မီးဖိုချောင်းသုံးပစ္စည်းတွေနဲ့ အလွယ်တကူ ပြုလုပ်နိုင်သလို အချိန်ကုန်သက်သာ ငွေကုန်သက်သာစေတဲ့
မျက်နှာပေါင်းတင်နည်းလေးတွေဖော်ပြပေးလိုက်ရပါတယ်ရှင်။ ဒီနည်းအတိုင်း 10 ရက်ဆက်တိုက်ပြုလုပ်မယ်ဆိုရင်
မျက်နှာအသားအရေဟာအရင်ကနဲ့မတူပဲထူးထူးခြားခြားဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်။ စမ်းကြည့်လိုက်ပါနော်။
ကဲလုပ်နည်းလေးတွေကတော့
1. သံပုရာရည်နဲ့ ပျားရည်ကို မနည်းမများရောပြီးးမျက်နှာပေါ်ကို 15 မိနစ် ခန့်နေ့စဉ်ပုံမှန် လူးပေးပါ။
2. သခွားသီးဟာအသားအရေကိုအေးမြစေတဲ့အတွက် အသားအရေလှပမှုအတွက် အထောက်အပံ့တစ်ခုပါပဲ။
ပထမဆုံးသခွားသီးကို ပါပါးလေးတွေလှီး ပြီးရင်အရည်လေးတွေညှစ်ထုတ်ပစ်။ထွက်လာတဲ့သခွားသီးအရည်ကို
မျက်နှာမှာလူးပြီးညအိပ်ပါ။ မနက်မိုးလင်းရင်မျက်နှာဟာနူးညံ့ပြီးချောမောတောက်ပြောင်နေတာကိုတွေ့ရပါလိမ့်မယ်။
3. ဂျုံမှုန့်/ နို့/ သံပုရာရည်ကို မပျစ်မကျဲရောပြီးးမျက်နှာနဲ့လည်ပင်းနားတစ်ဝိုက်ကို လူးပေးပါ။
လည်ပင်းလူးရတဲ့အကြောင်းကတော့ မျက်နှာကျဖြူပြီးလည်ပင်းကျကွက်မည်းနေမှာဆိုးလို့ပါ။
တစ်ပတ်ကိုနှစ်ကြိမ့်ခန့်ပြုလုပ်ပေးမယ်ဆိုရင် ထူးခြားကောင်းမွန်တဲ့အသားအရေကိုပိုင်ဆိုင်နိုင်ပါတယ်။
4 . ဒိန်ချဉ်နဲ့မျက်နှာကိုလူးပါ။ လူးပြီးရင် 10 မိနစ် 15 မိနစ်ခန့်အခြောက်ခံပါ။ ခြောက်ပြီဆိုတာနဲ့ ရေအေးနဲ့
မျက်နှာသစ်ပါ။ အသားအရေထဲမှာရှိတဲ့ အညစ်အကြေးနဲ့ အဆီခဲတွေပါသွားတာကိုတွေ့ရပါလိမ့်မယ်။
5. အသားဖြူချင်တယ်ဆိုရင်တော့ ဗာဒံသီးကို ကျိတ်ပြီးအရည် ကိုပျားရည်နဲ့ရောပြီး လူးပေးပါ။
6. ဂျုံမှုန့် 2 ဇွန်းကိုလတ်လတ်ဆတ်ဆတ် နွားနို့နဲ့ရောပြီး လိမ်းပါ။ မျက်နှာကို ဆပ်ပြာနဲ့သန့်စင်မယ့်အစား
ဒီလိုမျိုးသန့်စင်ပေးမယ်ဆိုရင် မျက်နှာနဲ့ အသားအရေဟာ အံ့သြစရာကောင်းအောင် ဖြူပြီးစိုပြေလာတာကို
တွေ့ရှိရပါလိမ့်မယ်။
7. ညကတည်းကစိမ်ထားတဲ့ ဗာဒံသီးကိုအခွံချွတ် အရည်ညှစ်ထုတ်ပြီးး နွားနို့ / သံပုရာရည်တို့နဲ့
ရောပြီး မျက်နှာကို ပွတ်တိုက်နှိပ်နယ်ပေးပါ။ ထူးခြားပြီးဖြူဝင်းလာတဲ့အသားအရေကို
သဘာဝကျကျတွေ့ရှိရပါလိမ့်မယ်။
Saturday, August 25, 2012
ကျန်းမာရေးအတွက်သိကောင်းစရာများ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ရင်
အိပ်ယာမ၀င်ခင်နှစ်နာရီအလိုမှာ ရေနွေး နွေးနဲ့ရောစပ်ပြီးရေချိုးပါ ။ ခန္ဓာကိုယ်ရဲ့ အပူချိန်လျော့သွားတာဟာ
ဥိးနှောက်ကိုအိပ်ဖို့အချက်ပေးတာနဲ့တူတာမို့အိပ်ယာမ၀င်ခင်ရေခပ်နွေးနွေးနဲ့ ရေချိုးတဲ့အချိန်မှာ အပူချိန်မြင့်မားလာပြီး
ရေချိုးခန်း ကထွက်လာတဲ့နောက်မှာအပူချိန်သိသိသာသာလျော့ကျဆင်းသွားပါတယ်။
အသားအရေနုပျိုစေတဲ့ အာဟာရ ကတော့
လက်ဖက်စိမ်း/ လက်ဖက်ရည်ကြမ်းနဲ့ အိမ်လုပ်သစ်သီးဖျော်ရည် တွေမှာအင်တီအောက်ဆီးဒင့်တွေပါဝင်တဲ့
အတွက် အရေပြားရောင်ရမ်း ထိခိုက်မှု လျော့ ကျတာ / အရေးကြောင်းထင်တာ /
အရေပြားထိခိုက်တာနဲ့ အမာရွတ် ထင်တာတွေကိုလျော့ကျစေတဲ့အစွမ်းသတ္တိရှိပါတယ်။
မိန်းကလေးတွေမျက်နှာ အရေးကြောင်းကင်းစင်စေတဲ့ နည်းလေးကတော့
ချောကလက်စားပေးပါ။ ချောကလက်မှာ ပါဝင်တဲ့ ကိုကိုးးမှာ ဖလေနော နှစ်မျိုးဖြစ်တဲ အက်ပီကက်တီချင်နဲ့
ကတ်တီ ချင်တွေဟာ အရေပြားနေလောင်တာကို ကာကွယ်ပေး ပြီးအရေပြားဆဲလ် တွေရဲ့သွေးလှည့်ပတ်မှုကို အားပေးပါတယ်။
ကန်စွန်းရွက်ရဲ့အာနိသင်
ကန်စွန်းရွက်သုပ်စားရင် ပန်းနာရင်ကျပ်ရောဂါ /အအေးမိ/ချောင်းဆိုး/ လေပြွန်ရောင်ရမ်းတာတွေကိုသက်သာစေပါတယ်။
ကန်စွန်းရွက် ဟာ အဆိပ်တားအာနိသင်ရှိသလို ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်လည်းရှိပါတယ်။
ုူ အသားဝါဖြစ်နေသူများ
ခ၀ဲသီးအရည်ကို အသားဝါဖြစ်နေသူများက အိမ်သုံးအစာတစ်မျိုး အဖြစ်သုံးစွဲ ပါတယ်။
ခ၀ဲသီးဖျော်ရည်တစ်ခွက်ကိုတစ်ခြားဟင်းသီး ဟင်းရွက်တွေနဲ့ ရောပြီး နံနက်စောစောသောက်ပေးရင် ကိုယ်ခံအားလည်းကောင်း
လာသလို အသားဝါဖြစ်ခြင်းမှလည်းလျော့ကျစေပါတယ်။

ပေါင်းစပ်အသားအရည်ပိုင်ဆိုင် ထားကြောင့် သိနိုင်သောအချက်
အလွယ်ဆုံးသိနိုင်တာကတော့ မျက်နှာသစ်ပြီးမိနစ် 20 ခန့် ကြာတဲ့အခါမှာ နဖူးပြင်/ နှာခေါင်း/နဲ့မေးစေ့တစ်ဝိုက်မှာအဆီပြန်လာပြီး ကျန်ရှိနေတဲ့ ပါးပြင်နေရာတွေကခြောက်သွေ့နေတာကိုတွေ့ရပါလိမ့်မယ်။
နောက်တစ်ချက်က ချွေးပေါက်ကျယ်တွေရှိနေနိုင်ပြီး ဆားဝက်ခြံတွေလည်းဖြစ်ပွားနိုင်ပါတယ်။ ညဘက်မှာနိုက်ခရင်မ် မသုံးပဲ မနက် မိုးလင်းရဂင် မျက်နှာမှာအဆီပြန်နေတာကိုတွေ့ရတတ်ပါတယ်။ ဒီအချက်တွေကို ကြည့်ပြီးမိမိဟာပေါင်းစပ် အသားအရေပိုင်ရှင်ဟုတ်မဟုတ်
သိရှိနိုင်ပါလိမ့်မယ်။
ပေါင်းစပ်အသားအရေပိုင်ရှင်များသတိထားသင့်သည့်အချက်များ
ပေါင်းစပ်အသားအရေပိုင်ရှင်များဟာမိတ်ကပ်ရွေးချယ်တဲ့နေရာမှာပုံမှန်အသားအရေပိုင်ရှင်များထက်ပိုပြီး
သတိထားရွေးချယ်သင့်ပါတယ်။ ပေါင်းစပ်အသားအရေပိုင်ရှင်များအတွက် သီးသန့်ထုတ်လုပ်ထားတဲ့
Product တွေကိုသုံးစွဲသင့်ပါတယ်။ ဘယ်လို Skin Care ကိုရွေးချယ်ပါစေ
သင့်အနေနဲ့သိထားသင့်တာတစ်ခုကအရေပြားအပေါ်ဆုံးလွှာကို ဆဲလ်အသစ်တွေရောက်ရှိဖို့က ရက်သတ္တပတ်သုံးပတ်ခန့်ကြာပါတယ်။ဒါကြောင့်စိတ်ရှည်ရှည် သုံးစွဲပေးဖို့လိုပါတယ်။အာဟာရကို
မျှ တ မှန်ကန်စွာစားဖို့လည်းလိုအပ်ပါတယ်။
အသားအရေဟာ ဟော်မုန်းအပြောင်းအလဲ / စိတ်ဖိစီးမှုနဲ့ ပတ်ဝန်းကျင်ရာသီဥတုအပြောင်းအလဲပေါ်မူတည်ပြီး
ပြောင်းလဲနိုင်တာမို့ ကျန်းမာလှပတဲ့အသားအရေ ဖြစ်အောင်သတိပြုနေထိုင်သင့်ပါတယ်။
အဆီပြန်တတ်တဲ့ ပေါင်းစပ် အသားအရေပိုင်ရှင်များအတွက်ကာကွယ်နည်း
ဝါဂွမ်းစလေးမှာရှောက်၇ည် အနည်းငယ်စွတ်ပြီး အဆီပြန်တဲ့နေရာကိုဖြည်းညင်းစွာ တို့သုတ်ပေးပါ။
ရှောက်ရည်က အဆီနဲ့အညစ်အကြေးတွေကို သန့်စင်စေပါတယ်။ ပိုပြီးသန့်စင်စေချင်ရင်တော့
ရှောက်ရည်ကို ဂျုံအနည်းငယ်နဲံ ရော နှောပြီးသုံးပေးနိုင်ပါတယ်။ သုံးတဲ့နေရာမှာ အဆီပြန်တဲ့နေရာကိုပဲ လိမ်းပေးပြီး 10 မိနစ် ကနေ 15 မိနစ်ခန့်ထားပေးပါ။ ဒါမှ အကျိုးထိရောက်ပါလိမ့်မယ်။
ပြီးရင်ရေအေးအေးနဲ့ဆေးကြောပေးရပါမယ်။
ပုံမှန်နေ့စဉ်တစ်လတိတိပြုလုပ်ပေးရင်အဆီပြန်ခြင်းမှကင်းဝေးနိုင်ကြောင်း
ဖော်ပြပေးလိုက်ကပါတယ်။

Thursday, August 23, 2012
ပေးဆပ်သူနှလုံးသား
အ၇ိပ်လိုလို့အပင်အောက်ဝင်ခဲ့တာမှမဟုတ်တာ
အခတ်လတ်တွေစောင့်ေ၇ှာက်ဖို့လာခဲ့တာပါ
အလှကြည့်ချင်လို့ပန်းပျိုးခဲ့တာမှမဟုတ်တာ
လောကကိုအလှဆင်ဖို့ေ၇လောင်းပေါင်းသင်ခဲ့တာပါ
အတ္တဆန်တဲ့၇င်ခွင်ကြားမှာချွေးသိပ်ဖို့လာခဲ့တာမှမဟုတ်တာ
မေတ္တာစီခြယ်တဲ့ဘိမ္မာန်တခုတည်ဆောက်ဖို့လာခဲ့တာပါ
အ၇ာ၇ာအတွက်ပေးဆပ်ဖို့အဆင်သင့်ဖြစ်နေသူမို့
ဖွင့်လှစ်ထားတဲ့၇င်ခွင်တံခါးတခုမှာ နင်မပျော်တော့၇င်ထွက်သွားလိုက်ပါ
ချို့တဲ့တဲ့၇င်ခွင်တစ်ခုအတွက်
လွင့်ပြယ်တက်တဲ့ချစ်ခြင်းတ၇ားဆိုတာ
ကမ္ဘာဦးအစကတည်းကတည်ထားခဲ့တာဆို၇င်
အေးစက်စက်လက်တစ်ဆုံအတွက် အလွမ်း၇င့်၇င့်တွေဆုပ်ကိုင်ပြီး
နင်၇ွက်လွှင့်၇ာသယ်ဆောင်ပေးမယ့်သူပါ
ဆုံမှတ်မဲ့တဲ့မျဉ်းပြိုင်နှစ်ကြောင်းကြားမှာ
အတိတ်ခြေ၇ာဆိုတာတခဏအတွက်ဆို၇င်
စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့လိုက်ပါ
မျှတခြင်းမ၇ှိတဲ့ဂုဏ်ဒြပ်က လောက၇ဲ့နိယာမတစ်ခုပဲဆို၇င်
နာကျင်မူ့တွေဝေဆာလို့ ပေးဆပ်သူ၇င်ကမ္ဘာထဲမှာ
စီးဆင်းနေတဲ့နှလုံးသွေးမြစ်တစ်စင်း နေဆယ်စင်းလိုပူပြင်းပါစေ
နင်ပျော်၇ွှင်နေမယ်ဆို၇င်
ငါ့၇င်ကိုအစိမ်းလိုက်ခွဲလို့
နင်းလျောက်သွားမယ့်နင့်လမ်းခ၇ီးမှာ တံတားတစ်စင်းဖြစ်တည်ထား၇င်းနဲ့
ကျေနပ်စွာပေးဆပ်နေမယ်သူပါ.........
