အသိမ်မွေ့ဆုံးးးအာရုံတိမ်းညွတ်မှုများ
မှော်သား လျှပ်စီးထ သွေးခုန်နှုန်း
အရောင်နဲ့....
..အရုပ်နဲ့ထပ်တူပြုလိုက်ပါတယ်။
ဘုရားသခင်စေစားရာ
ငါ့ဝိဥာဉ် ပျော်ပါးးဆော့ကစားရာ
ဂန္တ၀င် ဂီတ သဘာဝဖတ်ညွှန်း
အရောင် မှိန်မှိန်
နေ့ရက်တွေရဲ့ ခမ်းနားတောက်ပမှု
ငါဟာအညှီလား?....
ငါ့အနုပညာဟာအညှီလား?...
ဆေးသားးပျစ်ပျစ် ပေါ်ယင်တွေ တ၀ီဝီအုံခဲ
စိတ်က...ပန်းချီရေးတဲ့လက်
ငွေအတွက်
မတုန်ခါစတမ်းပေါ့
လက်တွေ့မှာ
မိသားစုတစ်ခုလုံးစုတ်တံပေါ်ပြုတ်ကျနေခဲ့...။ ။
Wednesday, August 22, 2012
အထွေထွေဗဟုသုတ
ဒူးရင်းသီးနံ့ပျောက်စေဖို့
ဒူး ရင်းသီးကိုရေခဲသေတ္တာထဲ ထည့်ထားမိတယ်ဆို၇င် ဒူးရင်းသီးအနံ့ကစဲါနေတတ်ပါတယ်။
အနံ့ပျောက်ချင်တယ်ဆိုရင် ပေါင်မုန့်တစ်ချပ်ကိုလှီးပြှးေ၇ခဲသေတ္တာထဲထည့်ထားပေးပါ။
ပေါင်မုန့်က ရေခဲသေတ္တာထဲကအနံတွေကိုစုပ်ယူပြီးအနံ့အသက်တွေကိုကာကွယ်စေပါတယ်။
ဒါလေးကတော့အိမ်ရှင်မများအတွက်နည်းလမ်းကောင်းလေးတစ်ခုပါ။
အကျိုးဖြစ်စေတဲ့ခ၇မ်းချဉ်သီး
ခရမ်းချဉ်သီးရဲ့အခွံတွေမှာ တစ်ခြားအသီးအနှံတွေနဲ့မတူပဲ ဗီတာမင် C ပါဝင်မှုရာနှုန်းပြည့်မြင့်မားပါတယ်။
ဒါကြောင့်ခ၇မ်းချဉ်သီးဖျော်ရည်သောက်တဲ့အခါဖြစ်စေ စားသုံးတဲ့အခါဖြစ်စေ အခွံကို ခွာမပစ်ပဲစားပါ။.
ဗီတာမင် C ဟာ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပြိး အနာကျက်နှုန်းကိုလည်းမြန်စေပါတယ်။
အသားအရေအတွက်လည်း လှပစေတဲ့ အကျိုးကိုဖြစ်စေပါတယ်။
သုံးပြီးသားရှောက်သီးတွေမလေစေဖို့
တစ်ခါတစ်လေမှာ ရှောက်သီးနည်းနည်းလိုချင်တာနဲ့ ရှောက်သီးကိုလှီးမိပြီး မသုံးမိတဲ့အခါ
ရှောက်သီးကပုပ်ပြီးလွှတ်ပစ်ရတဲ့အခါမျိုးရှိတတ်ပါတယ်။ ဒီလိုမျိုးမဖြစ်ရလေအောင်နည်းလမ်းလေးတစ်ခုရေးပေးလိုက်ကပါတယ်။
