေးကြီးပါတယ်။ ခုခေတ်ဆိုမိမိတို့သိချင်တဲ့အကြောင်းပညာတွေက်ုလည်းအင်တာနက်ကနေတစ်ဆင့်လေ့လာနိုင်တဲ့ခေတ်ကြီးမို့
ခုခေတ်လူငယ်တွေအတွက်များစွာအဆင်ပြေပါတယ်။ လူငယ်တွေ ပညာရေးတိုးတက်ကြပါစေ
Tuesday, August 7, 2012
မျက်နှာမှာ အစက်အပျောက်တွေဖြစ်နေသလား?
သူငယ်ချင်းတို့ရဲ့မျက်နှာမှာ အစက်အပျောက်ဖြစ်ရင် အရမ်းစိတ်ညစ် ရပါတယ်။
တစ်ချို့ဆို ရုပ်ကချောပေမယ့်မျက်နှာက အစက်အပျောက်တွေကြောင့်အလှပျက်လို့စိတ်ညစ်ကြရတာပေါ့။
ဒီလိုဖြစ်နေတဲ့သူငယ်ချင်းများအတွက် အစက်အပျောက်တွေအဝေးကို ထွက်သွားရစေမယ့်နည်းလမ်းလေးပေးလိုက်ပါတယ်။
ဦးဆုံးအနေနဲ့ မျက်နှာကိုအရင်သန့်စင်ပြစ်ကပါမယ်။မျက်နှာမှာရှိတဲ့ သနပ်ခါး/ မိတ်ကပ် တွေကိုအရင်ဆုံး ဖယ်ရှားပြစ်ကပါ့မယ်။
ပြီးရင်သံပုရာသီးကိုအစိတ်လေးတွေစိတ်ပြီး မျက်နှာမှာ အစက်အပျောက်ရှိတဲ့နေရာကိုကပ်ပေးထားကပါမယ်။
15 မိနစ်ပဲကပ်ကပါမယ်နော်။ ကြာရင်မကောင်းပါဘူး။သံပုရာသီးနဲ့လည်းမျက်နှာကိုကပ်ထားရုံသာကပ်ပြီး
သံပုရာသီးနဲ့မျက်နှာကိုတော့မပွတ်တိုက်မိပါစေနဲံ့။သံပုရာသီးက အသားအရည်ကိုချွေးပေါက်ကျယ်စေပါတယ်။
သံပုရာသီးကိုမျက်နှာမှာ 15 မိနစ်လောက်ကပ်ပြီး နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် မျက်နှာမှာရှိတဲ့ အစက်အပျောက်တွေကို
ပျောက်ကင်းစေပါလိ့်မယ်။
နောက်တစ်နည်းက ထိခိုက် လွယ်တဲ့ အသားအရည်ကျတော့ သံပုရာသီးရဲ့ ဒင်္ဏကိုမခံစားနိုင်ပါဘူး။
အဲ့လိုမျိုးဆိုရင်ရှားစောင်းလက်ပတ်ကအကောင်းဆုံးပါပဲ။ရှားစောင်းလက်ပတ်ကထွက်တဲ့ဂျယ်လီ လေးကိုမျက်နှာမှာ
ပုံမှန်လိမ်းပေးခြင်းအားဖြင့်အသားအရည်ခြောက်ခြင်းအတွက်ကောင်းသလို အစက်အပျောက်တွေအတွက်လည်းအထူးကောင်းမွန်ပါတယ်။
အချိုရည်သောက်ခြင်းကိုရှောင်ရှားသင့်ပြီးရေကိုများများသောက်ပေးပါ ။ယခုပြောတဲ့အချက်တွေကို အသုံးပြုခြင်းအားဖြင့်
မျက်နှာပေါ်မှာအစက်အပျောက်ဖြစ်ခြင်းတွေကိုပျောက်ကင်းစေပါတယ်။
အဆီပြန်တတ်တဲံ့အသားအရည်ပိုင်ရှင်များအတွက်
လူအမျိုးမျိုးအစားအစားရှီသလိုပဲအသားအရည်အမျိုးအစားကလည်းတစ်ယောက်နဲံတစ်ယောက်မတူတတ်ကြပါ
တစ်ချို့ကအသားခြောက်တယ်/တချို့ကျ
တော့လည်း အသား အရည်က အဆီပြန်
တတ်တယ်။နောက်တစ်ခုကပေါင်းစပ်အသားအရည်တစ်ချို့ကျတော့လည်းထိခိုင်လွယ်တဲံအသားအရည်ဆိုပြီး
အသားအရည်အမျိုးမျိုးရှိကြပါတယ်။
အဲ့လိုအဆီပြန်ခြင်းမှ ကာကွယ်
နိုင်ရန်နည်းလမ်းလေးပေးလိုက်ပါတယ်။အဆီပြန်တဲ့ အသားအရေ
ပိုင်ရှင်တွေရဲ့မျက်နှာဟာ ပြောင်ဝင်းနေတတ်ပါတယ်။ ချွေးပေါက်ကျယ်တွေ
ရှိတတ်ပြီး ၀က်ခြံ၊ အမဲစက်နဲ့ အမာရွတ်တွေလဲ ပိုပြီးဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် မျက်နှာကို အမြဲဂရုတစိုက်နဲ့ သန့်စင်ပေးရပါမယ်။
အဆီပြန်တဲ့သူများအနေနဲ့
ပြုလုပ်သင့်သည့်ကာလ--- တစ်ပတ်မှာနှစ်ကြိမ်အမြဲပြုလုပ်သင့်ပါတယ်။
ပြုလုပ်ပုံ ကြက်ဥတစ်လုံးရဲံအကာကိုယူပြီး ရှာလကာရည်ကိုလက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံနဲံ့
ရောပြီး မျက်နှာမှာ ဆယ်မိနစ်ကြာအောင် လိမ်းပေးကပါမယ်။
Monday, August 6, 2012
Subscribe to:
Posts (Atom)






