သူတော်...........

Wednesday, August 22, 2012
ပန်းချီရေးးတဲ့လက်
အသိမ်မွေ့ဆုံးးးအာရုံတိမ်းညွတ်မှုများ
မှော်သား လျှပ်စီးထ သွေးခုန်နှုန်း အရောင်နဲ့....
..အရုပ်နဲ့ထပ်တူပြုလိုက်ပါတယ်။
ဘုရားသခင်စေစားရာ ငါ့ဝိဥာဉ် ပျော်ပါးးဆော့ကစားရာ
ဂန္တ၀င် ဂီတ သဘာဝဖတ်ညွှန်း အရောင် မှိန်မှိန်
နေ့ရက်တွေရဲ့ ခမ်းနားတောက်ပမှု
ငါဟာအညှီလား?....
ငါ့အနုပညာဟာအညှီလား?...
ဆေးသားးပျစ်ပျစ် ပေါ်ယင်တွေ တ၀ီဝီအုံခဲ
စိတ်က...ပန်းချီရေးတဲ့လက်
ငွေအတွက် မတုန်ခါစတမ်းပေါ့ လက်တွေ့မှာ
မိသားစုတစ်ခုလုံးစုတ်တံပေါ်ပြုတ်ကျနေခဲ့...။ ။

အထွေထွေဗဟုသုတ
ဒူးရင်းသီးနံ့ပျောက်စေဖို့
ဒူး ရင်းသီးကိုရေခဲသေတ္တာထဲ ထည့်ထားမိတယ်ဆို၇င် ဒူးရင်းသီးအနံ့ကစဲါနေတတ်ပါတယ်။
အနံ့ပျောက်ချင်တယ်ဆိုရင် ပေါင်မုန့်တစ်ချပ်ကိုလှီးပြှးေ၇ခဲသေတ္တာထဲထည့်ထားပေးပါ။
ပေါင်မုန့်က ရေခဲသေတ္တာထဲကအနံတွေကိုစုပ်ယူပြီးအနံ့အသက်တွေကိုကာကွယ်စေပါတယ်။
ဒါလေးကတော့အိမ်ရှင်မများအတွက်နည်းလမ်းကောင်းလေးတစ်ခုပါ။
အကျိုးဖြစ်စေတဲ့ခ၇မ်းချဉ်သီး
ခရမ်းချဉ်သီးရဲ့အခွံတွေမှာ တစ်ခြားအသီးအနှံတွေနဲ့မတူပဲ ဗီတာမင် C ပါဝင်မှုရာနှုန်းပြည့်မြင့်မားပါတယ်။
ဒါကြောင့်ခ၇မ်းချဉ်သီးဖျော်ရည်သောက်တဲ့အခါဖြစ်စေ စားသုံးတဲ့အခါဖြစ်စေ အခွံကို ခွာမပစ်ပဲစားပါ။.
ဗီတာမင် C ဟာ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပြိး အနာကျက်နှုန်းကိုလည်းမြန်စေပါတယ်။
အသားအရေအတွက်လည်း လှပစေတဲ့ အကျိုးကိုဖြစ်စေပါတယ်။
သုံးပြီးသားရှောက်သီးတွေမလေစေဖို့
တစ်ခါတစ်လေမှာ ရှောက်သီးနည်းနည်းလိုချင်တာနဲ့ ရှောက်သီးကိုလှီးမိပြီး မသုံးမိတဲ့အခါ
ရှောက်သီးကပုပ်ပြီးလွှတ်ပစ်ရတဲ့အခါမျိုးရှိတတ်ပါတယ်။ ဒီလိုမျိုးမဖြစ်ရလေအောင်နည်းလမ်းလေးတစ်ခုရေးပေးလိုက်ကပါတယ်။
ရှောက်ရည်လိုချင်တဲ့အခါမျိုးမှာ သွားကြားထိုးတံလေးနဲ့ ရှောက်သီးကိုဖောက်ပါ။
လိုသလောက်အရည်ညှစ်ယူပြီးတဲ့အခါ ဖောက်ထားတဲ့အပေါက်ကို သွားကြားထိုးတံလေး နဲ့ ပြန်ပိတ်ထားပါ။
ရေခဲသေတ္တာထဲသိမ်းထားပြီးနောက်လိုအပ်တဲ့အခါပြန်သုံးနိုင်ပါတယ်။အကယ်လို့ မိမိအိမ်မှာက
ရေခဲသေတ္တာမရှိခဲ့ဘူးဆိုရင် တော့ ရေဇလုံေးကိုအောက်ကခံ ပြီးရင်ရေဇလုံပေါ်မှာ ပန်းကန်လေးတစ်ချပ်တင်ပြီး ထိုပန်းကန်ပေါ်မှာ ရှောက်သီးကိုတင်ပြီးသိမ်းထားနိုင်ပါတယ်အပေါ်ကအ၀တ်ပါးလေးအုပ်ထားရင်
အကောင်းဆုံးပါပဲ။
အဆီပိုကျစေပြီးအဟာ၇ဓါတ်ပြည့်ဝစေဖို့ရာ
ကုလားပဲကိုနေ့စဉ်မှန်မှန် 12 ပတ်ခန့်စားမယ်ဆိုရင် အဆီပိုတွေကို 5 ရာခိုင်နှုန်းအထိကျစေပါတယ်။
ကုလားပဲစားပြီးရင် ဗိုက်ပြည့်နေတတ်ပြီး ဆာလောင်ခြာင်းမဖြစ်စေတဲ့အတွက် သရေစာခဏခဏ
စားခြင်းကိုလျော့ကျစေတဲ့အတွက် အ၀လွန်ခြင်းကိုမဖြစ်စေပါဘူး။
ပဲမှာသတ္တုဓါတ်ကြွယ်ဝစွာ ပါဝင်တာမို့ အဆီပိုမရှိပဲကျစ်လျစ်စွာလှချင်သူများအတွက် အကောင်းဆုံးအစာတစ်ခုပါပဲလို့တိုက်တွန်းပါရစေ။

Friday, August 17, 2012
ချစ်နေဆဲပါ
နေ
့တိုင်းအသက်ရှင်ရဦးမယ်ဆိုတာ သတိရစရာမလိုပါဘူး
ဒါပေမယ့် ငါနင့်ကို သတိရတိုင်းမှာ အသက်ရှုဖို့ ကိုသတိမရဘူး
အဲဒါနေ့ တိုင်းပဲ
"" ပိုးဟပ်ဖြူ အတွက် အကောင်းဆုံး ဟာသ ""
ပိုးဟပ်ဖြူ ရေ ...
ငါဟာ ရယ်စရာ သိပ်ပြောတတ်တာပေါ့ဒါပေမယ့် ငါဟာ ရယ်စရာ ကောင်းတဲ့လူတစ်ယောက်တော့ မဟုတ်ဘူးနော်
ငါ့ အချစ်ကို မင်းဟားတိုက်ပစ်လိုက်မှာ
ပျက်ရယ် ပြုလိုက်မှာ
ပျက်လုံးတစ်ခုလိုသဘောထား....ပေါ့ပေါ့တန်တန် ရယ်မောပစ်လိုက်မှာလား
စိုးရိမ်တတ်တာရယ် နောက်တစ်ခုငါလုပ်တတ်တာ
မင်းကို သိပ်ချစ်တတ်တာရယ်
အဲဒါတွေကလွဲရင်
ဘာမှ ငါ့မှာမရှိတော့တာ
ဘာကိုမှ ငါ ရှာမတွေ့တော့တာ
နေဦး......
ဒါက မင်းအတွက် သိပ်ရယ်စရာ ကောင်းဦးမှာမဟုတ်သေးဘူး ။
တစ်ခါတလေပေါ့ မာရီယာ
မင်း လှည့်ကြည့်သင့်တယ်ကွယ်
ငါဟာ ဒီမှာ ဒူးထောက်တောင်းပန်နေတယ် ဆိုတာပေါ့
ပြီးတော့
မင်း လိုချင်တဲ့ အရာတွေကို အရယူပေးဖို့ ကြိုးစားနေဆဲဆိုတာ
မင်း လမ်းဆက်လျှောက်နိုင်ဖို့ ငါ့ရဲ့ကျောကို ခင်းပေးထားတယ်ဆိုတာ
မင်း ပျော်ရွှင်နိုင်ဖို့ ငါအရမ်းကြီး စိတ်ညစ်ခဲ့ရတယ်ဆိုတာ
ဘာကို ဘာကိုမှ မင်းတကယ်မသိဘူးဆိုတာ
ဆိုတာ ဆိုတာ ဆိုတာတွေ....
ဘယ်အရာမှာမှ မအောင်မြင်ခဲ့တဲ့လူတစ်ယောက်ကို
တိုက်စရာ ရေတစ်ခွက်တောင် မင်းမှာမရှိတော့တာ
............................................................