ရှောက်ရည်လိုချင်တဲ့အခါမျိုးမှာ သွားကြားထိုးတံလေးနဲ့ ရှောက်သီးကိုဖောက်ပါ။
လိုသလောက်အရည်ညှစ်ယူပြီးတဲ့အခါ ဖောက်ထားတဲ့အပေါက်ကို သွားကြားထိုးတံလေး နဲ့ ပြန်ပိတ်ထားပါ။
ရေခဲသေတ္တာထဲသိမ်းထားပြီးနောက်လိုအပ်တဲ့အခါပြန်သုံးနိုင်ပါတယ်။အကယ်လို့ မိမိအိမ်မှာက
ရေခဲသေတ္တာမရှိခဲ့ဘူးဆိုရင် တော့ ရေဇလုံေးကိုအောက်ကခံ ပြီးရင်ရေဇလုံပေါ်မှာ ပန်းကန်လေးတစ်ချပ်တင်ပြီး ထိုပန်းကန်ပေါ်မှာ ရှောက်သီးကိုတင်ပြီးသိမ်းထားနိုင်ပါတယ်အပေါ်ကအ၀တ်ပါးလေးအုပ်ထားရင်
အကောင်းဆုံးပါပဲ။
အဆီပိုကျစေပြီးအဟာ၇ဓါတ်ပြည့်ဝစေဖို့ရာ
ကုလားပဲကိုနေ့စဉ်မှန်မှန် 12 ပတ်ခန့်စားမယ်ဆိုရင် အဆီပိုတွေကို 5 ရာခိုင်နှုန်းအထိကျစေပါတယ်။
ကုလားပဲစားပြီးရင် ဗိုက်ပြည့်နေတတ်ပြီး ဆာလောင်ခြာင်းမဖြစ်စေတဲ့အတွက် သရေစာခဏခဏ
စားခြင်းကိုလျော့ကျစေတဲ့အတွက် အ၀လွန်ခြင်းကိုမဖြစ်စေပါဘူး။
ပဲမှာသတ္တုဓါတ်ကြွယ်ဝစွာ ပါဝင်တာမို့ အဆီပိုမရှိပဲကျစ်လျစ်စွာလှချင်သူများအတွက် အကောင်းဆုံးအစာတစ်ခုပါပဲလို့တိုက်တွန်းပါရစေ။

Friday, August 17, 2012
ချစ်နေဆဲပါ
နေ
့တိုင်းအသက်ရှင်ရဦးမယ်ဆိုတာ သတိရစရာမလိုပါဘူး
ဒါပေမယ့် ငါနင့်ကို သတိရတိုင်းမှာ အသက်ရှုဖို့ ကိုသတိမရဘူး
အဲဒါနေ့ တိုင်းပဲ
"" ပိုးဟပ်ဖြူ အတွက် အကောင်းဆုံး ဟာသ ""
ပိုးဟပ်ဖြူ ရေ ...
ငါဟာ ရယ်စရာ သိပ်ပြောတတ်တာပေါ့ဒါပေမယ့် ငါဟာ ရယ်စရာ ကောင်းတဲ့လူတစ်ယောက်တော့ မဟုတ်ဘူးနော်
ငါ့ အချစ်ကို မင်းဟားတိုက်ပစ်လိုက်မှာ
ပျက်ရယ် ပြုလိုက်မှာ
ပျက်လုံးတစ်ခုလိုသဘောထား....ပေါ့ပေါ့တန်တန် ရယ်မောပစ်လိုက်မှာလား
စိုးရိမ်တတ်တာရယ် နောက်တစ်ခုငါလုပ်တတ်တာ
မင်းကို သိပ်ချစ်တတ်တာရယ်
အဲဒါတွေကလွဲရင်
ဘာမှ ငါ့မှာမရှိတော့တာ
ဘာကိုမှ ငါ ရှာမတွေ့တော့တာ
နေဦး......
ဒါက မင်းအတွက် သိပ်ရယ်စရာ ကောင်းဦးမှာမဟုတ်သေးဘူး ။
တစ်ခါတလေပေါ့ မာရီယာ
မင်း လှည့်ကြည့်သင့်တယ်ကွယ်
ငါဟာ ဒီမှာ ဒူးထောက်တောင်းပန်နေတယ် ဆိုတာပေါ့
ပြီးတော့
မင်း လိုချင်တဲ့ အရာတွေကို အရယူပေးဖို့ ကြိုးစားနေဆဲဆိုတာ
မင်း လမ်းဆက်လျှောက်နိုင်ဖို့ ငါ့ရဲ့ကျောကို ခင်းပေးထားတယ်ဆိုတာ
မင်း ပျော်ရွှင်နိုင်ဖို့ ငါအရမ်းကြီး စိတ်ညစ်ခဲ့ရတယ်ဆိုတာ
ဘာကို ဘာကိုမှ မင်းတကယ်မသိဘူးဆိုတာ
ဆိုတာ ဆိုတာ ဆိုတာတွေ....
ဘယ်အရာမှာမှ မအောင်မြင်ခဲ့တဲ့လူတစ်ယောက်ကို
တိုက်စရာ ရေတစ်ခွက်တောင် မင်းမှာမရှိတော့တာ
............................................................
..........................................................
ဒီ ဟာသ ကို ငါ ဘယ်တော့မှ မမေ့ဘူး
ငါ ဘယ်တော့မှ မရယ်ဘူး ။
ငါဟာ ရယ်မောရန်အတွက် အမြဲတမ်း နာကျင်နေတတ်တဲ့သူ။
နာကျင်ရင်းနဲ့ အမြဲရယ်မောနေတဲ့သူပေါ့။
ငါပြောမယ် ကမ္ဘာကြီး ရေ
မာရီယာ ကလွဲရင် ဘယ်အရာနဲ့မှ ငါ့ကိုလာဘ်ထိုးဖို့ မကြိုးစားပါနဲ့
ငါပြောမယ် မာရီယာ…ကမ္ဘာကြီးဆီမှာ ငါအလိုချင်ဆုံးက မင်းတစ်ယောက်ကိုပဲ။

ငါဒီလောက်တုံးအတာ
ငါ့ကိုဂရုမစိုက်ဘဲ နင်နေရက်ခဲ့သလား?
ငါဒီလောက်တုံးအတာ
ငါ့ကို လူအ,မလေး၊ လူတုံးမလေးလို့ နင်ခေါ်ပြီး
ငါ့ကိုဂရုမစိုက်ဘဲ နင်ထားရက်ခဲ့သလား?
ငါ့ကိုဂရုမစိုက်ဘဲ နင်နေရက်ခဲ့သလား?
ငါဒီလောက်တုံးအတာ
ငါ့ကို လူအ,မလေး၊ လူတုံးမလေးလို့ နင်ခေါ်ပြီး
ငါ့ကိုဂရုမစိုက်ဘဲ နင်ထားရက်ခဲ့သလား?
ငါဒီလောက်တုံးအတာ
နားထောင်ကောင်းတဲ့ စကားတွေမပြောတတ်လို့
နင့်ကိုစိတ်ဆိုးစေခဲ့ပြီ
နင်စိတ်ဆိုးတိုင်း ငါမှားတယ်.. ငါမှားပါတယ်လို့ပဲ ငါပြောတတ်ခဲ့တာ။
ငါဒီလောက်တုံးအတာ
နင့်ကိုသိပ်ချစ်ကြောင်း ငါမဖွဲ့နွဲ့ပြတတ်လို့
နင့်ကိုချစ်တယ်.. နင့်ကိုလွမ်းတယ်လို့ပဲ ငါအမြဲပြောနေခဲ့တာ။
ငါဒီလောက်တုံးအတာ
အေးရင် အနွေးထည် မထပ်တတ်
ဆာရင် အဆာခံတတ်တဲ့ငါ့ကို
နင်ဂရုမစိုက်ဘဲ ထားရက်ခဲ့သလား?