..........................................................
ဒီ ဟာသ ကို ငါ ဘယ်တော့မှ မမေ့ဘူး
ငါ ဘယ်တော့မှ မရယ်ဘူး ။
ငါဟာ ရယ်မောရန်အတွက် အမြဲတမ်း နာကျင်နေတတ်တဲ့သူ။
နာကျင်ရင်းနဲ့ အမြဲရယ်မောနေတဲ့သူပေါ့။
ငါပြောမယ် ကမ္ဘာကြီး ရေ
မာရီယာ ကလွဲရင် ဘယ်အရာနဲ့မှ ငါ့ကိုလာဘ်ထိုးဖို့ မကြိုးစားပါနဲ့
ငါပြောမယ် မာရီယာ…ကမ္ဘာကြီးဆီမှာ ငါအလိုချင်ဆုံးက မင်းတစ်ယောက်ကိုပဲ။

ငါဒီလောက်တုံးအတာ
ငါ့ကိုဂရုမစိုက်ဘဲ နင်နေရက်ခဲ့သလား?
ငါဒီလောက်တုံးအတာ
ငါ့ကို လူအ,မလေး၊ လူတုံးမလေးလို့ နင်ခေါ်ပြီး
ငါ့ကိုဂရုမစိုက်ဘဲ နင်ထားရက်ခဲ့သလား?
ငါ့ကိုဂရုမစိုက်ဘဲ နင်နေရက်ခဲ့သလား?
ငါဒီလောက်တုံးအတာ
ငါ့ကို လူအ,မလေး၊ လူတုံးမလေးလို့ နင်ခေါ်ပြီး
ငါ့ကိုဂရုမစိုက်ဘဲ နင်ထားရက်ခဲ့သလား?
ငါဒီလောက်တုံးအတာ
နားထောင်ကောင်းတဲ့ စကားတွေမပြောတတ်လို့
နင့်ကိုစိတ်ဆိုးစေခဲ့ပြီ
နင်စိတ်ဆိုးတိုင်း ငါမှားတယ်.. ငါမှားပါတယ်လို့ပဲ ငါပြောတတ်ခဲ့တာ။
ငါဒီလောက်တုံးအတာ
နင့်ကိုသိပ်ချစ်ကြောင်း ငါမဖွဲ့နွဲ့ပြတတ်လို့
နင့်ကိုချစ်တယ်.. နင့်ကိုလွမ်းတယ်လို့ပဲ ငါအမြဲပြောနေခဲ့တာ။
ငါဒီလောက်တုံးအတာ
အေးရင် အနွေးထည် မထပ်တတ်
ဆာရင် အဆာခံတတ်တဲ့ငါ့ကို
နင်ဂရုမစိုက်ဘဲ ထားရက်ခဲ့သလား?
ငါဒီလောက်တုံးအတာ
ချွဲချွဲနွဲ့နွဲ့စကားတွေလည်း မဆိုတတ်ဘူး
ရိုမန်တစ်ဆန်ဆန်လည်း မနေတတ်ဘူး
နင့်ကိုဖက်ပြီး တစ်မိနစ်တောင်မခွာ ရှိနေချင်ခဲ့တာ။
ငါဒီလောက်တုံးအတာ
ကံကောင်းလို့ နင်နဲ့တွေ့ဆုံခဲ့ပေမယ့်
အဝေးကို နင်ထွက်မသွားဖို့ မတားနိုင်လောက်အောင်ကို ငါတုံးအခဲ့တာ
ငါဒီလောက်တုံးအတာ
ဒါပေမယ့် နင့်ကိုအရမ်းချစ်ခဲ့တယ်
ငါ့ကို ဘာဖြစ်လို့ နင်စွန့်လွှတ်ခဲ့ရက်သလဲ?
ငါဒီလောက်တုံးအတာ
တုံးတုံးအအနဲ့ နင့်ကိုချစ်နေဆဲပါ
တုံးတုံးအအနဲ့ နင့်ကိုလွမ်းနေဆဲပါ
တုံးတုံးအအနဲ့ ဒီစာကိုရေးနေဆဲပါ
တုံးတုံးအအနဲ့ ဒီလိုစာကိုဖတ်နေဆဲပါ
ငတုံး, ငအဆိုပြီး နင်လှောင်ရယ်နေမလား?
ငါ တုံးအတာ မှားသွားသလား?
.
ဓါတ်ပုံလေးတွေပြင်ကြမယ်
ဒီတစ်ခါမှာတော့ စာပေနန်းတော် စာဖတ်ပရိတ်သတ်များအတွက်နည်းပညာလေးတစ်ခုဝေမျှလိုက်ရပါတယ်။
ဒါလေးကတော့မိမိတို့ဓါတ်ပုံလေးတွေကိုမိမိတို့စိတ်ကြိုက်အလှပြင်နိုင်မယ့်
Magic Photo editor website လေးတစ်ခုကိုပြောပြချင်ပါတယ်။
ဒီဝက်ဆိုက်မှာဆိုရင် ဓါတ်ပုံလေးတွေကိုမိမိတို့အလိုရှိသလိုပြုပြင်ပြောင်းလဲနိုင်ပြီးနောက်ခံ background ကိုလည်းစိတ်ကြိုက်ပြုပြင်နိုင်မှာဖြစ်ပါတယ်။
ဆိုဒ်လိပ်စာလေးကတော့Website: http://www.picget.net
Email: picget@gmail.com
Download
and try the latest version Magic Photo Editor from our website:
��
Download more beautiful
background pictures for Magic Photo
Editor from our website
��
��
Purchase Magic Photo Editor online from our
website
��
��
Get more information about Magic Photo Editor at our
website
��
ကြက်ဥတစ်လုံးရဲံ့အရေးပါပုံ
အိမ်ရှင်မတွေမီးဖိုချောင်မှာအသုံးပြုတဲ့ကြက်ဥကလည်းအလှအပမှာ အသုံးဝင်တဲ့
အရာတစ်ခုပါပဲ။ကြက်ဥကစားလို့ရှိရင်လည်းအာဟာရဓါတ်နဲ့လည်းပြည့်ဝသလို အလှအအတွက်လည်းအေ၇းပါတဲ့
အရာတစ်ခုပါပဲ။ ကြက်ဥကိုအလှအပအတွက်အသုံးပြုနည်းတွေကတော့
ကြက်ဥတစ်လုံးကို ဖောက်ပြီး ပန်းကန်လုံးထဲမှာ နှံ့အောင်ခလောက်ပြီးမွှေ ပြီး ဘာမှမထည့်ပဲ
ဒီတိုင်း မျက်နှာပြင်ပေါ်မှာ ဒိတိုင်းပွတ်လိမ်း ပေးနိုင်ပါတယ်။ လိမ်းတဲ့နေရာမှာ လည်း မျက်နှာပြင်မှာ သနပ်ခါးလိမ်းသလို
လိမ်းပေးရပါမယ်။ကြက်ဥကိုတစ်ကြိမ်တည်းနဲ့ အကုန်လိမ်းရမှာမဟုတ်ပဲနဲ့ တစ်ဝက်စီခွဲလုပ်ရမှာဖြစ်ပါတယ်။
အဲ့လိုလိမ်းပြီးခြောက်အောင်ထားရပါမယ်။ ခြောက်ပြီဆိုတာနဲ့ရေခပ်နွေးနွေးလေးနဲ့အ၀တ်နဲ့မျက်နှာကို ဆေးကြောပြစ်ပြီး
နောက်တစ်ကြိမ်ထပ်လုပ်ပါ။ မျက်နှာမှာရှိတဲ့ကြေးညှော်တွေကို သန့်ရှင်းစင်ကြယ်ရုံသာမက မျက်နှာ အသားအရည်လျော့တိလျော့တွဲ
ဖြစ်တာမျိုးကိုလည်းကာကွယ်ပေးပြိးအသားအရည်ကိုတင်းတင်းလေးဖြစ်နေစေပြီးလှပစေပါတယ်။
ပြီးတော့အသားအရည်ကိုလှပပြီးဖြူချင်တဲ့လူတွေအတွက်ကျတော့ ကိုပေါင်းတင်မယ့်ကြက်ဥထဲမှာ ဂျုံမှုန့်အနည်းငယ်ရယ်သစ်သီး
တစ်ခုခုကညှစ်ယူထားတဲ့အရည်ကိုပါရောခေါက်ပြီးမျက်နှာကိုတစ်ပတ်မှာ သုံးကြိမ် ပုံမှန်လုပ်ပေးခြင်းဖြင့်နူးညံ့ဖြူစင်တဲ့
လှတစ်မျက်နှာကိုပိုင်ဆိုင်ကြမှာပါ။

ချိုင်းမည်းခြင်း
ချိုင်းနေရာဟာ ခန္ခာကိုယ်ပေါ်က အထိအတွေ
့နူးညံပြီး အထိမခံတဲ့နေရာနုလေးတစ်ခုဖြစ်ပါတယ်။ ချိုင်းမည်းရတဲ့
အကြောင်းရင်းတွေထဲမှာ စိတ်မကောင်းရတဲ့ အကြောင်းရင်း တစ်ခုကတော့
မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်တဲ့ အချက်ပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရသလည်း
ဆိုတာလဲ သိပ္ပံ ပညာအရ မရှင်းပြနိုင်သေးပါဘူး။ နောက်ထပ် အကြောင်းရင်း
တစ်ခုကတော့ ချိုင်းမွှေးရိတ်ခြင်းကြောင့် ချိုင်းမည်းရတာပါ။ ဒီ
အကြောင်းရင်းဟာ ပျိုမေတိုင်း မှားလေ့မှားထ ရှိတဲ့ အကြောင်းရင်း
တစ်ချက်ဖြစ်ပါတယ်။နောက်ဆုံး တစ်ချက်ကတော့ ကိုယ်နဲ့ ဓာတ်မတည့်တဲ့
ချိုင်းမွှေးလိမ်းတောင့်၊ စပရေးတို့ကြောင့် ချိုင်းမည်းရခြင်း ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင် ကာလမှာလည်း ချိုင်းမည်း ရတတ်ပါသေးတယ်။ဒီ အဖြစ်ဆန်းကိုလည်း
သိပ္ပံပညာ၊ ဆေးပညာ အရ မရှင်းပြနိုင်သေးပါဘူး။ ဘဇာဖြစ်နေဆဲ ပုစ္ဆာတစ်ပုဒ်ပဲ
ဖြစ်ပါတယ်။လူတိုင်း မဖြစ်ပေမယ့် လူတော်တော်များများ ဖြစ်လေ့ရှိပါတယ်။
ကိုယ်ဝန်ဆောင် ကာလမှာ မယ်လနင်ဓာတ်တွေ ခန္ခာကိုယ်က အထုတ်များတဲ့ အတွက်
ချိုင်းမည်းရတာပါလို့ တချို့က ဆိုပါတယ်။နောက်ဆုံး တစ် ချက်ကတော့ ခန္ခာကိုယ်
်ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလို့ ချိုင်းမည်းရတာ
ဖြစ်ပါတယ်။
ဖြေရှင်းနည်း
၁။ချိုင်းမည်းတာကို ဖြေရှင်းတဲ့ အခါမှာ
တစ်ချို့ အိမ်ရှင်မတွေက ထုံးရေကြည်လေးနဲ့ သုတ်လေ့ရှိပါတယ်။ ရေချိုးပြီးစ
အချိန်မှာ လိမ်းလေ့ ရှိပါတယ်။
၂။ဖြစ်နိုင်လျှင်
ချိုင်းမွှေးလိမ်းတောင့်တွေ မသုံးပါနဲ့။အနံ့အသက်ကို ရေချိုးပြီး
ဖြေရှင်းနိုင်ရင် ချိုင်းမွှေးလိမ်းတောင့်တွေ မသုံးစေချင်ပါ ဘူး။တချို့
ချိုင်းမွှေးလိမ်းတောင့်တွေမှာ အမွှေးအနံ့တို့ ပါရှိတတ်ပါတယ်။သုံးမယ်ဆို
မိမိအသားအရေနဲ့ ဓာတ်တည့်တဲ့ ဟာကိုပဲ သုံးပေးပါ။
၃။သံပရာသီးစိတ် အခွံနဲ့