ငါဒီလောက်တုံးအတာ
ချွဲချွဲနွဲ့နွဲ့စကားတွေလည်း မဆိုတတ်ဘူး
ရိုမန်တစ်ဆန်ဆန်လည်း မနေတတ်ဘူး
နင့်ကိုဖက်ပြီး တစ်မိနစ်တောင်မခွာ ရှိနေချင်ခဲ့တာ။
ငါဒီလောက်တုံးအတာ
ကံကောင်းလို့ နင်နဲ့တွေ့ဆုံခဲ့ပေမယ့်
အဝေးကို နင်ထွက်မသွားဖို့ မတားနိုင်လောက်အောင်ကို ငါတုံးအခဲ့တာ
ငါဒီလောက်တုံးအတာ
ဒါပေမယ့် နင့်ကိုအရမ်းချစ်ခဲ့တယ်
ငါ့ကို ဘာဖြစ်လို့ နင်စွန့်လွှတ်ခဲ့ရက်သလဲ?
ငါဒီလောက်တုံးအတာ
တုံးတုံးအအနဲ့ နင့်ကိုချစ်နေဆဲပါ
တုံးတုံးအအနဲ့ နင့်ကိုလွမ်းနေဆဲပါ
တုံးတုံးအအနဲ့ ဒီစာကိုရေးနေဆဲပါ
တုံးတုံးအအနဲ့ ဒီလိုစာကိုဖတ်နေဆဲပါ
ငတုံး, ငအဆိုပြီး နင်လှောင်ရယ်နေမလား?
ငါ တုံးအတာ မှားသွားသလား?
.
ဓါတ်ပုံလေးတွေပြင်ကြမယ်
ဒီတစ်ခါမှာတော့ စာပေနန်းတော် စာဖတ်ပရိတ်သတ်များအတွက်နည်းပညာလေးတစ်ခုဝေမျှလိုက်ရပါတယ်။
ဒါလေးကတော့မိမိတို့ဓါတ်ပုံလေးတွေကိုမိမိတို့စိတ်ကြိုက်အလှပြင်နိုင်မယ့်
Magic Photo editor website လေးတစ်ခုကိုပြောပြချင်ပါတယ်။
ဒီဝက်ဆိုက်မှာဆိုရင် ဓါတ်ပုံလေးတွေကိုမိမိတို့အလိုရှိသလိုပြုပြင်ပြောင်းလဲနိုင်ပြီးနောက်ခံ background ကိုလည်းစိတ်ကြိုက်ပြုပြင်နိုင်မှာဖြစ်ပါတယ်။
ဆိုဒ်လိပ်စာလေးကတော့Website: http://www.picget.net
Email: picget@gmail.com
Download
and try the latest version Magic Photo Editor from our website:
��
Download more beautiful
background pictures for Magic Photo
Editor from our website
��
��
Purchase Magic Photo Editor online from our
website
��
��
Get more information about Magic Photo Editor at our
website
��
ကြက်ဥတစ်လုံးရဲံ့အရေးပါပုံ
အိမ်ရှင်မတွေမီးဖိုချောင်မှာအသုံးပြုတဲ့ကြက်ဥကလည်းအလှအပမှာ အသုံးဝင်တဲ့
အရာတစ်ခုပါပဲ။ကြက်ဥကစားလို့ရှိရင်လည်းအာဟာရဓါတ်နဲ့လည်းပြည့်ဝသလို အလှအအတွက်လည်းအေ၇းပါတဲ့
အရာတစ်ခုပါပဲ။ ကြက်ဥကိုအလှအပအတွက်အသုံးပြုနည်းတွေကတော့
ကြက်ဥတစ်လုံးကို ဖောက်ပြီး ပန်းကန်လုံးထဲမှာ နှံ့အောင်ခလောက်ပြီးမွှေ ပြီး ဘာမှမထည့်ပဲ
ဒီတိုင်း မျက်နှာပြင်ပေါ်မှာ ဒိတိုင်းပွတ်လိမ်း ပေးနိုင်ပါတယ်။ လိမ်းတဲ့နေရာမှာ လည်း မျက်နှာပြင်မှာ သနပ်ခါးလိမ်းသလို
လိမ်းပေးရပါမယ်။ကြက်ဥကိုတစ်ကြိမ်တည်းနဲ့ အကုန်လိမ်းရမှာမဟုတ်ပဲနဲ့ တစ်ဝက်စီခွဲလုပ်ရမှာဖြစ်ပါတယ်။
အဲ့လိုလိမ်းပြီးခြောက်အောင်ထားရပါမယ်။ ခြောက်ပြီဆိုတာနဲ့ရေခပ်နွေးနွေးလေးနဲ့အ၀တ်နဲ့မျက်နှာကို ဆေးကြောပြစ်ပြီး
နောက်တစ်ကြိမ်ထပ်လုပ်ပါ။ မျက်နှာမှာရှိတဲ့ကြေးညှော်တွေကို သန့်ရှင်းစင်ကြယ်ရုံသာမက မျက်နှာ အသားအရည်လျော့တိလျော့တွဲ
ဖြစ်တာမျိုးကိုလည်းကာကွယ်ပေးပြိးအသားအရည်ကိုတင်းတင်းလေးဖြစ်နေစေပြီးလှပစေပါတယ်။
ပြီးတော့အသားအရည်ကိုလှပပြီးဖြူချင်တဲ့လူတွေအတွက်ကျတော့ ကိုပေါင်းတင်မယ့်ကြက်ဥထဲမှာ ဂျုံမှုန့်အနည်းငယ်ရယ်သစ်သီး
တစ်ခုခုကညှစ်ယူထားတဲ့အရည်ကိုပါရောခေါက်ပြီးမျက်နှာကိုတစ်ပတ်မှာ သုံးကြိမ် ပုံမှန်လုပ်ပေးခြင်းဖြင့်နူးညံ့ဖြူစင်တဲ့
လှတစ်မျက်နှာကိုပိုင်ဆိုင်ကြမှာပါ။

ချိုင်းမည်းခြင်း
ချိုင်းနေရာဟာ ခန္ခာကိုယ်ပေါ်က အထိအတွေ
့နူးညံပြီး အထိမခံတဲ့နေရာနုလေးတစ်ခုဖြစ်ပါတယ်။ ချိုင်းမည်းရတဲ့
အကြောင်းရင်းတွေထဲမှာ စိတ်မကောင်းရတဲ့ အကြောင်းရင်း တစ်ခုကတော့
မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်တဲ့ အချက်ပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရသလည်း
ဆိုတာလဲ သိပ္ပံ ပညာအရ မရှင်းပြနိုင်သေးပါဘူး။ နောက်ထပ် အကြောင်းရင်း
တစ်ခုကတော့ ချိုင်းမွှေးရိတ်ခြင်းကြောင့် ချိုင်းမည်းရတာပါ။ ဒီ
အကြောင်းရင်းဟာ ပျိုမေတိုင်း မှားလေ့မှားထ ရှိတဲ့ အကြောင်းရင်း
တစ်ချက်ဖြစ်ပါတယ်။နောက်ဆုံး တစ်ချက်ကတော့ ကိုယ်နဲ့ ဓာတ်မတည့်တဲ့
ချိုင်းမွှေးလိမ်းတောင့်၊ စပရေးတို့ကြောင့် ချိုင်းမည်းရခြင်း ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင် ကာလမှာလည်း ချိုင်းမည်း ရတတ်ပါသေးတယ်။ဒီ အဖြစ်ဆန်းကိုလည်း
သိပ္ပံပညာ၊ ဆေးပညာ အရ မရှင်းပြနိုင်သေးပါဘူး။ ဘဇာဖြစ်နေဆဲ ပုစ္ဆာတစ်ပုဒ်ပဲ
ဖြစ်ပါတယ်။လူတိုင်း မဖြစ်ပေမယ့် လူတော်တော်များများ ဖြစ်လေ့ရှိပါတယ်။
ကိုယ်ဝန်ဆောင် ကာလမှာ မယ်လနင်ဓာတ်တွေ ခန္ခာကိုယ်က အထုတ်များတဲ့ အတွက်