ပွတ်ပေးပါ။ဒါပေမဲ့ တစ်ပတ်ကို တစ်ကြိမ်ပဲ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ရေချိုးပြီးခါစ အချိန်မှာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
၎။အလှကုန်တွေဖြစ်တဲ့ Whitening
Lotion,cream တွေကို သုံးပေးပါ။ဓာတ် မတည့်တဲ့ဟာကို ရှောင်ပြီး
သုံးပေးပါ။တစ်ချို့ အလှကုန် တွေနဲ့ ဓာတ်မတည့်တဲ့သူတစ်ချို့ရှိတတ်ပါတယ်။
ဓာတ်မတည့်တဲ့ဟာ သုံးမိရင် ချိုင်းမည်းတာ မဖြူဘဲ ပိုပြီး ဆိုးရွား
လာတတ်ပါတယ်။
၅။နောက်ပြီး အရမ်းကို ကျပ်ထုပ်တဲ့
အဝတ်အစားတွေ မဝတ်ပါနဲ့။ ချိုင်းနေရာကို လေဝင်လေထွက်ကောင်းတဲ့
အဝတ်အစားမျိုးတွေ ဝတ်ပေးသင့်ပါတယ်။ချိုင်းနေရာဟာလည်း ချွေးပေါက်တွေရှိတဲ့
အတွက် ဖြစ်ပါတယ်။အဝတ်အစားဟာ အရမ်း ကျပ်ထုပ်နေတဲ့အခါ အဝတ်အစားနဲ့
ချိုင်းအရေပြားတို့ဟာ ပွတ်တိုင်မှု များပြီး လေဝင်လေထွက် မရတဲ့အတွက် dead
cells တွေဖြစ်ကာ မည်းလာတတ်ပါတယ်။
၆။ဗီတာမင်အီး အဆီဟာလည်း ချိုင်းကို ဖြူစေပါတယ်။
၇။အုန်းဆီနဲ့လည်း ချိုင်းကို လိမ်းနိုင်ပါတယ်။အုန်းဆီဟာလည်း ချိုင်းမည်းတာ ပျောက်ကင်းစေနိုင်တယ်။
၈။အာလူးကို ကြိတ်ပြီး ထွက်လာတဲ့အရည်နဲ့လည်း ချိုင်းကို လိမ်းပေးပါ။ဒါပေမဲ့ တစ်ပတ် တစ်ကြိမ်လောက်ပဲ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ကာကွယ်နည်း
၁။ချိုင်းမွှေးရိတ်တာကို ရှောင်ကြဉ်ပါ။အလွန်အကျွံ မနှုတ်ပါနဲ့။
၂။ရေမှန်မှန် ချိုးပေးပါ။ရေဓာတ်လည်း မခြောက်ခမ်းပါစေနဲ့။ခန္ခာကိုယ်က လိုအပ်တဲ့ ရေဓာတ်ပမာဏပြည့်ဝနေပါစေ။
၃၊ခန္ခာကိုယ်နဲ့ ဓာတ်မတည့်တဲ့ အလှကုန် မှန်သမျှ မသုံးပါနဲ့။
၎။ရေချိုးတိုင်း ချိုင်းကို သေချာပွတ်သပ် သန့်စင်ပေးပါ။
ရှောင်ကြဉ်သင့်သည့်အချက်များ
၁။အဝတ်အစား ကျပ်ကျပ်ဝတ်ပြီး အားကစား လုပ်တာကို ရှောင်ကြဉ်ပါ။
၂။အလွန်အကျွံ ချိုင်းမွှေး လိမ်းတောင့်သုံးတာ ရှောင်ကြဉ်ပါ။အထူးသဖြင့် ချွေးထွက်များတဲ့သူတွေ ပိုပြီး သတိထားရမှာ ဖြစ်ပါတယ်။
မျက်နှာပေါင်းတင် ကြမလား
လိုအပ်တာတွေက -
-ပျားရည် ၂ ဇွန်း
-သံပရာရည် ၄ ဇွန်း ( ချက်ချင်းညှစ်ထားသော)
-ဒိန်ချဉ် ၃ ဇွန်း
-ကြက်ဥ အကာ ( ၁လုံး)
သေချာဆေးကြောပြီး အခြောက်ခံထားတဲ့ ခွက်ထဲမှာ ခုနက ပစ္စည်းအားလုံးကို ထည့် ၊ ပြီးရင် ပျစ်တဲ့ အထိ မွှေပါ ။
မျက်နှာကို အရင် facial form နှင့် သန့်စင်အောင် သစ်ပြီး ခြောက်တော့မှ လိမ်းလိုက်ပါ ။ ၁၅ မိနစ် ထားပြီး ရေနွေးနွေး ဖြင့် ညင်သာစွာ သန့်စင်လိုက်ပါ ။ ဆပ်ပြာနဲ့ ထပ်မသစ်ရတော့ပါဘူး ။
ပျားရည် မှာ ဘက်တီးရီးယား ပိုးမွှားတွေကို သေစေတဲ့ action ရှိပြီး
သံပရာ တော့ မှို တွေကို သေစေနိုင်တယ် ။ အသားဖြူစေတယ် ။ ၀က်ခြံ တွေကိုလဲ သက်သာစေတယ် ။
ဒိန်ချဉ်ကတော့ သိတဲ့အတိုင်း အသားအရေ လှပစေတယ် ။ ဖြူစေတယ် ။
ကြက်ဥထဲက protein ဟာ skin ကို အဟာရဓာတ်ပေးတယ် ။
ကိုယ်နဲ့ တည့်မတည့်တော့ အရင် စမ်းကြည့် ပြီးမှ လုပ်ကြည့်ကြပါနော် ။
လွယ်လွယ်ကူကူ လုပ်နိုင်တဲ့ နည်းလေးမို့လို့ ပြောပြလိုက်တာပါ ။
. မျက်နှာပေါင်းတင်ပြီးရင် နေပူထဲ မထွက်ပါနဲ့ ။ ဥပမာ စနေ ၊ တနင်္ဂနွေ နားမယ် ဆို သောကြာနေ့ ည ဘက်ကို လုပ်နိုင်ပါတယ် ။
အနည်းဆုံး cream တခုခုတော့ လိမ်းထားပေးပါ ။ ဘာမှမလိမ်းပဲ မနေပါနဲ့ ။
ဘာလို့လဲ ဆိုတော့ ပေါင်းတင် ပြီးရင် မျက်နှာက အရမ်းနူးညံ့သွားပါတယ် ။ အဲ့ဒီ အချိန်မှာ နေရောင်နဲ့ တွေ့ရင် တင်းတိပ် တို့နေလောင်ကွက် တို့ဖြစ်တတ်ပါတယ်

Wednesday, August 15, 2012
နူးညံ့ပျော့ပျောင်းသောဆံကေသာများပိုင်ဆိုင်စေဖို့ရာနည်းလမ်းကောင်း
- ယောကျားင်္တို့ဘုန်းလက်ရုံးမိန်းမတို့ဘုန်းဆံထုံးဆိုတဲ့အတိုင်းပေါ့ဒီနေ့တော့ဆံပင်အကြောင်းလေးပြောကြပါမယ်။
ထိန်းသိမ်းမလဲဆိုတာကအရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။
- ။ပထမဆုံးအချက်အနေနဲံပေါ့တစ်ချိုကဆံပင်ပါးပြီးပျော့တဲံအမျိုးအစားတချို့ကဆံပင်တော့သန်ပါရဲံ့ဆံပင်သားကကြမ်းတယ်လေအမျိုးမျိုးရှိကြတာပေါ့။
- လုပ်ကမယ့်နည်းလေးတွေကတော့
- တစ်ပတ်မှာခေါင်းကို သုံးကြိမ်လျော်ပေးနိုင်ရင်ကောင်းပါတယ်။
- ခေါင်းမလျော်ခင်တစ်ရက်အလိုပေါ့ညဘက်ကတည်းကအုန်းဆီလိမ်းပေးထားရပါတယ်။
- အုန်းဆီလိမ်းတဲ့နေရာမှာ အရမ်းကြီးရွှဲနေအောင်မလိမ်းပဲလက်ဖ၀ါးပေါ်အသာလေးနည်းနည်းစီထည့်ပြီးလိမ်းပေးပြီးဦးရေပြားကိုအသားလေးနှီပ်ပေးကပါတတယ်။
- ဒီလိုလုပ်ပေးခြင်းအားဖြင့်ခေါင်းမှာသွေးလည်ပတ်မှုကောင်းစေပြီးခေါင်းကိုကြည်လင်စေပြီးဆံပင်ကိုလည်းသန်စွမ်း
6.နောက်နည်းလေးတစ်ခုကတော့တချို့ကဆံပင်သန်အောင်ဆိုပြီးအုန်းဆီပုလင်းထဲမှာပေါ့နော်လက်ဖက်သားတွေကို
- စိမ်ထားပါတယ်။အဲံ့လက်ဖက်သားစိမ်ထားတဲံ့ဆီကိုလိမ်းပေးခြင်းအားဖြင့်ဆံပင်သားကိုနူးညံ့စေပြီးဆံပင်ကိုမည်းမှောင်တောက်ပြေင်စေပါတယ်။
ပြီးရင်ဆံပင်ကိုမိမိတို့သုံးနေကြခေါင်းလျော်ရည်တမျိုးမျိုးနဲ့သုံးပြီးပြန်လျော်လိုက်လို့ရှိရင်ဆံပင်ကနူးညံ့ပျော့ပျောင်းတဲံဆံ့င်ဖြစ်မှာ
ဧကန်ပါပဲရှင်။
ခြေထောက်လေးတွေချောမွေ့ဖြူစင်စေဖို့
ခုခေတ်မိန်းကလေးအတော်များများက ခေတ်ပေါ်အ၀တ်အစားတွေကိုဝတ်ကြပါတယ်။အဲံလိုဝတ်တဲ့
နေရာမှာတချို့ကစကတ်တိုတို့/ဘောင်းဘီတိုတို့ဝတ်ကြပါတယ်။အချို့ကတော့ဝတ်ချင်ပေမယ့်သူတို့ဒူးခေါင်းမည်းတာတို့ခြေသလုံး
မည်းတာတွေကိုလူမြင်မှာဆိုးလို့မ၀တ်ရဲကြတာမျိုးလည်းရှိပါတယ်။ဒီလိုအခက်အခဲဖြစ်နေတဲ့လူမျိုးတွေအတွက်မိုးကဒီဘလော့လေး
ကိုရေးခဲံပါတယ်။

- ဥိးဆုံးခြေထောက်ကို ရေမချိုးခင်ပေါ့ ခြေထောက်ကိုစင်ကြယ်အောင်ဆေးကြောပါ။
- ပြီးရင်ခြေထောက်ကိုဗီတာမင်အီးအမျိုးအစားပါတဲ့ခရင်တစ်ခုခုလိမ်းပေးပါ။
- အသားထဲစိမ့်အောင်လိမ်းခြ င်းအားဖြင့်ပိတ်နေတဲံချွေးပေါက်လေးတွေကပွင့်လားအကြောလေးတွေပွင့်အောင် 10မိနစ်လောက် နှိပ်ပေးကပါမယ်။ခရင်လိမ်းတဲ့နေရာမှာ ဒူးခေါင်းကနေစပြီးခြေသလုံးထိလိမ်းပေးကပါတယ်။
- ပြီးရင်ရေနွေးစိမ်ထားတဲ့အ၀တ်နဲ့ဒါးခေါင်းကနေစ ပါတ်တိုက်ပေးကပါမယ်။အဲံလိုလုပ်ခြင်းအားဖြင့်ချွေးပေါက်တွေကိုပွင့်စေပြီးဖြူစင်သန့်ရှင်းစေပါတယ်။
- အဲ့ဒီအဆင့်တွေလုပ်ပြီးတာနဲ့ချေးချွတ်ခရင်လိမ်းပေးကပါတယ်။ပြီးတာနဲံ့ေ၇နွေးဝတ်နဲ့ဆေးကြောပေးကပါမယ်။
- အဲ့ဒီအဆင့်တွေလုပ်နေတဲ့အချိန်ကြားမှာဖယောင်းခဲကိုအနည်းငယ်အရည်ကျိုပေးထားပါ။
- ပြီးရင်တော့အရည်အေးသွားရင် ခြေထောက်ကိုဒူးခေါင်းကစပြီးဖယောင်းရည်ပွတ်လိမ်းပေးပါ။
- ပြီးတာနဲ့ ခြေထောက်ကိုလေလုံအောင်ပလပ်စတစ်နဲ့ပတ်ပေးထားပါ။
- မိနစ်နှစ်ဆယ်လောက်ကြာရင်တော့ကပ်ထားတဲ့ပလပ်စတစ်ကိုအသာလေးခွာချပြီးခြေထောက်ကိုရေနွေးဝတ်လေးနဲ့သေချာလေးပွတ် တိုက်ပြီးဆေးကြောနိုင်ပါပြီ။