ချိုင်းမည်းရတာပါလို့ တချို့က ဆိုပါတယ်။နောက်ဆုံး တစ် ချက်ကတော့ ခန္ခာကိုယ်
်ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလို့ ချိုင်းမည်းရတာ
ဖြစ်ပါတယ်။
ဖြေရှင်းနည်း
၁။ချိုင်းမည်းတာကို ဖြေရှင်းတဲ့ အခါမှာ
တစ်ချို့ အိမ်ရှင်မတွေက ထုံးရေကြည်လေးနဲ့ သုတ်လေ့ရှိပါတယ်။ ရေချိုးပြီးစ
အချိန်မှာ လိမ်းလေ့ ရှိပါတယ်။
၂။ဖြစ်နိုင်လျှင်
ချိုင်းမွှေးလိမ်းတောင့်တွေ မသုံးပါနဲ့။အနံ့အသက်ကို ရေချိုးပြီး
ဖြေရှင်းနိုင်ရင် ချိုင်းမွှေးလိမ်းတောင့်တွေ မသုံးစေချင်ပါ ဘူး။တချို့
ချိုင်းမွှေးလိမ်းတောင့်တွေမှာ အမွှေးအနံ့တို့ ပါရှိတတ်ပါတယ်။သုံးမယ်ဆို
မိမိအသားအရေနဲ့ ဓာတ်တည့်တဲ့ ဟာကိုပဲ သုံးပေးပါ။
၃။သံပရာသီးစိတ် အခွံနဲ့
ပွတ်ပေးပါ။ဒါပေမဲ့ တစ်ပတ်ကို တစ်ကြိမ်ပဲ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ရေချိုးပြီးခါစ အချိန်မှာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
၎။အလှကုန်တွေဖြစ်တဲ့ Whitening
Lotion,cream တွေကို သုံးပေးပါ။ဓာတ် မတည့်တဲ့ဟာကို ရှောင်ပြီး
သုံးပေးပါ။တစ်ချို့ အလှကုန် တွေနဲ့ ဓာတ်မတည့်တဲ့သူတစ်ချို့ရှိတတ်ပါတယ်။
ဓာတ်မတည့်တဲ့ဟာ သုံးမိရင် ချိုင်းမည်းတာ မဖြူဘဲ ပိုပြီး ဆိုးရွား
လာတတ်ပါတယ်။
၅။နောက်ပြီး အရမ်းကို ကျပ်ထုပ်တဲ့
အဝတ်အစားတွေ မဝတ်ပါနဲ့။ ချိုင်းနေရာကို လေဝင်လေထွက်ကောင်းတဲ့
အဝတ်အစားမျိုးတွေ ဝတ်ပေးသင့်ပါတယ်။ချိုင်းနေရာဟာလည်း ချွေးပေါက်တွေရှိတဲ့
အတွက် ဖြစ်ပါတယ်။အဝတ်အစားဟာ အရမ်း ကျပ်ထုပ်နေတဲ့အခါ အဝတ်အစားနဲ့
ချိုင်းအရေပြားတို့ဟာ ပွတ်တိုင်မှု များပြီး လေဝင်လေထွက် မရတဲ့အတွက် dead
cells တွေဖြစ်ကာ မည်းလာတတ်ပါတယ်။
၆။ဗီတာမင်အီး အဆီဟာလည်း ချိုင်းကို ဖြူစေပါတယ်။
၇။အုန်းဆီနဲ့လည်း ချိုင်းကို လိမ်းနိုင်ပါတယ်။အုန်းဆီဟာလည်း ချိုင်းမည်းတာ ပျောက်ကင်းစေနိုင်တယ်။
၈။အာလူးကို ကြိတ်ပြီး ထွက်လာတဲ့အရည်နဲ့လည်း ချိုင်းကို လိမ်းပေးပါ။ဒါပေမဲ့ တစ်ပတ် တစ်ကြိမ်လောက်ပဲ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ကာကွယ်နည်း
၁။ချိုင်းမွှေးရိတ်တာကို ရှောင်ကြဉ်ပါ။အလွန်အကျွံ မနှုတ်ပါနဲ့။
၂။ရေမှန်မှန် ချိုးပေးပါ။ရေဓာတ်လည်း မခြောက်ခမ်းပါစေနဲ့။ခန္ခာကိုယ်က လိုအပ်တဲ့ ရေဓာတ်ပမာဏပြည့်ဝနေပါစေ။
၃၊ခန္ခာကိုယ်နဲ့ ဓာတ်မတည့်တဲ့ အလှကုန် မှန်သမျှ မသုံးပါနဲ့။
၎။ရေချိုးတိုင်း ချိုင်းကို သေချာပွတ်သပ် သန့်စင်ပေးပါ။
ရှောင်ကြဉ်သင့်သည့်အချက်များ
၁။အဝတ်အစား ကျပ်ကျပ်ဝတ်ပြီး အားကစား လုပ်တာကို ရှောင်ကြဉ်ပါ။
၂။အလွန်အကျွံ ချိုင်းမွှေး လိမ်းတောင့်သုံးတာ ရှောင်ကြဉ်ပါ။အထူးသဖြင့် ချွေးထွက်များတဲ့သူတွေ ပိုပြီး သတိထားရမှာ ဖြစ်ပါတယ်။
မျက်နှာပေါင်းတင် ကြမလား
လိုအပ်တာတွေက -
-ပျားရည် ၂ ဇွန်း
-သံပရာရည် ၄ ဇွန်း ( ချက်ချင်းညှစ်ထားသော)
-ဒိန်ချဉ် ၃ ဇွန်း
-ကြက်ဥ အကာ ( ၁လုံး)
သေချာဆေးကြောပြီး အခြောက်ခံထားတဲ့ ခွက်ထဲမှာ ခုနက ပစ္စည်းအားလုံးကို ထည့် ၊ ပြီးရင် ပျစ်တဲ့ အထိ မွှေပါ ။
မျက်နှာကို အရင် facial form နှင့် သန့်စင်အောင် သစ်ပြီး ခြောက်တော့မှ လိမ်းလိုက်ပါ ။ ၁၅ မိနစ် ထားပြီး ရေနွေးနွေး ဖြင့် ညင်သာစွာ သန့်စင်လိုက်ပါ ။ ဆပ်ပြာနဲ့ ထပ်မသစ်ရတော့ပါဘူး ။
ပျားရည် မှာ ဘက်တီးရီးယား ပိုးမွှားတွေကို သေစေတဲ့ action ရှိပြီး
သံပရာ တော့ မှို တွေကို သေစေနိုင်တယ် ။ အသားဖြူစေတယ် ။ ၀က်ခြံ တွေကိုလဲ သက်သာစေတယ် ။
ဒိန်ချဉ်ကတော့ သိတဲ့အတိုင်း အသားအရေ လှပစေတယ် ။ ဖြူစေတယ် ။
ကြက်ဥထဲက protein ဟာ skin ကို အဟာရဓာတ်ပေးတယ် ။
ကိုယ်နဲ့ တည့်မတည့်တော့ အရင် စမ်းကြည့် ပြီးမှ လုပ်ကြည့်ကြပါနော် ။
လွယ်လွယ်ကူကူ လုပ်နိုင်တဲ့ နည်းလေးမို့လို့ ပြောပြလိုက်တာပါ ။
. မျက်နှာပေါင်းတင်ပြီးရင် နေပူထဲ မထွက်ပါနဲ့ ။ ဥပမာ စနေ ၊ တနင်္ဂနွေ နားမယ် ဆို သောကြာနေ့ ည ဘက်ကို လုပ်နိုင်ပါတယ် ။
အနည်းဆုံး cream တခုခုတော့ လိမ်းထားပေးပါ ။ ဘာမှမလိမ်းပဲ မနေပါနဲ့ ။
ဘာလို့လဲ ဆိုတော့ ပေါင်းတင် ပြီးရင် မျက်နှာက အရမ်းနူးညံ့သွားပါတယ် ။ အဲ့ဒီ အချိန်မှာ နေရောင်နဲ့ တွေ့ရင် တင်းတိပ် တို့နေလောင်ကွက် တို့ဖြစ်တတ်ပါတယ်

Subscribe to:
Posts (Atom)