- နောက်ဆုံးအဆင့်အနေနဲံကတော့ခြေထောက်လေးကို lotion တစ်ခုခုလိမ်းပေးပါ နူးညံ့ချောမွေ့တဲ့ခြေထောက်တစ်စုံကိုရစေမှာအမှန် ပါပဲရှင်။
စားချင်စိတ်မပြင်းပြအောင်စားသောက်နည်း
- ၀တဲ့လူအများစုဟာအစားအသောက်စားချင်စိတ်ပြင်းပြသလိုတစ်ချို့ကျတော့
ပိုပြီးဝစေပါတယ်၊ဒီတော့အစားအသောက်အလွန်အကျွန်စားချင်စိတ်မဖြစ်အောင်နည်းလေးတွေ
ပေးလိုက်ပါတယ်၊
- စွပ်ပြုတ်ဟာအစားစားချိန်မှာအလွန်အကျွံမစားသောက်မိအောင်ကူညီပေးနိုင်ပါတယ်။
သင့်ရဲ့စားချင်စိတ်ကို 20 ရာခိုင်နှုန်းလျော့ကျပေးပါတယ်။အာဟာရလည်းပြည့်ပြီးဝိတ်မတက်အောင်ဘယ်လိုစွတ်ပြုတ်
မျိုးကိုစားရမလဲဆိုတာလည်းဆောင်ရန်နဲ့ရှောင်ရန်လေးတွေရှိပါတယ်။
- ဆောင်ရန်
-ခရမ်းချဉ်သီးစွတ်ပြုတ်နဲ့ကြက်စွတ်ပြုတ်ချင်းယှဉ်ရင်ကြက်သားကကယ်လိုရီဓါတ်ပိုများ
တာကြောင့်ဝတဲ့လူတွေအတွက်သိပ်မသင့်တော်ပါဘူး။အသီးအနှံ့ကအကောင်းဆုံးပါပဲ
-စွတ်ပြုတ်ကိုခွက်နဲ့စားတာကကောင်းပါတယ်၊ပန်းကန်လုံးကြီးတွေနဲ့စားတာကလည်း
မကောင်းပါဘူး။
-သင်စားချင်တဲ့စွတ်ပြုတ်ထဲမှာငရုတ်ကောင်း/ချင်း/ပိတ်ချင်းစတဲံဟင်းခတ်အမွေးအကြို်င်
တွထည့်စားပါ။
- ရှောင်ရန်
- -စားသောက်ဆိုင်တွေမှာခရင်မ်ပါတဲံ့စွတ်ပြုတ်ကိုမမှာမိပါစေနဲ့။ ခရင်မ်ကအရမ်းကို
- -အမဲသား(သို့မဟုတ်)ပဲတွေနဲ့ပြုလုပ်ထားတဲ့စွတ်ပြုတ်ဟာတစ်ခွက်တည်းမှာတင်
- -သင်စားတဲ့စွတ်ပြုတ်ထဲမှာခရက်ကာတွေ/ပေါင်မုန့်တွေထည့်မစားပါနဲံ့။သင့်ကို
- အဓိကကတော့အသီးအရွက်စားခြင်း/ရေသောက်ခြင်း/လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း
- လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာမိမိကထိုင်ထလုပ်တဲံ့လေ့ကျင့်ခန်းလုပ်တယ်ဆိုလည်း
မိမိကတခါလောက်လုပ်ပြီးလေ့ကျင့်ခန်းဆက်မလုပ်ရင်ပိုပြီးတော့ဝလာစေပါလိမ့်မယ်။
- လမ်းလျောက်ခြင်းကလည်းကျန်းမာရေးအတွက်အထူးသင့်လျော်ပါတယ်။ပ်ိဳေမမ်ားသြယ္လ်
ပေါင်နဲ့ခြေသလုံးမှာရှိတဲ့အဆီတွေကျစေဖို့
- မိန်းကလေးတစ်ချို့ ကစကတ်အတိုတွေဘောင်းဘီအတိုတွေတစ်ချိုံက၀တ်ဖို့
သူတို့မှာအခက်အခဲရှိပါတယ်။ အတိုလို့ပြောတဲ့နေရာမှာ အရမ်းတိုတက်နေတဲ့ အ၀တ်အစားမျိုးပြောတာမဟုတ်ပါဘူး။
မိမိတို့ခြေသလုံးပေါ်အောင်မ၀တ်ရဲကြတာမျိုးကိုပြောချင်တာပါ။
တချို့က ခြေသလုံးမှာအဆီပိုတွေဖြစ်ပြီး ခြေသလုံးတွေကတုတ်နေတတ်ပါတယ်။
- ဒီလိုဖြစ်တဲ့လူတွေအတွက် စိတ်မညစ်ရနေအောင်နေထိုင်နည်းလေးပေးလိုက်ပါတယ်။
တစ်နေ့ကိုထမင်း သုံးနပ် စားတာမှန်ပေမယ့် တစ်ပြိုင်တည်းစားလို့ကောင်းတယ်ဆိုပြီးထမင်းတစ်နပ်ကို
အ၀အပြဲ မစားပဲ ခွဲခွဲ့ပြီးစားသင့်ပါတယ်။တစ်ပြိုင်တည်းစားလို့ရှိရင် အဆီဖြစ်စေတဲ့ အစားအစာစားမိရင်
အစာချက်တဲံအချိန်မှာ အဆီတွေကအများဆုံး လက်မောင်း/ ဗိုက်/ ပေါင် /နဲ့ခြေသလုံးအသားတွေမှာစုနေတတ်ပါတယ်။
- ပြီးတော့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာ ကိုရှောင်ကြဉ်စားသောက်ပါ။မနက်စာစားတဲ့အခါမှာလည်း
အိပ်ယာနိုးနိုးချင်းစောနိုင်သမျှစောစားပြီး ညစာစားတဲ့အချိန်မှာတော့ အိပ်ယာမ၀င်ခင်စောနိုင်သမျှစောစားပေး
ရ့ပါမယ်။
- တင်နဲ့ပေါင် အဆီကျစေဖို့ လေ့ကျင်းခန်းလုပ်တဲ့နေရာမှာ ဘယ်လေ့ကျင့်ခန်းမဆို မိနစ် လေးဆယ်
လုပ်ပေးကပါမယ်။ စက်ဘီးစီးခြင်း၊ လမ်းကိုသွက်သွက်လျောက်ပေးခြင်း၊ ရေကူးခြင်း ၊ ရောဂ ကျင့်ခြင်း
အစ ရှိတဲ့လေ့ကျင့် ခန်းတွေကလည်း အဆီကို ကျစေပါတယ်။
- ရှောင်ကြဉ်ကမယ့်အရာတွေကတော့ ဆေးလိပ် ၊ အရက် သောက်ခြင်းကိုရှောင်ကြဉ်ပါ အဲ့တာတွေက
လူတွေရဲ့ ခန္ဓာကိုယ်ကို အဆိပ်အတောက်ြဖစ်အောင် လုပ်သလို အဆီကိုလည်းတိုးပွာစေပါတယ်။
ညဘက်ညဥ့်နက်ချိန်ထိ အိပ်မပျော်ခြင်းတို့ကိုလည်းအထူးဂရုစိုက်ကပါမယ်။ အဲ့လို အိပ်မပျော်ခြင်းက
အိပ်ချင်စိတ်ကိုပိုမိုတိုးမြှင့်စေပြီး ဘယ်လောက်အိပ်အိပ် အိပ်လို့မ၀သလိုဖြစ်ပြီးအဆီကို
ပိုမိုတိုပွားစေပါတယ်။
- ဒီလောက်ဆိုရင် လှပသွယ်လျတဲ့အဆီကင်းတဲ့ ခြေသလုံးတွေပိုင်ဆိုင်နိုင်ပါပြီ။
သံပုရာသီးရဲ့ကောင်းကျိုး
- သံပုရာသီးရဲ့ကောင်းကျိုးတွေဟာအများကြီးရှီပါတယ်။
တွေပြောပြပါ့မယ်။
- သွေးတိုးရောဂါရှိသူများအတွက်
သွေးတိုးရောဂါပုံမှန်ရှိသူများက မနက်မိုးလင်းတာနဲ့ သံပုရာရည် တစ်ခွက်ကိုပုံမှန်သောက်ပေးသင့်ပါတယ်။
အကယ်လို့မြန်း မိမိတို့က မတည့်တဲံ့အစားအစားမျိုး ဥပပမာ- သွေးတိုးစေတဲံ့အစားအစာမျိုးစားမိပါကသံပုရာရည်
ကိုသောက်ခြင်းအားဖြင့် သွေးတိုးနေခြင်းမှ ကာကွယ်နိုင်ပါတယ်။
- အသားအရည်အလှအပအတွက်
မျက်နှာမှာ အစက်အပျောက်ဖြစ်ရင် သံပုရာသီးကို ပါးပါးလေး စိတ်လှီးပြီးမျက်နှာပေါ်ကအမာရွတ်ပေါ်မှာ
15 မိနစ်ခန့်တင်ပေးထားခြင်းဖြင့် မျက်နှာပေါ်ကအစက်အပျောက်တွေကို လျော့နည်းလာစေပြီး
ပုံမှန်လုပ်ပေးမယ်ဆိုရင် ပျောက်ကင်းစေနိုင်ပါတယ်။
တစ်တောင်ဆစ် နဲ့ ဒူးဆစ်မှာရှိတဲ့ အညိုအမည်းစွဲခြင်းကိုလည်း နေ့စဉ် သံပုရာသီးနဲ့ပွတ်တိုက်ပေးမယ်ဆို
နူးညံ့ချောမွေ့ပြီး တဖြည်းဖြည်းအညိုအမဲစွဲခြင်းမှပျောက်ကင်းစေနိုင်ပါတယ်။
ခြေထောက်မှာ အမာရွတ်ဖြစ်တာတို့ အသားမာတို့ ဖြစ်နေခြင်းကိုလည်းပုံမှန်သံပုရာသီးနဲံပွတ်တိုက်ခြင်းအားဖြင့်
လည်းပျောက်ကင်းစေနိုင်ပါတယ်။ သံပုရာသီးကလည်း အလှအပနေရာကနေတစ်ကဏ္ဍ ပါဝင်နေပါတယ်။
မျက်နှာအသားအရည်ဖြူချင်သူများအတွက်
- မျက်နှာအသားအရည်ဖြူချင်သူများအနေဖြင့် ပထမဆုံးမိမိတို့မျက်နှာမှာမှာရှိတဲံ
မျက်နှာသစ်စေးဒါမှမဟုတ် မိမိတို့သုံးနေကြဆပ်ပြာနဲ့မျက်နှာကို သေသေချာချာသန့်စင်သင့်ပါတယ်။
မနက်ပိုင်းကတော့လူတိုင်းမျက်နှာသစ်တာနဲ့သေသေချာချာသန့်စင်ကြမှာပါ။ဒါပမေယ့်တော်တော်များများက
နေ့လည်ဘက်တွေမှာအလုပ်လုပ်တဲ့လူတွေများတော့ညဘက်မှပြန်လာတော့တော်တော်များများကမိမိမျက်နှာအသားအရည်ကိုဂရုမစိုက်တတ်ကြဘူးပေါ့။အမှန်တော့ ညဘက်ပြန်လာလည်းမျက်နှာကိုနေ့လည်ဘက်ကမိတ်ကပ်
တွေကိုအဓိကသေသေချာချာ ဖျက်ပြစ်ပြီးပြောင်အောင်ဆေးကြောရပါမယ်။
- မျက်နှာကိုသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်တဲ့အခါမှာမျက်နှာကို အ၀တ်နဲံဖွဖွလေး
ပန်းရောင်သွေးသမ်းစေပါတယ်။ပြီးရင်မျက်နှာကို နိုက်ခရင်ဖြစ်ဖြစ် မျက်နှာကိုလိမ်းတဲ့ခရင် တစ်ခုခုလိမ်းပေးပြီး
ညဘက်အိပ်ယာဝင်ပါ။လိမ်းတဲ့နေရာမှာလည်းအသားထဲကိုစိမ့်ဝင်အောင်လိမ်းပေးရပါမယ်။အဲ့လိုလိမ်းပေးခြင်းအား
ဖြင့်အသားအရည်ကိုတင်းတင်းရင်းရင်းဖြစ်စေပြီးခုလိုဆောင်းတွင်းအခါမှာလည်းအသားပတ်ခြင်းမှကာကွယ်ပေးနိုင်
ပါတယ်။အလုပ်လုပ်သူများအတွက်ကတော့ စနေ/တနင်္ဂနွေရက်တွေအလုပ်ပိတ်ရက်မျိုးတွေမှာ မိမိတို့အိမ်မှာ
မျက်နှာပေါ်င်းတင်နည်းကိုအသုံးပြုနိုင်ပါတယ်။ မျက်နှာကိုပေါင်းတင်တဲ့ဆေး O*lay အမှတ်တံဆပ် mask တွေကို
- အသုံးပြုပြီးလည်းပေါင်းတင်နိုင်ပါတယ်။ ကုန်တိုက်တွေမှာလည်းဝယ်လို့ရသလို Orange Supermarket မှာလည်းဝယ်လို့ရပါတယ်။ ဈေးလည်းမကြီးပဲ သာမန်လူတွေပါဝယ်သုံးနိုင်ပါတယ်။
- အဲ့တာနဲ့မျက်နှာကိုနာရီဝက်လောက်ပေါင်းတင်ပြီးတာနဲ့ မျက်နှာကို မျက်နှာလိမ်းခရင်တစ်ခုခုလိမ်းပေးပါ။
- အဲ့လို တစ်ပတ်မှာ သုံးရက်ပုံမှန်လုပ်ပေးပါကမိမိတို့ရဲ့မျက်နှာကဖြူစင်ဝင်းမွတ်လာစေပါတယ်။
- မျက်နှာပေါင်းတင်တဲ့နေရာမှာသုံးလို့ရတဲ့အရာတွေကတော့
သစ်သီးကိုအသုံးပြုပြီးပေါင်းတင်နိုင်ပါတယ်။ကောင်းကျိုးများအနေဲ့ကတော့ --
- ပန်းသီးက နဲ့သခွားသီးကတော့ အသားအရည် အစိုဓါတ်ကိုပြန်လည်ဖြည့်တင်းပေးပါတယ်။
- ထောပတ်သီးကတော့ အသားအရည်ခြောက်သွေ့ တဲ့လူတွေအတွက်အသင့်လျော်ဆုံးပါ။
- ဂျုံမှုန့်နဲ့ ကြက်ဥကတော့ အသားအရည်တင်းတင်းရင်းရင်းဖြစ်ချင်သူများအတွက်
တင်းတိပ်ကြောင့်စိတ်ညစ်နေလား
- တင်းတိပ်ဖြစ်ကခြင်း
အကြောင်းရင်းတွေကတော့ ပြင်းပြတဲံ့နေရောင်ခြည်အရှိန်ကိုထိတွေ့မှုကြောင့်လည်းတင်းတိပ်ထွက်ခြင်း၊
ဆေးဝါးတစ်ချိုံကြောင့်လည်းတင်းတိပ်ထွက်ပါတယ်။
2.....မျိုးရိုးဗီဇ ကြောင့်လည်းတင်းတိပ်ထွက်တတ်ပါတယ်။အများစုကတော့မျိုးရိုးဗီဇကြောင့်တင်းတိပ်ထွက်တာ
ပိုများပါတယ်။တင်းတိပ်ထွက် တာအများစုကလည်းမိန်းကလေးတွေပါ ယောက်ကျားလေးတင်းတိပ်ထွက်
တာမျိုးကအလွန့်အလွန်ရှားပါတယ်။ ပြီးတော့တင်းတိပ်ထွက်တတ်တဲ့အသက်အရွယ်ကလည်း
အပျိုဖော်ဝင်စအရွယ်မှာမဖြစ်ပဲနဲံ့ အသက် 20-40 နားမှာဖြစ်ပါတယ်။
3...တင်းတိပ် အဖြစ် များတဲ့နေရာတွေကတော့ နေရောင်ခြည်နဲ့ အမြဲထိတွေ့တ်တဲ့နေရာ
ပါး၊ မေးစေ့၊ နဖူး အစရှိတဲ့နေရာတွေမှာဖြစ်တတ်ကြပါတယ်။
4....တင်းတိတ်ကို ကုသတဲ့ နည်းလမ်းတွေအများကြီးရှိတယ်နော်။
- အရောင်ချွတ်ခြင်း ( Bleaching )
- ဓာတု ပစ္စည်းများနဲ့ အရေပြားအပေါ်ယံလွှာကို စားခြင်း ( Microdermabrarion )
- လေဆာဖြင့် ကုသဖြင်း
- အခြားဆေးဝါးများ
- အစွမ်းထက် antioxidant ဆေးဝါးများ သောက်သုံးခြင်းတို့နဲ့ ကုသနိုင်ပါတယ်။
- ပြီးတော့ အသားအရေကို သေချာဂရုစိုက်ပေး ရင်လည်း တင်းတိပ်တွေ
မဖြစ်မနေလုပ်ရမှာပါ။တစ်ခုပိုလာတာက Whitening Essence ပါ။ ဈေးကွက်ထဲမှာ တင်းတိပ်၊ မှဲ့ခြောက်၊ နေလောင်တာတွေအတွက် Whitening Essence တွေ အများကြီးရှိတယ်နော်။ ကိုယ်နဲ့
အဆင်ပြေတာလေးကို ရွေးသုံးပေါ့။ အဲဒီတော့ မျက်နှာသစ်ဆေးလေးနဲ့ မျက်နှာသစ်၊ တိုနာလေးလိမ်းပြီးရင်
Whitening Essence လေး လိမ်းပေးပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးရမှာနော်။ Whitening Essence
လိမ်းပြီးရင်လည်း Whitening Day Cream၊ Night Cream တွေ လိမ်းပေးရင် အကောင်းဆုံးပဲပေါ့။
ဒီလိုလေးသာ နေ့တိုင်း ဂရုတစိုက်လုပ်ပေးသွားမယ်ဆိုရင် တင်းတိပ်တွေလည်းပျောက်ပြီး
အသားအရေလေးကလည်း ပိုမိုနုပျိုလှပမှာပါအမှန်ပါ။
Tuesday, August 14, 2012
ခုခေတ်လူငယ်များသိစေဖို့ရာ
ခုခေတ်ကအိုင်တီခေတ်ကြီးဖြစ်သလိုဘယ်အရာမဆိုပညာရေးနဲ့ထိုးဖောက်ဖို့ခေတ်ကာလဖြစ်လာကြပါပြီ။
ဒါကြောင့် ပညာရေးကို မိဘတွေကဘက်ကလည်းအားပေးဖို့လိုလာသလိုသားသမီးတွေဘက်ကလည်းလိုလိုလားလားနဲ့သင်ယူဖို့
ခေတ်ဖြစ်လာပါပြီ။ပိုက်ဆံရှိ၇င်ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့စကားက 100% မမှန်ဘူးလို့ထင်မိပါတယ်။
ဘာလို့လဲဆိုတော့ ပိုက်ဆံရှိပေမယ့် ပညာမတတ်တော့အခက်အခဲဖြစ်တဲ့လူတွေအများကြီးမြင်ဘူးပါတယ်။
ဥပမာတစ်ခုပြောပြရရင် လူတစ်ယောက်ပါသူကပိုက်ဆံအရမ်းရှိတယ်လေ။တစ်နေ့သူကဖုန်းဝယ်တယ်
ဒါပေမယ့်သူကအင်္ဂလိပ်စာမဖတ်တတ်ဘူးလေအဲ့တော့သူ့မှာအခက်အခဲရှိတာပေါ့။ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာတောင်
ကိုယ်ကမလုပ်တ်မဖတ်တတ်တော့သူများအမြဲအားကိုးနေကတော့တစ်ချို့လူတွေကကဲ့ရဲ့တဲ့အခါတွေလည်းရျိတာပေါ့
ဒီလိုပြောပြတာကသူ့ကိုကဲ့ရဲ့ချင်လို့မဟုတ်ပါဘူးး။ပညာမတတ်ရင်ဘယ်လိုအခက်အခဲဖြစ်တယ်ဆိုတာလေးကိုသိစေချင်လို့ပြောပြ
ရခြင်းဖြစ်ပါတယ်။ ဒါကြောင့်ခုခေတ်မှာ မိမိတို့က တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးပြီးဆိုတာနဲ့မိမိတို့ဘ၀က လောကကြီးကိုရင်ဆိုင်
ဖို့အရွယ်စတင်ရောက်လာပါပြီ။ ဒါကြောင့်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးပြီဆိုတာနဲ့ ကွန်ပြူတာ / excel/photoshop/ DTP/...etc
ဒါကကွန်ပြူတာပိုင်းနဲ့ပတ်သတ်လို့ပါအများကြီးထဲကမှမိမိတို့အမှန်တကယ်စိတ်ဝင်စားရာအားသန်ရာတစ်ခုခုကိုပရော်ဖက်ရှင်နယ်ဖြစ်အောင်
လေ့လာသင့်ပါတယ်။ပိုက်ဆံတတ်နိုင်လို့အကုန်လုံးကိုတတ်ထားရင်တော့အကောင်းဆုံးပေါ့။မိမိတို့ကပိုက်ဆံမတတ်နိုင်လို့တစ်ခု
လောက်ကိုတတ်ရင်လည်းအမှန်တကယ်ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ဘယ်အရာကိုမဆိုမိမိလုပ်တဲ့အရာကို
ထိပ်ဆုံးကိုရောက်အောင်ကြိုးစားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားရင်ဘာမဆိုဘယ်အရာမဆိုအောင်ြမင်မှာအမှန်ပါ။
နောက်လေ့လာစရာတွေကတော့ LCCI စာရင်းကိုင်ပညာပါ'ဒါကလည်းတကယ်လုပ်ငန်းခွက်ဝင်မယ်ဆိုရင်မရှိမဖြစ်
တတ်ထားကမယ့် သင်တန်းတစ်ခုပါပဲ။နောက် ပြီးအင်္ဂလိပ်စာ 4skills / နောက် မိမိတို့ကထပ်လေ့လာချင်တယ်
ပညာတကယ်လိုချင်တယ်ဆိုရင်တော့တရုတ်ဘာသာစကား/ဂျပန်/ကိုရီးယားစသဖြင့်လေ့လာစရာတွေများပါတယ်။
အဲ့ထဲကမှအဓိကကျတဲ့ဘာသာစကားလေ့လာမယ်ဆိုရင်တော့အင်္ဂလိပ်နဲ့တရုတ်ကို လေ့လာစေချင်ပါတယ်။
အင်္ဂလိပ်စာကတော့နိုင်ငံတကာသုံးဘာသာစကားမို့မဖြစ်မနေတတ်ထားသင့်ပါတယ်။တရုတ်ဘာသာစကားကတော့ခုတရုတ်တွေရဲ့
စီးပွားရေးကအလွန်ကျယ့်ပြန့်လာတာနဲ့အမျှနောက်မြန်မာပြည်နဲ့တရုတ်ဆက်စပ်တဲ့ရုံးတွေဖွင့်ရင်စကားပြန်အမြော်ကအမြားလိုအပ်
လာနိုင်ပါတယ်။ဒါဆိုရင် မိမိတို့တတ်ထားတဲ့ဘာသာစကားကအသုံးဝင်လာနိုင်ပါတယ်။ဒါကြောင့် ခုခေတ်လူငယ်တွေကအချိန်ကို
တန်ဖိုးဖိုးရှိရှိအသုံးချဖို့အရေးကြီးပါတယ်။ ခုခေတ်ဆိုမိမိတို့သိချင်တဲ့အကြောင်းပညာတွေက်ုလည်းအင်တာနက်ကနေတစ်ဆင့်လေ့လာနိုင်တဲ့ခေတ်ကြီးမို့
ခုခေတ်လူငယ်တွေအတွက်များစွာအဆင်ပြေပါတယ်။ လူငယ်တွေ ပညာရေးတိုးတက်ကြပါစေ
Tuesday, August 7, 2012
မျက်နှာမှာ အစက်အပျောက်တွေဖြစ်နေသလား?
သူငယ်ချင်းတို့ရဲ့မျက်နှာမှာ အစက်အပျောက်ဖြစ်ရင် အရမ်းစိတ်ညစ် ရပါတယ်။
တစ်ချို့ဆို ရုပ်ကချောပေမယ့်မျက်နှာက အစက်အပျောက်တွေကြောင့်အလှပျက်လို့စိတ်ညစ်ကြရတာပေါ့။
ဒီလိုဖြစ်နေတဲ့သူငယ်ချင်းများအတွက် အစက်အပျောက်တွေအဝေးကို ထွက်သွားရစေမယ့်နည်းလမ်းလေးပေးလိုက်ပါတယ်။
ဦးဆုံးအနေနဲ့ မျက်နှာကိုအရင်သန့်စင်ပြစ်ကပါမယ်။မျက်နှာမှာရှိတဲ့ သနပ်ခါး/ မိတ်ကပ် တွေကိုအရင်ဆုံး ဖယ်ရှားပြစ်ကပါ့မယ်။
ပြီးရင်သံပုရာသီးကိုအစိတ်လေးတွေစိတ်ပြီး မျက်နှာမှာ အစက်အပျောက်ရှိတဲ့နေရာကိုကပ်ပေးထားကပါမယ်။
15 မိနစ်ပဲကပ်ကပါမယ်နော်။ ကြာရင်မကောင်းပါဘူး။သံပုရာသီးနဲ့လည်းမျက်နှာကိုကပ်ထားရုံသာကပ်ပြီး
သံပုရာသီးနဲ့မျက်နှာကိုတော့မပွတ်တိုက်မိပါစေနဲံ့။သံပုရာသီးက အသားအရည်ကိုချွေးပေါက်ကျယ်စေပါတယ်။
သံပုရာသီးကိုမျက်နှာမှာ 15 မိနစ်လောက်ကပ်ပြီး နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် မျက်နှာမှာရှိတဲ့ အစက်အပျောက်တွေကို
ပျောက်ကင်းစေပါလိ့်မယ်။
နောက်တစ်နည်းက ထိခိုက် လွယ်တဲ့ အသားအရည်ကျတော့ သံပုရာသီးရဲ့ ဒင်္ဏကိုမခံစားနိုင်ပါဘူး။
အဲ့လိုမျိုးဆိုရင်ရှားစောင်းလက်ပတ်ကအကောင်းဆုံးပါပဲ။ရှားစောင်းလက်ပတ်ကထွက်တဲ့ဂျယ်လီ လေးကိုမျက်နှာမှာ
ပုံမှန်လိမ်းပေးခြင်းအားဖြင့်အသားအရည်ခြောက်ခြင်းအတွက်ကောင်းသလို အစက်အပျောက်တွေအတွက်လည်းအထူးကောင်းမွန်ပါတယ်။
အချိုရည်သောက်ခြင်းကိုရှောင်ရှားသင့်ပြီးရေကိုများများသောက်ပေးပါ ။ယခုပြောတဲ့အချက်တွေကို အသုံးပြုခြင်းအားဖြင့်
မျက်နှာပေါ်မှာအစက်အပျောက်ဖြစ်ခြင်းတွေကိုပျောက်ကင်းစေပါတယ်။
အဆီပြန်တတ်တဲံ့အသားအရည်ပိုင်ရှင်များအတွက်
လူအမျိုးမျိုးအစားအစားရှီသလိုပဲအသားအရည်အမျိုးအစားကလည်းတစ်ယောက်နဲံတစ်ယောက်မတူတတ်ကြပါ
တစ်ချို့ကအသားခြောက်တယ်/တချို့ကျ
တော့လည်း အသား အရည်က အဆီပြန်
တတ်တယ်။နောက်တစ်ခုကပေါင်းစပ်အသားအရည်တစ်ချို့ကျတော့လည်းထိခိုင်လွယ်တဲံအသားအရည်ဆိုပြီး
အသားအရည်အမျိုးမျိုးရှိကြပါတယ်။
အဲ့လိုအဆီပြန်ခြင်းမှ ကာကွယ်
နိုင်ရန်နည်းလမ်းလေးပေးလိုက်ပါတယ်။အဆီပြန်တဲ့ အသားအရေ
ပိုင်ရှင်တွေရဲ့မျက်နှာဟာ ပြောင်ဝင်းနေတတ်ပါတယ်။ ချွေးပေါက်ကျယ်တွေ
ရှိတတ်ပြီး ၀က်ခြံ၊ အမဲစက်နဲ့ အမာရွတ်တွေလဲ ပိုပြီးဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် မျက်နှာကို အမြဲဂရုတစိုက်နဲ့ သန့်စင်ပေးရပါမယ်။
အဆီပြန်တဲ့သူများအနေနဲ့
ပြုလုပ်သင့်သည့်ကာလ--- တစ်ပတ်မှာနှစ်ကြိမ်အမြဲပြုလုပ်သင့်ပါတယ်။
ပြုလုပ်ပုံ ကြက်ဥတစ်လုံးရဲံအကာကိုယူပြီး ရှာလကာရည်ကိုလက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံနဲံ့
ရောပြီး မျက်နှာမှာ ဆယ်မိနစ်ကြာအောင် လိမ်းပေးကပါမယ်။
Monday, August 6, 2012
အသားအရည်အမျိုးမျိုးအတွက်မျက်နှာပေါင်းတင်နည်းးး
ဆောင်းတွင်း (သို့) အေးတဲ့နေရာတွေမှာနေရလို့ ကိုယ့်မျက်နှာလေးက ခြောက်သွေ့လာလို့ပဲဖြစ်ဖြစ် ….
နွေပူပူမှာ မျက်နှာအဆီပြန်လာလို့ပဲဖြစ်ဖြစ်….
ဝက်ခြံ မဲ့ခြောက် မပေါက်အောင် ကာကွယ်ချင်လို့ပဲဖြစ်ဖြစ်…
ကိုယ့်မျက်နှာလေးကို တစ်ပတ်တစ်ခါ သို့ တစ်လတစ်ခါ ဂရုစိုက်ပေါင်းတင်ချင်ကြမယ့် ပျိုပျိုမေတွေအတွက် ရော ကိုကို တို့ အတွက်ပါ အသုံးဝင်တဲ့ ပိုက်ဆံလည်းမကုန် ကိုယ့်မီးဖိုချောင်က ရှိပြီးသား ပစ္စည်းလေးတွေနဲ့ အလွယ်တကူ ပေါင်းတင်လို့ရတဲ့ နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။
၁) အဆီပြန်ခြင်းကို ကာကွယ်သည့် ကြက်ဥ အကာ ဖြင့် မျက်နှာပေါင်းတင်နည်း
ခြောက်သွေ့တဲ့ အသားအရေတွေအတွက် တော့ ဒီနည်းဟာ မသင့်တော်ပါဘူး ။ ပိုပြီး ခြောက်သွေ့လာနိုင်ပါတယ်။
ခြောက်သွေ့တဲ့အသားအရေအတွက် ပေါင်းတင်နည်းကို ဆက်လက်ဖော်ပြသွားပါမယ်။
၂) အသားအရေ ခြောက်ခြင်းကို ကာကွယ်သည့် ခရမ်းချဉ်သီး နှင့်သကြား ဖြင့် မျက်နှာ ပေါင်းတင်နည်း
ဆက်လက်ပြီး မည်သည့်အသားအရေမဆို သုံးလို့ရတဲ့ တိုနာ အစားထိုး မျက်နှာဆေးနည်း တစ်ခုဝေမျှချင်ပါသေးတယ်။
၃) ချွေးပေါက်ကျဉ်းစေတဲ့ ရေနွေးကြမ်း (သို့ )လက်ဖက်ရည်ကြမ်းရေခဲ နှင့် မျက်နှာပေါင်းတင်နည်း
ကိုယ့်အသားအရေ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ နည်းနဲ့ ၀က်ခြံ မဲ့ခြောက်ရန်က ကင်းအောင် ကိုယ့်မျက်နှာလေးကို အိမ်မှာ ဂရုစိုက်ပေါင်းတင်နိုင်ကြပါစေ။

- ကြက်ဥ အကာကို အနှစ်နဲ့ မရော အောင် သပ်သပ်ခွဲထုတ်ပြီး မျက်နှာပေါ် ကိုသုတ်လိမ်းပေးပါ။ မျက်စိထဲမ၀င်မိပါစေနဲ့။နာရီဝက်ကြာ ထားပြီး တင်းနေတဲ့ မျက်နှာကို ရေနှင့်စင်အောင် ပြန်ဆေးပါ။
- ကြက်ဥ အနံ့ပျောက်အောင် ကြိုက်နှစ်သက်ရာ မျက်နှာသစ်ဆေးရည် နဲ့ တစ်ထပ်ပြန်ဆေးနိုင်ပါတယ်။
ခြောက်သွေ့တဲ့ အသားအရေတွေအတွက် တော့ ဒီနည်းဟာ မသင့်တော်ပါဘူး ။ ပိုပြီး ခြောက်သွေ့လာနိုင်ပါတယ်။
ခြောက်သွေ့တဲ့အသားအရေအတွက် ပေါင်းတင်နည်းကို ဆက်လက်ဖော်ပြသွားပါမယ်။
၂) အသားအရေ ခြောက်ခြင်းကို ကာကွယ်သည့် ခရမ်းချဉ်သီး နှင့်သကြား ဖြင့် မျက်နှာ ပေါင်းတင်နည်း
- ခရမ်းချဉ်သီးအမည့်ကို ကန့်လန့်ဖြတ် ပုံစံ အကွင်းပြားလေး မထူမပါး လှီးဖြတ်ပါ။
- သကြားကို ပန်းကန်အပြန့်ပေါ် လက်ဖက်ရည်စွန်းတစ်စွန်း ခပ်ထည့်ပါ။
- ခရမ်းချဉ်သီးအပြား ကို သကြားနှင့်လူးပြီး မျက်နှာပေါ် အနှံ့ ခရမ်းချဉ်သီးအရည် အကုန်ကြေသည်အထိ သုတ်လိမ်းပါ။
- သုတ်လိမ်းပြီးပါက ၁၀ မိနစ်ခန့် ထားပြီး ဆေးကြောသန့်စင်နိုင်ပါပြီ။
ဆက်လက်ပြီး မည်သည့်အသားအရေမဆို သုံးလို့ရတဲ့ တိုနာ အစားထိုး မျက်နှာဆေးနည်း တစ်ခုဝေမျှချင်ပါသေးတယ်။
၃) ချွေးပေါက်ကျဉ်းစေတဲ့ ရေနွေးကြမ်း (သို့ )လက်ဖက်ရည်ကြမ်းရေခဲ နှင့် မျက်နှာပေါင်းတင်နည်း
- လက်ဖက်ခြောက် အထုပ် ဖြစ်ဖြစ် အမှုန့်ဖြင့်ဖြင့် တစ်ခွက်ကို ရေနွေးဖြင့်ဖျော်ပြီး လက်ဖက် အရောင်ကျပြီး နောက်တဲ့ အထိထားပါ
- လက်ဖက်ခြောက်ရည်ထဲကို ဗီတာမင် E အဆီလေးပါ ထည့်မွှေပေးပါ (ဒီအဆင့်က မထည့်လည်းရပါတယ်။ ထည့်ရင်တော့ ပိုကောင်းပါတယ်။)
- အရောင်ကျနေတဲ့ လက်ဖက်ရည်ကြမ်းကို မွှေပြီး ရေခဲတုံးပြုလုပ်တဲ့ ခွက်အကန့်လေးထဲသို့ လောင်းထည့်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ပြီး နောက်တစ်နေ့ ရေခဲတုံးဖြစ်တဲ့ အထိစောင့်ပါ။
- နောက်တစ်နေ့ ရေခဲသေတ္တာထဲကနေ လက်ဖက်ခြောက် ရေခဲတုံးလေးတွေကို တစ်နေ့တစ်တုံး ထုတ်ပြီး မျက်နှာသစ်ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပြီး တဲ့ မျက်နှာပေါ်မှာ နေရာအနှံ့ကို ပွတ်တိုက်နိုင်ပါပြီ။
ကိုယ့်အသားအရေ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ နည်းနဲ့ ၀က်ခြံ မဲ့ခြောက်ရန်က ကင်းအောင် ကိုယ့်မျက်နှာလေးကို အိမ်မှာ ဂရုစိုက်ပေါင်းတင်နိုင်ကြပါစေ။
အလှအပ အတွက်
လူတစ်ယောက်ရဲ့ မျက်နှာလေးတစ်ခုဟာလည်း သိပ်ကို အရေးကြီးပါတယ်။ လှလှ မလှလှ ပုံစံ
ကျကျ မကျကျ တစ်ခုချင်း အစိတ်အပိုင်း တွေက ကြည်လင်နေမယ်။ ရှင်းသန့် သပ်ရပ်နေရမယ်။ သွားလေးဆိုလည်း ဖွေးနေမယ်။ မျက်နှာ အသားအရေဟာလည်း ကြည်လင်နေမယ် စသဖြင့် အစိတ်အပိုင်းတိုင်းဟာ ရှင်းသန့် နေမယ်ဆိုရင် အများ အလယ်မှာ တင့်တယ် ပါလိမ့်မယ်။
သွားလေးတွေ ပုလဲစီသလို လှပအောင်
ပုလဲလေးတွေ စီသလို သွားလေးတွေ ဖွေးသန့် ဖို့  ဈေးကြီးတဲ့
သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့ ။ သံပုရာ ရည်တစ်ဇွန်း၊
ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့
သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်
မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့်
ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။
အသားမာတက်ပြီး အမဲစွဲနေရင်
ဒူး တံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို
့ကောင်းပါတယ် လို့  ညည်းနေမယ့်အစား ဒါလေး နဲ့  လုပ်ကြည့် လွယ်လွယ်လေးပါ။
သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီ
သံပုရာခြမ်းနဲ့ နေ့ စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲ
အသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။
မျက်ကွင်းညိုရင်
မျက်ဝန်းတ၀ိုက် ညိုပြီး အကြည့်ရဆိုးနေလို့  မိတ်ကပ်လိမ်းရင်လည်း
မျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့  စိတ်ညစ်နေ တဲ့သူတွေ အတွက်
မျက်ကွင်းညို မျက်အိတ်တွဲ တာတွေ ပျောက်ဖို့  ဈေးကြီးတာတွေ ၀ယ်မသုံးပါနဲ
့။ မီးဖိုထဲက အာလူး တစ်လုံးနဲ့ တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာ
အသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ့  ဆုပ်ပြီး အရည် ညှစ်ပြီးရင်
အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ ကြာ အောင်
ထားပါ။ အဲဒါကို နေ့ စဉ် (သို့ ) ရက်ခြား ဆိုသလို အုံပေးရင်
မျက်ကွင်းညိုခြင်း ကနေ ကင်းဝေး ပါလိမ့်မယ်။
ရင်းနေတဲ့ ၀က်ခြံများ ညှိုးသွားအောင်
ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။
လွယ်ပါတယ်။ ၀က်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့  တို့ ပေးပါ။
ဝက်ခြံ ညှိုးခြောက်ပြီး သူ့ အလို လို အဆံ ထွက်သွားပါလိမ့်မယ်။
အသားပတ်တဲ့ အခါ ခရမ်းချဉ်သီးကို သတိရပါ
ဒီကိစ္စကို ခရမ်းချဉ်သီးက လုံးဝ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကို
ထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ် ချည်း သီးသန့် နဲ့  မျက်နှာကို
ပွတ်တိုက် လိမ်းကျံ ပေးပါ။ ၁၀ မိနစ်လောက် နေရင် ရေနွေးနွေးနဲ့  ဆေးချပါ။
အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင် မျက်နှာ အသားအရေပါ ကြည်လင် ချောမွေ့ 
သွားလိမ့်မယ်။
နေလောင်ရင် နွားနို့ သုံး
နွားနို့ နဲ့  ရေချိုးပြီး အသားအရေကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာ
ရှိခဲ့ပါတယ်။ နွားနို့ နဲ့ ရေချိုးပါလို့ တော့ မတိုက်တွန်း ချင်ပါဘူး။
အကုန်အကျ များလို့  ချောက်တွန်းတယ် ထင် မှာ စိုးလို့ ပါ။ ဒါပေမဲ့
ပင်လယ်ကမ်းစပ် သွားလို့ ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ ပဲ အသားမဲမဲ
နွားနို့ ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကို စားပစ်ပါ။
မလိမ်း ပါနဲ့  နှမျောစရာကြီး) ပြီးမှ ဂွမ်းစလေးနဲ့  နေလောင်တဲ့ နေရာကို
ပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊
အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။

ဝက်ခြံပျောက်ချင်ရင်
လူပျိုရွယ်အပျိုရွယ်ဖြစ်တတ်တဲံ့အရာတစ်ခု ကတော့ ၀က်ခြံထွက်ခြင်းပါပဲ။
ဝက်ခြံ ထွက်လို့ စိတ်ညစ်နေရတဲ့ လူများအတွက် နည်းလမ်းလေး ပေးလိုက်ပါတယ်။ ၀က်ြခံထွက်သူများအနေနဲ့အဓိကကတော့
မိမိတို့ရဲ့မျက်နှာကို လက် နဲ့အမြဲတစ်စေ မကိုင်မိဖို့ပါပဲ။မျက်နှာ ဆိုတဲ့နေရာကအသန့်ကြိုက်တဲ့နေရာမို့ မိမိတို့လက်က အမြဲတမ်း
အဆီတွေထွက်လေ့ရှိတာမို့ ၀က်ခြံကို ပိုမိုပေါက်ဖွားစေပါလိမ့်မယ်လက်နဲ့တို့ထိပါများရင်ပေါ့နော်။
ဝက်ခြံထွက်သူများအနေနဲ့ဦးစွာ ဖရုံသီးစေ့အစိမ်းကို ၀က်ခြံထွက်တဲ့နေရာမှာပွတ်တိုက်ပေးကပါမယ်။
အဲ့လိုပုံမှန်လုပ်ပေးခြင်းအားဖြင့် မျက်နှာမှာလည်း အမာရွတ်မစွဲစေပဲ ၀က်ခြံကို ပျောက်ကင်းစေပါတယ်။
ပုံမှန်တော့လုပ်ပေးသင့်ပါတယ်။ နောက်တစ်နည်းကတော့ ဖရုံ စေ့ခြောက်ကို အမြဲစားပေးကပါမယ်။အမြဲတမ်းဖရုံစေ့ခြောက်ထုတ်လေးကို
စောင်ထားရင်အကောင်းဆုံးပါပဲ
ဝက်ခြံထွက်ခြင်းမှကင်းဝေးစေပါတယ်။ဝက်ခြံပေါက်ရတဲ့အကြောင်းတွေက ဟော်မုန်း မညီမျှမှု၊ စိတ်ဖိစီးမှု၊ ကြောက်စိတ်များမှု၊ အဆီများတဲ့
အစားအစာတွေစားမှု၊ စသဖြင့် မျိုးစုံပါပဲ။ ဆေးကုသခံမှ ပျောက်တတ်တဲ့ အရာမဟုတ် ပေမယ့်လည်း ဂရုတစိုက် မကုသရင် အမာရွတ်တွေ
ကျန်ခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အစားအသောက် စားတဲ့ ပုံစံမှားယွင်းလို့ ခန္ဓာကိုယ်က
အညစ်အကြေးအားလုံး မစွန့်ထုတ် နိုင်ချိန်မှာ သွေးကို အဆိပ်တက်စေပြီး ၀က်ခြံဖြစ်စေပါတယ်။ စားသောက်မှု ပုံစံမှန်ခြင်းဟာ လှပတဲ့
အသားအရေကို ရစေပါတယ်။ လတ်ဆတ်တဲ့ ဟင်းရွက်နဲ့ သစ်သီးတွေ စားသုံးမှု၊ သန့်ရှင်းတဲ့ရေကို အလုံအလောက် သောက်သုံးမှုတွေ
လုပ်ပေးရမှာ ဖြစ်သလို ၀က်ခြံလျော့နည်းစေဖို့ အားပေးတဲ့ ဆာလဖာဓာတ်ကြွယ်ဝတဲ့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတွေ စားပေးပါ။
နောက်ထပ်နည်းလမ်းလေးတွေကတော့
သခွားသီး /ခရမ်းချဉ်သီး/ အဲံ့တာတွေကို ပါးပါးလေးလှီးပြီးမျက်နှာပေါ်က ၀က်ခြံရှိတဲ့နေရာတွေမှာကပ်ပေးကပါမယ်။
ပုံမှန်လေး လုပ်ပေးရင်တော့မျက်နှာ မှာရှိတဲံ့ ဝက်ခြံတွေကိုသိသိသာသာလျော့နည်းလာစေပါတယ်။နောက်တစ်နည်းက
သွားတိုက်ဆေး ဂျယ်ကို ၀က်ခြံပေါ်မှာ ပွတ်ပြီးလိမ်းပေးပါ။ အမာရွတ်မကျန်စေပဲ ပျောက်ကင်းစေပါတယ်။
ဒီလောက်ဆိုရင် ၀က်ခြံ ထွက်တဲ့လူတွေအတွက် နည်းလမ်းလေးတွေပေးပြီးပြီမို့ ပျောက်ကင်းအောင် လုပ်နိုင်ပါပြီနော်။
Subscribe to:
Posts (Atom)